This is digital planet.

PocophoneTech News

Pocophone F2 ကို 2020 မှာ မိတ်ဆက်လာနိုင်

Xiaomi ရဲ့ နောက်ထပ် Sub-Brand ဖုန်းဖြစ်တဲ့ Pocophone F1 ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အရမ်းတန်တဲ့ စျေးနှုန်းနဲ့ အရမ်း Hot ဖြစ်ခဲ့တဲ့ဖုန်းပါ။ ပထမမျိုးဆက်ဖြစ်တဲ့ Pocophone F1 ကို ၂၀၁၈ August လောက်က မိတ်ဆက်ပေးခဲ့ပါတယ်။ အခုဆို ၁ နှစ်ကျော်ကြာပြီးတဲ့နောက် ၂၀၂၀ မှာ Pocophone F2 ကို ပြန်တွေ့ရနိုင်ပါတယ်။

Redmi K20

Flagship-grade specs နဲ့ အရမ်းတန်သောစျေးနှုန်းနဲ့ ရောင်းချခဲ့တဲ့ Pocophone F1 က Media နဲ့ Fan တွေကြားမှာ အတော်လေးအပြောများခဲ့သလို အောင်မြင်မှုတွေရပြီးနော် India နိုင်ငံမှာလဲ Redmi K20 ကို Pocophone F2 အဖြစ်ယူလာမယ်လို့ ကောလဟာလ များလဲထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။

Image result for pocophone f2

ကျွန်တော်တို့အနေနဲ့ ဒီဖုန်းနဲ့ပက်သက်ပြီး အသေးစိတ်တွေမသိရသေးပေမဲ့ Pocophone ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲဖြစ်တဲ့ Alvin Tse က လာမည့်နှစ်မှာ ကျွန်တော်တို့ဆီက များစွာပိုကြားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါလိုပြောကြားချက်နဲ့ပက်သက်ပြီး 2020 မှာ Pocophone F2 လို့ခေါ်တဲ့ ဖုန်းမျိုးထွက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပါတယ်။

လာမည့်ရက်တွေမှာ Pocophone နဲ့ပက်သက်ပြီး ပိုပြည့်စုံတဲ့အချက်အလက်တွေကို ကြားနိုင်ဖို့ မျှော်လင့်ရပါတယ်။

Ref: GSMArena