fbpx

This is digital planet.

OPPOTech NewsXiaomi

Pop Up camera တွေပြီးရင် Under Screen Camera တွေ ခေတ်စားလာမှာလား

ရှေ့ အပတ်ကမှ တရုတ်နည်းပညာ Company ဖြစ်တဲ့ OPPO က ကမ္ဘာ့ပထမဆုံး Under-screen camera နည်းပညာကို ချပြခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ Xiaomi ကလည်း ထိုနည်းပညာကို ချပြခဲ့ပါတယ်။ ဒါဟာ သူတို့အနေနဲ့ နည်းပညာဘယ်လောက် ရှေ့ရောက်နေပြီဆိုတာကို ချပြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Notch တွေ Punch hole တွေ နောက်ဆုံး Pop up camera တွေကိုလည်းမကြိုက်ဘူး Full view ကိုလည်းလိုချင်တယ်ဆိုတဲ့ သူတွေအတွက်တော့ မျှော်လင့်ချက်တွေ ပုံပေါ်လာပြီဖြစ်ပါတယ် ။

ခုနောက်ပိုင်း ဖုန်းတွေဟာ Screen to body ratio များအောင် ကြိုးစားလာကြပါတယ်။ ဒီလို ကြိုးစားကြတဲ့နေရာမှာ Notch တွေ Punch hole တွေ Pop ups Flip ups စသည်ဖြင့် နည်းမျိုးစုံအောင်သုံးလာတာကို တွေ့ရမှာပါ။ iPhone X ထွက်ပြီးနောက်ပိုင်း ဖုန်းတွေတော်တော်များများမှာ notch တွေစပြီး ခေတ်စားလာပါတယ်။ Notch တွေရဲ့ဆိုးကျိုးကဘာလဲဆိုတော့ notification တွေအတွက်ကိုယ့်ဖုန်းရဲ့ UI က optimization ကောင်းကောင်းလုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဖုန်းရဲ့ UI က Optimize ကောင်းကောင်းမလုပ်နိုင်တဲ့အခါ Notification မှာ သွားပြသနာပေးသလို ဂိမ်းဆော့ရင်လည်း စိတ်ရှုပ်ရတတ်ပါတယ်။ ထိုနည်းတူစွာပဲ punch hole တွေမှာလည်း ဂိမ်းကစားတဲ့အခါ ကွယ်နေတာ အပြည့်ရမလိုလိုနဲ့ တခါလေ အားမရတာတွေ ဖြစ်ကြပါတယ်။ ဒါက Notch နဲ့ punch hole တွေကို ကြိုက်နှစ်သက်ရင် ကိစ္စမရှိပေမဲ့ မကြိုက်နှစ်သက်တဲ့သူတွေအတွက် ဖုန်းဝယ်ရာမှာ ရွှေးချယ်ရတဲ့ option တွေနည်းသွားစေပါတယ်။

Full view experience အပြည့်ရဖို့အတွက် Pop ups တွေ Flip-ups တွေကို အသုံးပြုတဲ့အခါမှာလည်း ပေးဆပ်မှုတွေက အတော်ကြီးပါတယ်။ Pop ups တွေဆိုရင်လည်း camera နဲ့ သူ့ရဲ့ motor စတာတွေကို ဖုန်းထဲမှာ မြုပ်ထားလိုက်ရတဲ့အတွက် အလေးချိန်ပိုတက်သွားစေတဲ့အပြင် ဖုန်းကလည်းပိုထူလာစေပါတယ်။ Flip-ups တွေမှာဆိုရင်လည်း selfie အတွက်တော့ ရွေးချယ်စရာကောင်းပေမဲ့ selfie ဆွဲနေတုံး ပြုတ်ကျရင် pop ups တွေထက် ပိုပျက်စီးဖို့လည်းလွယ်ပါတယ်။

 

Image result for oppo under screen camera

ခု Oppo ကချပြလိုက်တဲ့ Under screen camera ကတော့ Display အောက်မှာ camera မြုပ်ထားတာဖြစ်တဲ့အတွက် pop ups တို့ Flip-ups တို့အသုံးပြုတဲ့ဖုန်းတွေကဲ့သို့ နေရာအရမ်းမယူတဲ့အတွက် weight အရမ်းတက်သွားတာ ဖုန်းပိုထူသွားတာ ဖြစ်မှာမဟုတ်ပါဘူး။ Under screen camera ဖြစ်တဲ့အတွက် waterproof ဖြစ်အောင် လုပ်ဖို့လည်း ပိုလွယ်ကူသွားမှာပါ။ OPPO က ခု ပထမဆုံးချပြတဲ့ under screen camera ကနေ quality ကောင်းတဲ့ selfie ပုံတွေ မမျှော်လင့်ကြဖို့တော့ ပြောကြားထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လို့ တဖြည်းဖြည်း under screen camera တွေရဲ့ photo quality တွေပိုကောင်းလာမယ်လို့မျှော်လင့်ရပါတယ်။ နောက်ပိုင်းမှာ OPPO နဲ့ Xiaomi အပြင် တခြားနည်းပညာ company ကြီးတွေကနေလည်း Camera ကို screen အောက်မှာ မြုပ်ပြီး full view experience အပြည့်ရတဲ့ ဖုန်းတွေထွက်ပေါ်လာနိုင်ပါတယ်။ ဒီလိုနည်းပညာတိုးတက်မှုတွေကြောင့် မကြာခင်မှာပဲ Under-screen camera နဲ့ full view အစစ်ဖုန်းတွေအပြင် တခြား နည်းပညာတိုးတက်မှုများစွာကို smartphone တွေမှာ ထပ်မံမြင်တွေ့ရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena