fbpx

This is digital planet.

Xiaomi

Pro version မဟုတ်တဲ့ Redmi K20 တွင် Snapdragon 730 ပါဝင်မည်

Xiaomi sub-brand တစ်ခု ဖြစ်တဲ့ Redmi က သူ့ရဲ့ပထမဆုံး flagship ဖုန်းတစ်လုံးကို လာမဲ့ မေလ ၂၈ ရက်နေ့မှ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒီ K20 series မှာ အကြီး ကောင် K20 Pro နှင့် အငယ်ကောင် K20 ဆိုပြီး ၂ လုံးမိတ်ဆက်လာပါလိမ့်မယ်။

K20 Pro မှာ လူတိုင်းသိထား ပြီဖြစ်တဲ့ Specification အလွင့်စားတွေနှင့် ပွဲထွက်လာမှာဖြစ်ပါတယ်။ ဟို leak ဒီ leak တွေ အရ Antutu ရမှတ်မှာ ၄ သိန်းခွဲ အထိကို ရရှိထားတဲ့ ဖုန်းတစ်လုံးပါ။ K20 Pro ရဲ့ ညီ K20 က တော့ K20 Pro ကနေ အချို့ အရာတွေကို ဝိတ် လျော့ထားမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။

Redmi K20 Specifications leaked

Photo Credit: The Talks

အပေါ်ပုံ မှာမြင် တွေ့တဲ့အတိုင်းRedmi K20 မှာ Snapdragon 730 ကိုသုံးထားပေးမယ်။ 48 MP main Sony IMX sensor နှင့် 8 MP telephoto lens အပြင် 13 MP ultrawide တို့ပါဝင်လာမှာပါ။ Battery အနေနှင့်တော့ 4000 mAH ပါဝင်မယ်ဆိုတာ တွေကို အတည်ပြုလို့ ရနေပါပြီ။

ကျွန်တော့် အမြင် K20 Pro ကနေ K20 မှာ အဓိက ကွာခြားသွားစေမယ့်အရာ က Performance တစ်ခုတည်းဖြစ်လာနိုင်ပါတယ်။ ကျန်တဲ့ အရာတွေ ဥပမာ pop up selfie camera တို့ နှင့် 6.39 inch 1080×2340 resolution ရှိမယ့် AMOLED display နှင့် in-display fingerprint တို့ကတော့ အတူတူ ရရှိမယ်လို့ထင်ပါတယ်။ဒီဖုန်း တွေ မှာ ထူးခြားလာတာက K20 series မှာ 3.5 mm headphone jack ပါဝင်မယ့်အပြင် Hi-Res Audio Qualified ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် speaker ပိုင်းမှာ အားထည့်ထားပုံပါပဲ။

Redmi K20 Pro က $ 376 မြန်မာငွေ 570000 ဝန်းကျင်ကနေ ရရှိနိုင်မှာဖြစ်ပြီး K20 ကတော့ 440000 ဝန်းကျင်ကနေ ရရှိနိုင်မှာပါ။ခန့်မှန်းဈေးတွေဖြစ်တဲ့ အတွက် အတည်ပြုလို့မရနိုင်သေးပါ ဘူး။

Ref: Gsmarena  & Gizchina