fbpx

This is digital planet.

SamsungTech NewsVivo

Pop-up Selfie Camera ကို Samsung မှာမြင်တွေ့ရတော့မည်

Pop-up Selfie Camera ပထမဆုံးပါဝင်တဲ့ဖုန်းကတော့ Vivo NEX ဖြစ်ပါတယ်။ Vivo အနေနဲ့လည်း မကြာခင်သေးခဲ့က ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Pop-up Camera ပါဝင်တဲ့ Vivo V15 Pro ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ သို့ပေမယ့် ဒီနှစ်ထဲမှာတော့ Pop-up Selfie Camera ပါဝင်တဲ့ဖုန်းတွေကို Vivo အပြင် အခြား ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူတွေဆီကနေ တွေ့ရဖို့ရှိနေပါတယ်။ ဒီနေ့မှာတော့ Pop-up Selfie Camera ပါဝင်တဲ့ Samsung Galaxy A90 ရဲ့ပုံများဟာ အွန်လိုင်းပေါ်မှာထွက်ပေါ်လာခဲ့ပါတယ်။

Pop-up Selfie Camera Design သုံးတဲ့စမတ်ဖုန်းတွေဟာများသောအားဖြင့် Screen-to-body Ratio အလွန်မြင့်မားပါတယ်။ Galaxy A90 အနေနဲ့လည်း Infinity-O display သုံးထားပြီး Punch Hole Display ပါဝင်လာမယ့် Galaxy S10 ထက် Screen-to-body Ratio ပိုမိုမြင့်မားလာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Vivo NEX pop-up selfie camera

ပုံတွေမှာတော့ Galaxy A90 ရဲ့ Pop-up Selfie Camera ဒီဇိုင်းဟာ ၂ မျိုးနဲ့ တွေ့မြင်ရပါတယ်။ ပထမတစ်မျိုးကတော့ Pop-up Selfie Camera ကို Vivo NEX လိုပဲ ဖုန်းရဲ့ Display အပေါ် ဘယ်ဘက်မှာတပ်ဆင်ထားပြီး နောက်တစ်ခုကိုတော့ ဖုန်းရဲ့ Display အလည်တည့်တည့်မှာတပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။

Samsung အနေနဲ့ In-display Fingerprint Scanner ပါတဲ့ Galaxy A-series စမတ်ဖုန်း ၃ လုံးကိုဒီနှစ်အတွင်းမှာမိတ်ဆက်ပေးမယ်လို့သတင်းထွက်ပေါ်ထားခဲ့တာကြောင့် Galaxy A90 ဟာ အဆိုပါစမတ်ဖုန်း ၃ လုံးထဲကတစ်လုံးဖြစ်လာနိုင်ပါတယ်။ ဒီဇိုင်းအနေနဲ့ Galaxy A90 ရဲ့ကျောဘက်အလည်တည့်တည့်မှာ ကင်မရာ သုံးခုလုံးကို House တစ်ခုကိုထည့်သွင်းထားပြီး LED flash ကိုအောက်မှာတပ်ဆင်ထားပါတယ်။

ပုံထဲမှာပါဝင်တဲ့ Galaxy A90 မှာတော့ Gradient Purple ကိုသုံးထားပါတယ် သို့ပေမယ့် အရင် ရက်သတ္တပတ် မကြာခင်ကထွက်ပေါ်ခဲ့တဲ့သတင်းအရ Black , Silver နဲ့ Gold စတဲ့ အရောင်တွေနဲ့ထွက်ရှိလာမယ်လို့သိရပါတယ်။ Storage Configuration အနေနဲ့ 128GB တစ်မျိုးထဲသာ ထွက်ရှိလာမယ်လို့လည်းသိရပါတယ်။ Samsung အနေနဲ့ လက်ရှိကျရူံးလုနီးပါးဖြစ်နေတဲ့ တရုတ်ဈေးကွက်ကို A-series တွေနဲ့အတူ ပြန်လည်ရယူဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။ Galaxy A90 ကိုတော့ ဘယ်အချိန်မှာမိတ်ဆက်မယ်ဆိုတာမသိရသေးပေးမယ့် သူနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကတော့ မကြာခင်ကာလတွေမှာ ဒီထက်ပိုပြီးထွက်ရှိလာဖို့တော့ ရှိနေပါတယ်။

Source