fbpx

This is digital planet.

NokiaTech News

Design အပြောင်းအလဲတစ်ချို့ကို မြင်တွေ့ရမယ့် Nokia

MWC တုန်းက Nokia နဲ့ပတ်သက်ရင် Nokia 9 PureView ကိုပဲ အာရုံရောက်နေခဲ့ကြတာကြောင့် ဒီပွဲမှာမိတ်ဆက်ခဲ့တဲ့ Nokia 210, Nokia 3.2 နဲ့ Nokia 4.2 တို့ကို မေ့မေ့လျော့လျော့ ဖြစ်ခဲ့ကြတယ်။ ရုတ်တရက်ကြည့်ရင် ဒီဖုန်းတွေဟာ Entry Level ထက်မပိုခဲ့ပေမယ့် Nokia 4.2 မှာပါဝင်ခဲ့တဲ့ Design ပိုင်းဆိုင်ရာ ဆန်းသစ်မှုတစ်ခုကြောင့် Reviewer တစ်ချို့ရဲ့ Positive Feedback ကို ရရှိခဲ့တယ်။

Image result for Nokia 4.2

အဲဒါကတော့ Power Button ရဲ့ဘေးပတ်လည်မှာပါရှိတဲ့ Notification Light Design ပဲဖြစ်ပါတယ်။ ဒီ Design နဲ့ပတ်သက်ပြီး HMD Global အနေနဲ့ 2018, November ကတည်းက EU’s Intellectual Property Office မှာ မူပိုင်ခွင့်လျှောက်တင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ Nokia 210 နဲ့ Nokia 4.2 တို့အတွက် Design မူပိုင်အသုံးပြုခွင့်ရရှိလာပြီဖြစ်ပါတယ်။

Image result for Nokia 4.2

ဒီတော့ နောက်ပိုင်းထွက်ရှိမယ့် Nokia Smartphone တွေမှာ Noti Light ပါဝင်တဲ့ Power Button Design တွေကို တွင်တွယ်ကျယ်ကျယ်သုံးလာနိုင်ပြီး ဒီ Design ဟာ 2019 မှာ Popular ဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ သေချာပါတယ်။ ဒါဟာ အရမ်းအသုံးဝင်တဲ့ Feature တစ်ခုမဟုတ်သည့်တိုင် ဖုန်းတစ်လုံးရဲ့ Design ပိုင်းကို အမြင်ဆန်းသစ်စေမှာပါ။

Ref: Gizchina