Facebook ကတော့ အမေရိကန် နိုင်ငံရဲ့ စည်းမျဉ်းအရ $3 billion ပေးလျော်ရဖွယ်ရှိနေပေမယ့်လည်း ပထမ သုံးလပတ်မှာတင် Wall Street ရဲ့ အကျိုးအမြတ် ခန့်မှန်းသူတွေကို တုန်လှုပ်စေခဲ့ပါတယ်။ အဲ့ဒီအပြင် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက် တစ်ခုလို့ပြောနိုင်တဲ့ Facebook ရဲ့ ရှယ်ယာတွေဟာလည်း ၁၀ ရာခိုင်နှုန်းထက် မနည်း တိုးလာခဲ့ပါတယ်။
တရားစီရင်ချက်တွေအရတော့ Facebook ဟာ ဒဏ်ငွေ $3 billion ကနေ $5 billion အထိ ပေးဆောင်ရနိုင်ဖွယ်ရှိနေတဲ့ Facebook ကုမ္ပဏီရဲ့ ပထမသုံးလပတ် စုစုပေါင်း အသုံးပြုသူ အရေအတွက် 2.43 billion အထိ ရှိခဲ့ပါတယ်။
ကြော်ငြာရှင်တွေက Facebook ရဲ့ အသုံးဝင်ပုံကို ကောင်းကောင်းနားလည်နေကြတာကြောင့် Facebook ဟာ ဝင်ငွေလျော့ကျမသွားတာဖြစ်တယ်လို့ ငွေကြေးဆိုင်ရာ ဈေးကွက် ပလက်ဖောင်းများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ Senior analyst ဖြစ်သူ Haris Anwar က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းစာရင် နေ့စဉ်နဲ့လစဉ် Facebook အသုံးပြုသူအရေအတွက် 8% အထိ မြင့်တက်လာခဲ့ပါတယ်။
Facebook ကို US Federal Trade Commission က ၈၇ သန်းသော အသုံးပြုသူတွေဆီက ကိုယ်ရေးအချက်အလက်တွေပေါက်ကြားစေမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး အကယ်၍ ချိုးဖောက်မှုဟာ သိသာထင်ရှားမယ်ဆိုပါက အနည်းဆုံး $3 billion ကနေ $5 billion ထိ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။
Ref: Gadgets360
Photos: Internet