fbpx

This is digital planet.

PocophoneTech News

POCO ရဲ့ ဒုတိယမြောက်ဖုန်းက F2 မဟုတ်ပဲ POCO F1 Lite ဖြစ်လာမည်

ပြီးခဲ့တဲ့နှစ်က Xiaomi အနေနဲ့ POCO လို့ခေါ်တဲ့ Sub-brand တစ်ခုကိုမိတ်ဆက်ပေးခဲ့ပြီး POCO F1 လို့ခေါ်တဲ့ Flagship ဖုန်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်နီးပါးကြာပြီးနောက်မှာတော့ လူအများမျှော်လင့်နေတာကတော့ POCO F2 ဖြစ်ပါတယ်။ သို့သော်လည်း POCO F1 ရဲ့ မတူညီတဲ့ အခြား စွမ်းဆောင်ရည်ပိုမိုနိမ့်တဲ့ Lite Version စမတ်ဖုန်းတစ်လုံးရောက်ရှိလာဖွယ်ရှိတယ်လို့သိရပါတယ်။
POCO F1 Lite
အဆိုပါ စမတ်ဖုန်းရဲ့ နာမည်ကတော့ Xiaomi POCO F1 Lite ဖြစ်တယ်လို့ Geekbench မှာဖော်ပြခဲ့ပြီး Andriod 9 ကိုအသုံးပြုထားကာ SD 660 နဲ့အတူ RAM 4GB ပါဝင်မယ်လို့လည်းသိရှိရပါတယ်။ Geekbench မှာထွက်ပေါ်လာတဲ့ POCO F1 ရဲ့ Score တွေမှာတော့ Single-Core အနေနဲ့ 1341 Points နဲ့ Multi-core အနေနဲ့ 4830 Points အသီးသီးရရှိခဲ့ကြပါတယ်။ ဒီ Score တွေဟာ Snapdragon 660 သုံးထားတဲ့ Nokia 7 ထက်တောင်နိမ့်နေတာကိုမြင်တွေ့ခဲ့ရပြီး Snapdragon 636 သုံးထားတဲ့ Redmi Note 5 Pro နဲ့နီးစပ်မှုရှိပါတယ်။
Xiaomi Uranus
POCO F1 Lite ကိုပထမဆုံးဖော်ပြခဲ့တဲ့ Nashville Chatterass အနေနဲ့လည်း Xiaomi Uranus လို့ခေါ်တဲ့ ဖုန်းတစ်လုံးကိုလည်း Geekbench မှာယနေ့မနက်အစောပိုင်းလောက်က မြင်တွေ့ခဲ့ရတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ ခန့်မှန်းချက်အရ POCO F1 Lite နဲ့ Xiaomi Uranus တို့ဟာ တူညီတဲ့ဖုန်းတစ်လုံးဖြစ်နိုင်တယ်ဆိုတာကို Scores တွေ ပုံမှာပါဝင်တဲ့ Spec တွေအပေါ်မူတည်ပြီးသိရပါတယ်။ Xiaomi အနေနဲ့ POCO Sub-brand နဲ့ POCO F1 ကိုပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာမိတ်ဆက်ပေးခဲ့တဲ့အတွက် POCO F2 မျိုးဆက်သစ်ထွက်ရှိဖို့ကတော့ အနည်းငယ်စောနေသေးပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ POCO အတွက် ဒုတိယမြောက်ဖုန်းအနေနဲ့ Lite Version ကိုထုတ်တာမျိုးလည်းဖြစ်နိုင်ပြီး နောက်ထပ် Flagship POCO F2 အတွက်လည်း Lite Version ကိုထွက်ရှိဖို့အစီအစဉ်ရှိနေပုံရပါတယ်။