fbpx

This is digital planet.

OPPOTech NewsXiaomi

Pop up တွေ Hole တွေ Notch တွေမပါသော ဖုန်းကို Xiaomi နဲ့ OPPO က ထုတ်ပြ

တနေ့ထက် တစ်နေ့ စမတ်ဖုန်းနည်းပညာတွေဟာ တိုးတက်လျက်ရှိနေပြီး လွန်ခဲ့တဲ့ ၃ ၄ နှစ်အတွင်းလောက်က စပြီး ကောင်းမွန်ပြီး ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို တစ်ခုပြီး တစ်ခု မြင်တွေ့လာရတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ဖုန်း ရဲ့ မျက်နာပြင်ကို အတက်နိုင်ဆုံး Screen-to-body ratio မြင့်အောင် အသီးသီး ဖန်တီးနေကြတာကို မြင်တွေ့နေရပြီးဖြစ်ပါတယ်။

Screen-to-body ratio မြင့်ဖို့ Curved Display တွေကို ဖန်တီးတယ် အတက်နိုင်ဆုံး Bezel တွေ Chin တွေ ပါးအောင်လုပ်တယ်၊ ရှိသမျှ ခလုတ်တွေအကုန် Display ထဲ ထည့်တယ် ၊ Notches ၊ Punch-hole display ၊ Pop-up Front-facing camera အစရှိတာတွေနဲ့ ဖြေရှင်းခဲ့ပါတယ်။ အခုအချိန်မှာတော့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအနေနဲ့ In-display camera ကို Display ရဲ့ အတွင်းထဲကို ထည့်ဖို့ ကြံစည်နေပြီး၊ ဒီနည်းပညာကို ထုတ်ဖော်ပြသလိုက်တာကတော့ တရုတ်စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Xiaomi နဲ့ OPPO တို့ဖြစ်ပါတယ်။

Image result for oppo find x

ပထမဆုံး OPPO အနေနဲ့ Twitter ကနေပြီး တဆင့် In-display camera ပါဝင်တဲ့ စမတ်ဖုန်း ရဲ့ Video Clip ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ OPPO ရဲ့ ဒီစမတ်ဖုန်းမှာတော့ Curved Display ကို သုံးထားပြီး In-display camera ကို မြင့်တွေ့ရမှာဖြစ်ပါတယ်။ တကယ် WOW ပါ။ OPPO ရဲ့ မိခင် ကုမ္ပဏီ BKK အနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း Pop-up front-facing camera ၊ In-display fingerprint စတဲ့ တီထွင်ဆန်းသစ်မှုတွေကိုလည်း အသီးသီးဖန်တီးပြခဲ့ပါတယ်။

ဒီ Video Clip ကိုတော့ OPPO ရဲ့ Vice President Brian Shen ကလည်း Weibo မှာ ပြန်လည်မျှဝေခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြပေးထားခြင်းမရှိသေးပါဘူး။ OPPO ရဲ့ နည်းပညာဟာ တကယ်မိုက်တဲ့ နည်းပညာလို့ ဆိုလို့ရပါတယ်၊ Notch ၊ teardrop မလိုဘူး အပေါက်မလိုဘူး ပွင့်ထွက်မြင့်တက်ဖို့ မလိုဘူး တွန်းတင်ရတဲ့ mechanism လည်းမလိုဘူး၊ edge-to-edge Curved diaplay လည်း အသုံးပြုလို့ရတယ် ဆိုတော့ နောက်ပိုင်းထွက်ရှိလာမဲ့ OPPO ဖုန်းတွေကတော့ ရင်ခုန်စရာ အပြည့်နဲ့ပါပဲ၊ ဒါအပြင် OPPO ရဲ့ ညီအကို Vivo မှာလည်း ဒီနည်းပညာကိုမြင်တွေ့ရဖို့ရှိနေပြီး လာမဲ့ မျိုးဆက်သစ် Apex series ဖုန်းတွေမှာ ပါဝင်လာဖို့ရှိနေပါတယ်။

Image result for xiaomi mix 4

နောက်ထပ် ဒီ In-display camera နည်းပညာကို ပြသခဲ့တာကတော့ P2P နဲ့ ကမ္ဘာစမတ်ဖုန်းတင်ပို့မှု အများဆုံး ကုမ္ပဏီ ၅ ခုမှာပါဝင်တဲ့ Xiaomi ပါပဲ။ Xiaomi အနေနဲ့ မနေ့က ဒီနည်းပညာကို မူပိုင်ခွင့် တင်လိုက်ပြီး ဒီနေ့မှာ ဒီ Video Clip ထွက်ရှိလာတာဖြစ်ပြီး waterdrop notch ပါဝင်တဲ့ Mi 9 နဲ့ နှိုင်းယှဉ်ဖော်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ Video ထဲမှာတော့ OPPO လို In-display camera ကို ဘယ်နားမှာ ထည့်သွင်းထားတယ်ဆိုတာကို မဖော်ပြထားပဲ ရှေ့ကင်မရာဖွင့်လိုက်တဲ့ အချိန်မှာ Xiaomi က ဝန်ထမ်းကောင်မလေး ချောချောလေးပဲမြင်တွေ့လိုက်ပြီး၊ မေးခွန်းထုတ်စရာရှိတာက ရှေ့ကင်မရာဖွင့်လိုက်တဲ့ အချိန်မှာ Display အတွင်းထဲက ကင်မရာကိုမြင်ရမှာလား ဘာလဲ ဆိုတာပါပဲ၊ အနီးကပ်ရှင်းရှင်းလင်းလင်းမြင်ရတာမျိုးတော့ မရှိသေးပါဘူး။ OPPO က ပြသသွားတဲ့ ကင်မရာကလည်း တရားဝင်ထုတ်ပြန်ပေးတဲ့ Video ဖြစ်တာကြောင့် In-display camera ထည့်သွင်းထားတဲ့နားကို သေချာရှင်းရှင်းလင်းလင်းမြင်ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနစ် နိုဝင်ဘာက ပြသသွားတဲ့ ဒီဇိုင်းမှာတော့ Screen ရဲ့အောက်မှာ Light Sensor ကိုထည့်သွင်းထားပြီး အဓိကကင်မရာကိုတော့ အောက်တဆင့် Secondary Display ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

နောက်လာမဲ့ မကြာခင် ကာလတစ်ခုမှာ In-display camera ဟာ Trend ဖြစ်လာဖို့ရှိနေပြီး လာမဲ့နှစ် ဒုတိယအပတ်လောက်မှာ ဈေးကွက်အတွင်း စတင်မြင်တွေ့ရဖို့ရှိနေပါတယ်။ OPPO နဲ့ Xiaomi အပြင် ဒီနည်းပညာကို Samsung အနေနဲ့ ပိုဆိုင်နေပြီးလို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပေးမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လျိုထားတုန်းပါပဲ။ ခန့်မှန်းချက်တွေအရ နောက်လာမဲ့ နှစ်အနည်းငယ်အတွင်းမှာ ထွက်ရှိလာမဲ့ဖုန်းတွေမှာတော့ 95% screen-to-body လောက်ကိုမြင်တွေ့ရဖို့လည်းရှိနေပါတယ်။ စမတ်ဖုန်းလောကမှာ ဆန်းသစ်တဲ့ တီထွင်မှုတွေကို တစ်ခုပြီးတစ်ခု လုပ်ပြနေတဲ့ တရုတ်တွေကတော့ အတော်ကိုကြမ်းနေပါပြီးနော်။ xD