fbpx

This is digital planet.

PocophoneTech News

POCO F1 အတွက် Feature အသစ်တွေပါဝင်တဲ့ MIUI Update ထွက်ရှိလာ

မနေ့က Xiaomi ရဲ့ Sub-brand and model တစ်ခုဖြစ်တဲ့ POCOPHONE F1 အတွက် Update အသစ်တစ်ခုထွက်ပေါ်ရှိလာခဲ့ပါတယ်။ အဆိုပါ Update အသစ်ကတော့ Andriod 9 Pie အပေါ် အခြေခံထားတဲ့ MIUI 10.3.4 ဖြစ်ဖြစ်ပြီး Widevine L1 Support အပြင် 4K video recording at 60fps နဲ့ Game Turbo တို့လို့ feature တွေလည်းပါဝင်လာခဲ့ပါတယ်။

POCO F1 အတွက် MIUI 10.3.4 update အသစ်မှာပါဝင်တဲ့ Widevine L1 ဆိုတာကတော့ Netflix ကဲ့သို့ HD videos ကို Steam ပြုလုပ်လို့ရတဲ့ feature မျိူးဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ Game Turbo ဖြစ်ပြီး Huawei ဖုန်းတွေမှာပါဝင်တဲ့ GPU Turbo လို့မျိုးဖြစ်ပြီး Gaming စွမ်းဆောင်ရည်ပိုင်းကိုလည်း မြင့်တင်ပေးထားသလို့ Game ဆော့နေချိန်အတွင်းမှာလဲ အခြား စိတ်ရူပ်စရာကိစ္စရပ်တွေဖြစ်မလာအောင်တားဆီးပေးထားမှာဖြစ်ပါတယ်။

POCO F1 အတွက် အခု Update မှာတော့ 60fps 4K video shooting feature ကိုစတင်ထောက်ပံ့ပေးလိုက်ပြီး AI camera အတွက် mode အသစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါအပြင် Face unlock ကို ပါဝါအပိတ်အဖွင့်သာမက App တွေကိုပါ အသုံးပြုလို့ရတော့မှာဖြစ်ပါတယ်။ အခု Update ရဲ့ File Size ကတော့ 515 MB ရှိမှာဖြစ်ပြီး 2019 march security patch ပါဝင်လာမှာဖြစ်ပါတယ်။

Ref: GSMArena