fbpx

This is digital planet.

GoogleTech News

Pikachu နဲ့ ဆုံရဖို့ မေလ ၁၀ ရက်အထိ စောင့်နေစရာမလိုတော့ပါဘူး။

Pokemon ရုပ်ရှင်ကားကြီးထွက်လာမယ့်အချိန်ကို စောင့်ရတာ ပင်ပန်းနေကြပြီဆိုတော့ Pokemon အလွမ်းပြေအနေနဲ့ Google က Detective Pikachu,Charizard, Jigglypuff နဲ့ Mr.Mime တို့ကို Pixel’s Playground mode ရဲ့ Playmojis တွေအဖြစ် ထုတ်လုပ်ပေးထားတယ်ဆိုတာလေးကို ပြောပြချင်တာပါ။

AR sticker လို့ခေါ်တဲ့ Google ရဲ့ တခြားသော Playmojis တွေတုန်းကလိုပဲ အဲ့ဒီအရုပ်လေးတွေကို ကိုယ်ရိုက်ချင်တဲ့ နေရာမှာ လျာထားပြီး ကိုယ်ကိုယ်တိုင်နဲ့ အတူ Pixel camera မှ တဆင့် ပါဝင်ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

အဆိုပါ pokemon လေးကောင်ကို သူတို့ရဲ့ screen ပေါ်က ရုပ်မျိုးနဲ့ တူညီအောင် ပြုလုပ်မှာဖြစ်တယ်လို့ Google က ကတိပေးထားပါတယ်။ Pixel ရဲ့ Playground mode မှာဆိုရင် လှုပ်ရှားမှုကို ခြေရာခံခြင်း၊ အလင်းရောင်တွက်ဆခြင်း နဲ့ တကယ့်လက်ရှိ ကမ္ဘာရဲ့ အခြေအနေကို နားလည်နိုင်ခြင်း စတဲ့ လက်တွေ့နဲ့ နီးစပ်တဲ့( Artificial Reality ) အနေအထားမျိုးအထိရရှိနိုင်မှာဖြစ်ပါတယ်။

Playground Mode ဟာ အရှေ့camera မှာပါ အသုံးပြုနိုင်မှာဖြစ်တာကြောင့် Pikachu နဲ့ အတူ selfie ပါ ဆွဲနိုင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် အသုံးပြုသူရဲ့ မျက်နှာ အမူအရာပေါ်မူတည်ပြီးတော့လည်း Pikachu က ပြန်လည် တုံ့ပြန်နိုင်ဦးမှာဖြစ်ပါတယ်။

အဆိုပါ  playmoji pack ဟာဆိုရင် Pixel phone တွေမှာ အပြင် အချို့သော Motorola နဲ့ LG ဖုန်းတွေမှာလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ဒီနည်းလမ်းတစ်ခုတည်းနဲ့ပဲ ရိုက်ကူးနိုင်မှာလားဆိုရင် နောက်တစ်နည်းလည်း ရှိပါသေးတယ်။ Pokemon Go မှာဆိုရင် Photo Mode ဆိုပြီး ပါဝင်လာပြီဖြစ်တဲ့ အပြင် အဲ့ဒီကနေလည်း Pokemon လေးတွေနဲ့ အတူ ဓာတ်ပုံရိုက်နိုင်ဦးမှာဖြစ်ပါတယ်။

Ref: engadget