fbpx

This is digital planet.

Tech NewsVivo

Pop-up Front Camera နဲ႕ Notch-less Display ပါဝင္တဲ့ Vivo V15 Series ကို Feb 20 မွာမိတ္ဆက္ေပးမည္

Zawgyi

Vivo India မွ Feb.20 မွာျပဳလုပ္မဲ့စမတ္ဖုန္းအသစ္မိတ္ဆက္ပြဲအတြက္ဖိတ္ၾကားလႊာေတြက္ို Media ေတြရွိကိုေပးပို႕ခဲ့ပါတယ္။ အရင္က သတင္းေတြအရ Vivo အေနနဲ႕ Vivo V15 Pro ကို February လကုန္ေလာက္မွာမိတ္ဆက္မယ္လို႕သိရပါတယ္။ဒါေၾကာင့္ Vivo အေနနဲ႕ Feb 20 မိတ္ဆက္ပြဲမွာ Vivo V15 series ျဖစ္တဲ့ Vivo V15 နဲ႕ Vivo V15 Pro တို႕ကို အိႏၵိယမွာ ပြဲထုတ္လိုက္လာမွာျဖစ္ပါတယ္။

Vivo India အေနနဲ႕ Snapdragon 845 နဲ႔ Pop-up selfie camera ပါဝင္တဲ့ Vivo NEX flagship ဖုန္းကိုရပ္ဆိုင္းထားပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ မၾကာခင္မွာ မိတ္ဆက္လာမဲ့ ပိုမိုတန္းဖိုးနည္းပါးတဲ့ pop-up selfie camera နဲ႔ပြဲထြက္လာမဲ့ Vivo V15 series ေၾကာင့္ပဲျဖစ္ပါတယ္။ မီဒီယာဖိတ္ၾကားလႊာမွာေတာ့ pop-up camera ပါဝင္လာမဲ့ Vivo V15 series ဖုန္းေတြကိုမိတ္ဆက္မယ္ဆိုတာကိုရွင္းရွင္းေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

Vivo V15 Pro launch teaser

Pop-up front camera ေတြပါဝင္လာမဲ့ ဒီ V15 series ကိုေတာ့ Notch-less AMOLED screen နဲ႔ပြဲထြက္လာမွာျဖစ္ၿပီး မၾကာခင္က ရရွိတဲ့သတင္းေတြအရ In-display fingerprint scanners ပါထည့္သြင္းေပးမယ္လို႕သိရပါတယ္။

Vivo V15 Pro ကေတာ့ Vivo ရဲ႕ ပထမဆံုး ကင္မရာ ၃ လံုးပါဝင္လာမယ္လို႕သိရကာ Primary sensor အေနနဲ႕ 32MP Lens ကိုသံုးထားတယ္လို႕ခန္႕မွန္းခ်က္ေတြထြက္ေပၚေနပါတယ္။ Vivo V15 မွာလည္း V15 Pro နဲ႔တူညီတဲ့ Camera ပါဝင္မယ္လို႕သိရပါတယ္။ သို႕ေသာ္လည္း အတည္ျပဳလို႕ေတာ့မရေသးပါဘူး။ တခ်ဳိ႕ေကာလဟလေတြအရ Vivo V15 Pro ကို Snapdragon 710 သံုးလာမယ္လို႕ဆိုၾကပါတယ္။

ေစ်းႏႈန္းေတြအေနနဲ႔ Vivo V15 အေနနဲ႕ ႐ူပီး ၂၅၀၀၀ (ေဒၚလာ ၃၅၀ ခန္) နဲ႕ Pro version အတြက္ ႐ူပီး ၃၀၀၀၀ (ေဒၚလာ ၄၂၀) နီးပါးက်သင့္မယ္လို႕လည္းထြက္ေပၚလ်က္ရွိပါတယ္။

Vivo V15 Pro case

Unicode

Pop-up Front Camera နဲ့ Notch-less Display ပါဝင်တဲ့ Vivo V15 Series ကို Feb 20 မှာမိတ်ဆက်ပေးမည်

Vivo India မှ Feb.20 မှာပြုလုပ်မဲ့စမတ်ဖုန်းအသစ်မိတ်ဆက်ပွဲအတွက်ဖိတ်ကြားလွှာတွေကို Media တွေရှိကိုပေးပို့ခဲ့ပါတယ်။ အရင်က သတင်းတွေအရ Vivo အနေနဲ့ Vivo V15 Pro ကို February လကုန်လောက်မှာမိတ်ဆက်မယ်လို့သိရပါတယ်။ဒါကြောင့် Vivo အနေနဲ့ Feb 20 မိတ်ဆက်ပွဲမှာ Vivo V15 series ဖြစ်တဲ့ Vivo V15 နဲ့ Vivo V15 Pro တို့ကို အိန္ဒိယမှာ ပွဲထုတ်လိုက်လာမှာဖြစ်ပါတယ်။

Vivo India အနေနဲ့ Snapdragon 845 နဲ့ Pop-up selfie camera ပါဝင်တဲ့ Vivo NEX flagship ဖုန်းကိုရပ်ဆိုင်းထားပါတယ်။ အကြောင်းပြချက်ကတော့ မကြာခင်မှာ မိတ်ဆက်လာမဲ့ ပိုမိုတန်းဖိုးနည်းပါးတဲ့ pop-up selfie camera နဲ့ပွဲထွက်လာမဲ့ Vivo V15 series ကြောင့်ပဲဖြစ်ပါတယ်။ မီဒီယာဖိတ်ကြားလွှာမှာတော့ pop-up camera ပါဝင်လာမဲ့ Vivo V15 series ဖုန်းတွေကိုမိတ်ဆက်မယ်ဆိုတာကိုရှင်းရှင်းဖော်ပြထားတာကိုတွေ့ရပါတယ်။

Vivo V15 Pro launch teaser

Pop-up front camera တွေပါဝင်လာမဲ့ ဒီ V15 series ကိုတော့ Notch-less AMOLED screen နဲ့ပွဲထွက်လာမှာဖြစ်ပြီး မကြာခင်က ရရှိတဲ့သတင်းတွေအရ In-display fingerprint scanners ပါထည့်သွင်းပေးမယ်လို့သိရပါတယ်။

Vivo V15 Pro ကတော့ Vivo ရဲ့ ပထမဆုံး ကင်မရာ ၃ လုံးပါဝင်လာမယ်လို့သိရကာ Primary sensor အနေနဲ့ 32MP Lens ကိုသုံးထားတယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။ Vivo V15 မှာလည်း V15 Pro နဲ့တူညီတဲ့ Camera ပါဝင်မယ်လို့သိရပါတယ်။ သို့သော်လည်း အတည်ပြုလို့တော့မရသေးပါဘူး။ တချို့ကောလဟလတွေအရ Vivo V15 Pro ကို Snapdragon 710 သုံးလာမယ်လို့ဆိုကြပါတယ်။

ဈေးနှုန်းတွေအနေနဲ့ Vivo V15 အနေနဲ့ ရူပီး ၂၅၀၀၀ (ဒေါ်လာ ၃၅၀ ခန်) နဲ့ Pro version အတွက် ရူပီး ၃၀၀၀၀ (ဒေါ်လာ ၄၂၀) နီးပါးကျသင့်မယ်လို့လည်းထွက်ပေါ်လျက်ရှိပါတယ်။

Vivo V15 Pro case

Source

Leave a Reply

Your email address will not be published.