fbpx

This is digital planet.

Tech News

Snapdragon 730G ၊ 120Hz Display ပါတဲ့ Poco X2 ကို ၂၂၅ ဒေါ်လာနဲ့ ကြေညာပြီ

Xiaomi ရဲ့ Spin-off Brand တစ်ခုဖြစ်တဲ့ Poco ကတော့ မထင်မှတ်ထားတဲ့ စျေး ၊ စွမ်းဆောင်ရည်နဲ့ Poco X2 ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တန်ဖိုးအသင့်ဆုံး High-end ဖုန်းလို့ ပြောနေသလို အိန္ဒိယစျေးကွက်တစ်ခုလုံးရဲ့ Game Changer ဖြစ်လာမလားဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ယုတ်တိ မတန်တာတွေ ၊ တန်တာတွေ ခဏဖယ်ထားလိုက်ပြီး Poco Brand ကို Xiaomi ကြေညာခဲ့တုန်းက Flagship Level စွမ်းဆောင်ရည်ပေးမယ့်ဖုန်းကို အတတ်နိုင်ဆုံး စျေးလျှော့ရောင်းဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

Poco X2

Image Credit: TechSpot

Pocophone F1 ထွက်တုန်းက Snapdragon 845 အသုံးပြုထားတဲ့ဖုန်းကို ဒေါ်လာ ၃၀၀ စျေးနဲ့ ရခဲ့ပါတယ်။ သို့သော်ငြားလည်း ၂၀၁၉ မှာ မော်ဒယ်အသစ်ထုတ်ဖို့ တိကျရေရာတဲ့ သတင်းထွက်မလာသလို ၂ နှစ်တာ ကာလဖြတ်သန်းပြီး Xiaomi ရဲ့ Independent ကုမ္ပဏီဖြစ်လာခဲ့တယ်လို့ ဇန္နဝါရီလ ၁၇ ရက်နေ့မှာ Xiaomi အိန္ဒိယ Brand ရဲ့ CEO “Manu Kumar Jan” က အတည်ပြု ပြောကြားခဲ့ပါတယ်။

Poco Brand အဖြစ် ခွဲထွက်လာချိန်မှာတော့ တန်ဖိုးအသင့် (စျေးအချိုဆုံး) Poco X2 ကို Poco India Twitter စာမျက်နှာမှာ ကြေညာခဲ့တာပါ။

Snapdragon 730G Processor ကို LiquidCool နည်းပညာနဲ့ အေးမြဖို့အတွက် စီမံထားတဲ့အတွက် X2 ဟာ Gaming Oriented စမတ်ဖုန်းလို့လည်း ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ 6.67″ ရှိတဲ့ မျက်နှာပြင်ကို 1080p Resolution နဲ့ ပုံဖော်ထားပြီး Refresh Rate က 120Hz ရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

အဲ့ဒါပြီးသွားတော့ 27W Speed နဲ့ အားသွင်းနိုင်မယ့် Fast Charging စနစ်လည်း ပါဝင်ပြီး Poco X2 မှာ 4,500 mAh Battery ကိုလည်း အသုံးပြုထားပါတယ်။ ဒီလောက်နဲ့တင် ဒေါ်လာ ၂၀၀ တန် ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့ဖို့ လုပ်ငန်းတစ်မျိုးထဲအတွက် ပြည့်စုံနေပါပြီ။

Poco ကတော့ Type-C Connector ၊ နားကြပ်ပေါက်နဲ့ Fingerprint Sensor ကို ပါဝါခလုတ်နဲ့ တွဲထည့်ပေးထားပြီး ကင်မရာအပိုင်းမှာလည်း ဝိတ်လျှော့ထားတာ မရှိဘူးလို့ ပြောနိုင်ပါတယ်။

Poco X2 မှာ 64MP Sony IMX686 Main Sensor အဖြစ် ပါဝင်မှာဖြစ်ပြီး 8MP Ultra-wide တစ်လုံး ၊ 2MP Macro တစ်လုံးနဲ့ 2MP Depth Sensor တစ်လုံး စုစုပေါင်း ကျောဘက်မှာ ကင်မရာ ၄ လုံး ပါဝင်မှာဖြစ်ပါတယ်။

Poco X2

Image Credit: Gadget Match

Selfie အတွက်ကိုတော့ 20MP နဲ့ 2MP ၂ လုံး Dual သုံးပေးထားပြီး ထွက်ပေါ်လာတဲ့ ပုံအတိုင်း Punch-hole Notch နဲ့ မြင်ရမယ်၊ ကျောဘက် ကင်မရာတွေကိုတော့ အလယ်တည့်တည့်မှာ ဒေါင်လိုက် အနေထားနဲ့ ထားရှိထားမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အခုလို စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးကို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချတာဟာ အိန္ဒိယမှာ စျေးကွက်ပိုင်ဆိုင်မှု (၂၂၅ ရာခိုင်နှုန်း) များလာတဲ့ realme ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ကျွန်တော် ဖော်ပြဖူးတဲ့ ဆောင်းပါးထဲမှာလို့ ဒုတိယအကြီးဆုံး စမတ်ဖုန်းစျေးကွက်ဖြစ်လာတဲ့ အိန္ဒိယကို Xiaomi စတင်ခဲ့တာဖြစ်တဲ့အတွက် Counterpart ဖုန်းတစ်လုံးကို ပိုသက်သာတဲ့ စျေးနဲ့ ထုတ်လိုက်တာလို့လည်း ပြောနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ Snapdragon 730G အသုံးပြုထားတဲ့ realme X2 နဲ့ Poco X2 ဖုန်းတွေဟာ OLED နဲ့ LCD ၊ 30W နဲ့ 27W ၊ Samsung Sensor နဲ့ Sony Sensor ကွာခြားမှုတော့ ရှိပါတယ်။ တန်ဖိုးအားဖြင့်လည်း ၁၅ ဒေါ်လာ ဝန်းကျင်သာ ကွာခြားမှာ ဖြစ်ပြီး 6GB RAM နဲ့ 128GB Storage ပါဝင်တဲ့ Poco X2 ကို ဒေါ်လာ ၂၂၅ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အိန္ဒိယစျေးကွက်တစ်မျိုးထဲအတွက် ကြေညာထားတာဖြစ်ပြီး ကျန်တဲ့ဒေသတွေမှာ ဝယ်ယူနိုင်မယ့် အချိန်နဲ့ တန်ဖိုးကို ပြောဆိုထားခြင်း မရှိသေးပါဘူး။

Source: The VergeTwitter India