fbpx

This is digital planet.

GamesSonyTech News

PS Vita ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့ SONY

ကျွန်တော်တို့ ကလေးဘဝတုန်းက Social Media ကြီးခေတ်မစားချိန်မှာ Game တွေနဲ့ပဲ ကျွန်တော်တို့ရင်းနီးခဲ့ကြတာပါ။ အဲ့ထဲမှာ PlayStation Portable Device တွေကလဲ ကျွန်တော်တို့အတွက် လိုအပ်တဲ့နေရာကနေပါခဲ့တယ်။ အဲ့အချိန်တုန်းက PSP ဟာ PS2 Pocket အမျိုးစားလေးဆိုလဲ မမှားဘူးလို့ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ SONY က ပိုကောင်းတဲ့ နည်းပညာတွေနဲ့ PS Vita ထပ်ထုတ်ခဲ့တယ်။ ဒီ Handheld Gaming Console ဖြစ်တဲ့ PS Vita လေးက PS3 Quality Level ရှိဂိမ်းတွေကိုတောင် ဆော့လို့ရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ SONY က PS Vita ထုတ်လုပ်မှုကို ဒီနေ့ပဲရပ်ဆိုင်းလိုက်ပါတယ်။

Smartphone တွေပေါ်လာတဲ့နောက်ပိုင်းမှာ Handheld Gaming Console အတွက် နေရာယူဖို့အတော်ခက်ခဲလာပါတယ်။ သို့သော်လည်း PS Vita လေးက အရေအတွက် 1.6 million ထိ ရောင်းချခဲ့ရတယ်။ အခုချိန်မှာ PS Vita ရဲ့ နောက်ဆုံး Model တွေကိုထုတ်လုပ်ရောင်းချမှုကိုရပ်ဆိုင်းလိုက်ပြီလို့ SONY ကကြေငြာခဲ့ပါတယ်။ SONY အနေနဲ့ ပိုကောင်းမွန်သော Handheld Device တွေထုတ်လုပ်ဖို့ အစီအစဉ်မရှိတဲ့အတွက် သင်သာ ပိုင်ဆိုင်ထားမယ်ဆိုရင် အမှတ်တရအနေနဲ့ သိမ်းထားသင့်ပါတယ်။ SONY က Handheld Gaming လောကကနေ ရပ်နားလိုက်ပေမဲ့ Nintendo Switch ကတော့ ဘယ်လိုမျိုးအသစ် Generation တွေထုတ်ပြီး နေရာယူမလဲဆိုတာ စောင့်ကြည့်ရတာပေါ့။