fbpx

This is digital planet.

GoogleTech News

iPhone SE (2020) ထက် ပိုနည်းမယ့်ရောင်းစျေးနဲ့ AnTuTu Benchmark ပေါက်ကြားလာတဲ့ Pixel 4a

Pixel 4a ဆိုလို့ Pixel ဖုန်းတွေရဲ့ ကင်မရာပိုင်းမှာ အချက်ချာကျဆုံး ဦးဆောင်သူကြီး Marc Levoy ထွက်ခွာတော့မယ်လို့ သိထားရပေမယ့် ကုမ္ပဏီကတော့ ရှေ့ဆက်သွားနေဦးမှာပါပဲ။

တစ်လှေထဲစီး ၊ တစ်ခရီးထဲသွားနေတာ ဆိုပေမယ့် အချိန်တန်ရင် နှုတ်ဆက်ခွဲခွာရသလို အစားထိုး ဝင်လာမယ့်သူကလည်း အရံရှိနှင့်ပြီးသားနေမှာပါ။

ခုလို စိတ်မကောင်းစရာ နိဒါန်းနဲ့ အစပျိုးလိုက်ရပေမယ့် ခုလိုဖြစ်စဥ်မျိုးက ကုမ္ပဏီတစ်ခုတွက် သွေးရိုး၊ သားရိုးပါ။ Apple ကနေ Jony Ive ထွက်ခွာတုန်းက သတင်းထွက်ခဲ့ပေမယ့် ပန်းသီးက ပန်းသီးအတိုင်း နည်းပညာသစ်တွေနဲ့ ရှေ့ဆက်နေဆဲပါပဲ။

Pixel 4a Spotted running AnTuTu Benchmark running with Snapdragon 730

Image: XDA Developers

အခုလည်း Pixel 4a နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်လက်တွေ ပေါက်ကြားလာသလို သတင်းအနေနဲ့ မဖော်ပြလိုတာက ထုတ်လုပ်မယ့်ရက်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထားတယ်ဆိုတဲ့ အချက်ပါ။

Benchmark ရလာဒ်တွေနဲ့ ဂိမ်းစမ်းထားတဲ့ Leak ကို “TechnoLike Plus” YouTube Channel က တဆင့် ပေါက်ကြားလာတာပါ။

Pixel 4a မှာ Snapdragon 730 SoC ၊ 6GB RAM သုံးထားမယ်လို့ သိရတဲ့အတိုင်း AnTuTu မှာ ရမှတ်ပေါင်း 268,973 ရရှိထားပါတယ်။ ဒီပမာဏဟာ Galaxy Note10 Lite နဲ့ သွားတူသလို သုံးသပ်ချက်အရ Redmi Note8 Pro ထက် ပိုသာနေပါတယ်။

အလားတူ Geekbench 4.4 မှာ 2,544 (Single) နဲ့ 6,370 (Multi-thread) Score ရရှိထားလို့ Pixel ဖုန်းသစ်ဟာ ဒေါ်လာ 480 တန် Galaxy Note10 Lite ထက် ပိုကောင်းနေပြီး A71 ထက် မသိမသာ ပိုနည်းနေပါတယ်။

AnTuTu Benchmark Revealed

တတိယ အနေနဲ့ စမ်းသပ်တာ ဘက်ထရီဖြစ်ပြီး 3,080 mAh ပါဝင်တဲ့ Pixel 4a ဟာ ဗီဒီယို ကြည့်တဲ့အခါ ၇ နာရီနဲ့ ၂၁ မိနစ်အထိ အသုံးခံပြီး Screen-on Time ကို ၅ နာရီနဲ့ မိနစ် ၂၀ ရတယ်လို့ တိုင်းတာချက်တွေအရ သိရပါတယ်။

အခုလို Benchmark တွေ ပြီးသွားလို့ ဖော်ပြလိုတာ iPhone SE (2020) ရဲ့ ရောင်းစျေး $399 ထက် ပိုနည်းမယ်ဆိုတာပါ။ 9to5Google အဆိုရ $349 နဲ့ ရောင်းချသွားနိုင်ပြီး Base Storage ဟာလည်း iPhone SE ထက် ပိုများမယ်လို့ သိရပါတယ်။

ကောလာဟလအရ $349 တန်မှာ 128GB Storage ပါဝင်ပြီး $299 တန်မှာ 64GB Storage နဲ့ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ကနဦး အတည်ပြုချက်တွေအရ မေလ ၂၂ ရက်နေ့မှာ Pixel 4a ကို ကြေညာမှာ ဖြစ်ပေမယ့် ဇွန်လကုန်တဲ့အထိ ရွေ့ဆိုင်းထားလိုက်ပါပြီ။

Pixel 3XL and Pixel 3

Image: The Verge

အဆိုပါ စမတ်ဖုန်းဟာ Pixel 3a အောင်မြင်မှုနောက် ထွက်ရှိလာတဲ့ Mid-range Compact ဖုန်းဖြစ်သလို 4a မှာ 5.8” OLED Display ၊ 12.2MP Camera နဲ့ Snapdragon 730 Chipset ၊ 6GB RAM အသုံးပြုထားမယ်လို့ ပေါက်ကြားထားတာလည်း ဖြစ်ပါတယ်။

Source: GSMArena9to5Google via GSMArena