fbpx

This is digital planet.

MeizuTech News

Pop-up camera Trend ေနာက္ကိုလိုက္ေတာ့မယ့္ Meizu

(Zawgyi)

တ႐ုတ္အေျခစိုက္စမတ္ဖုန္း ကုမၸဏီျဖစ္တဲ့ Meizu မွ လာမဲ့မၾကာခင္ရက္ပိုင္းအတြင္းမွာ Meizu 16s ကို တရုတ္ေစ်းကြက္မွာ စတင္မိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။ Meizu အေနနဲ႕ ဒီဖုန္းၿပီးေနာက္ ထြက္ရွိမယ့္ စမတ္ဖုန္းေတြကို Pop-up front-facing camera design နဲ႕ထုတ္လုပ္မယ္လို႕သိရပါတယ္။

Meizu အေနနဲ႕ အဆိုပါ Pop-up camera design ကို China Intellectual Property Office မွာ မူပိုင္ခြင့္တင္ထားၿပီး Pop-up mechanism အတြင္းထဲမွာ Front-facing camera ကိုထည့္သြင္းထားမွာျဖစ္ပါတယ္။ Meizu ရဲ႕ Pop-up camera ဒီဇိုင္းကိုေတာ့ Cover, Camera, Middle frame, Motor ပါ၀င္တဲ့ Mechanism ပံုစံတည္ေဆာက္ထားတာျဖစ္ပါတယ္။

Meizu pop-up camera design patent

Meizu ရဲ႕ ဒီဇိုင္းပံုစံဟာ အရမ္းအေကာင္းႀကီးမဟုတ္ေသးေပးမဲ့ ၾကည့္လိုေတာ့ အဆင္ေျပပါတယ္။ Meizu အေနနဲ႕အခုမွ Tread ေနာက္ကိုလိုက္လာတာျဖစ္ၿပီး Pop-up front-facing camera ကို ဖန္တီးေနတာျဖစ္ပါတယ္။

Pop-up camera က္ိုစတင္ဖန္တီးခဲ့တဲ့ ကုမၸဏီကေတာ့ Vivo ျဖစ္ၿပီး Vivo Apex မွာပထမဆံုးပါဝင္လာတာျဖစ္ပါတယ္။ အဲ့ေနာက္မွာေတာ့ Pop-up camera ကိုပဲသံုးထားတဲ့ Vivo NEX ကိုစတင္ေရာင္းခ်ခဲ့တာပဲျဖစ္ပါတယ္။

Image result for meizu pop up camera

လက္ရွိအခ်ိန္မွာ Pop-up camera design ကို အသံုးျပဳမ်ားေနတဲ့ ကုမၸဏီကေတာ့ OPPO နဲ႔ Vivo တို႔ျဖစ္ၿပီး အခုေနာက္ဆံုးထြက္ရွိထားတဲ့ OPPO F11 Pro နဲ႕ Vivo V15 Pro မွာလည္း Pop-up camera ပါဝင္ပါတယ္။ ဒါအျပင္ OnePlus ကလဲ OnePlus 7 Pro မွာ Pop-up camera ပါဝင္မယ္လို႕သတင္းေတြထြက္ေပၚလ်က္ရွိေနၿပီး Xiaomi အေနနဲ႕လည္း Redmi မွ ပထမဆံုး Pop-up camera ပါဝင္တဲ့ Flagship ကိုထြက္ရွိမယ္လို႕သိရပါတယ္။

သို႕ေသာ္လည္း ပံုမွာပါဝင္တဲ့ ဒီဇိုင္းဟာ အၿပီး ဒီဇိုင္းမ်ိဳးေတာ့မဟုတ္ေသးပဲ ပံုၾကမ္းအဆင့္ေလာက္သာရွိေနပါတယ္။ လက္ရွိမွာေတာ့ Meizu အေနနဲ႕ Meizu 16s ဆိုတဲ့ Flagship ဖုန္းတစ္လံုးကို လာမဲ့ ၂၃ ရက္ေန႕မွာ မိတ္ဆက္ေပးမယ္လို႕သိရၿပီး ဒီဖုန္းမွာေတာ့ ကင္မရာ ၃ လံုးပါဝင္မွာျဖစ္သလို႕ Primary sensor အေနနဲ႔ 48MP ရွိမယ္လို႕သိရၿပီး OIS နဲ႕ Anti-shaking တို႕ကိုလည္း Support လုပ္ေပးထားမယ္လို႕သိရပါတယ္။

(Unicode)

Pop-up camera Trend နောက်ကိုလိုက်တော့မယ့် Meizu

တရုတ်အခြေစိုက်စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Meizu မှ လာမဲ့မကြာခင်ရက်ပိုင်းအတွင်းမှာ Meizu 16s ကို တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Meizu အနေနဲ့ ဒီဖုန်းပြီးနောက် ထွက်ရှိမယ့် စမတ်ဖုန်းတွေကို Pop-up front-facing camera design နဲ့ထုတ်လုပ်မယ်လို့သိရပါတယ်။

Meizu အနေနဲ့ အဆိုပါ Pop-up camera design ကို China Intellectual Property Office မှာ မူပိုင်ခွင့်တင်ထားပြီး Pop-up mechanism အတွင်းထဲမှာ Front-facing camera ကိုထည့်သွင်းထားမှာဖြစ်ပါတယ်။ Meizu ရဲ့ Pop-up camera ဒီဇိုင်းကိုတော့ Cover, Camera, Middle frame, Motor ပါဝင်တဲ့ Mechanism ပုံစံတည်ဆောက်ထားတာဖြစ်ပါတယ်။

Meizu pop-up camera design patent

Meizu ရဲ့ ဒီဇိုင်းပုံစံဟာ အရမ်းအကောင်းကြီးမဟုတ်သေးပေးမဲ့ ကြည့်လိုတော့ အဆင်ပြေပါတယ်။ Meizu အနေနဲ့အခုမှ Tread နောက်ကိုလိုက်လာတာဖြစ်ပြီး Pop-up front-facing camera ကို ဖန်တီးနေတာဖြစ်ပါတယ်။

Pop-up camera ကိုစတင်ဖန်တီးခဲ့တဲ့ ကုမ္ပဏီကတော့ Vivo ဖြစ်ပြီး Vivo Apex မှာပထမဆုံးပါဝင်လာတာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ Pop-up camera ကိုပဲသုံးထားတဲ့ Vivo NEX ကိုစတင်ရောင်းချခဲ့တာပဲဖြစ်ပါတယ်။

Image result for meizu pop up camera

လက်ရှိအချိန်မှာ Pop-up camera design ကို အသုံးပြုများနေတဲ့ ကုမ္ပဏီကတော့ OPPO နဲ့ Vivo တို့ဖြစ်ပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ OPPO F11 Pro နဲ့ Vivo V15 Pro မှာလည်း Pop-up camera ပါဝင်ပါတယ်။ ဒါအပြင် OnePlus ကလဲ OnePlus 7 Pro မှာ Pop-up camera ပါဝင်မယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပြီး Xiaomi အနေနဲ့လည်း Redmi မှ ပထမဆုံး Pop-up camera ပါဝင်တဲ့ Flagship ကိုထွက်ရှိမယ်လို့သိရပါတယ်။

သို့သော်လည်း ပုံမှာပါဝင်တဲ့ ဒီဇိုင်းဟာ အပြီး ဒီဇိုင်းမျိုးတော့မဟုတ်သေးပဲ ပုံကြမ်းအဆင့်လောက်သာရှိနေပါတယ်။ လက်ရှိမှာတော့ Meizu အနေနဲ့ Meizu 16s ဆိုတဲ့ Flagship ဖုန်းတစ်လုံးကို လာမဲ့ ၂၃ ရက်နေ့မှာ မိတ်ဆက်ပေးမယ်လို့သိရပြီး ဒီဖုန်းမှာတော့ ကင်မရာ ၃ လုံးပါဝင်မှာဖြစ်သလို့ Primary sensor အနေနဲ့ 48MP ရှိမယ်လို့သိရပြီး OIS နဲ့ Anti-shaking တို့ကိုလည်း Support လုပ်ပေးထားမယ်လို့သိရပါတယ်။

Ref: Gizmochina