fbpx

This is digital planet.

HuaweiTech News

Punch Hole ဒီဇိုင်းနဲ့ Nova 5i Pro ရဲ့ ပုံကြမ်းထွက်ပေါ်

တရုတ်နည်းပညာ Company ကြီးဖြစ်တဲ့ Huawei ကတော့ Nova 5, 5i နဲ့ 5i Pro တို့ကိုထုတ်လုပ်သွားမဲ့အကြောင်း တရုတ် Event တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပြီးပါပြီ။ ရှေ့ရက်ပိုင်းတွေမှာဆိုရင်လည်း Chinese retailer’s website Nova 5i Pro ဆိုပြီး ပုံတစ်ပုံထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီပုံအရဆိုရင် Fingerprint ကို နောက်ကျောဘက်မှာပဲ သုံးထားပြီး ကင်မရာနှစ်လုံးကို ထောင်လိုက်ထားတာလည်း တွေ့ရမှာပါ။ ရှေ့မျက်နှာပြင်မှာဆိုရင်လည်း Notch ပါပြီး Notch ထဲမှာ ကင်မရာနှစ်လုံးပါပါတယ်။ အများစုကလည်း ဒီ Website က ပုံအတိုင်း Nova 5i Pro အနေနဲ့ ထွက်ရှိလာမယ်လို့ ထင်ထားခဲ့ကြတာပါ။

Image listed on Chinese retailer JD.com’s website

ဒါပေမဲ့ အဲ့ဒီ Website ကထွက်ထားတဲ့ပုံတွေနဲ့ ခုထွက်ပေါ်လာတဲ့ Evan Blass ရဲ့ ပုံကြမ်းတွေနဲ့ တော်တော်ကွာခြားနေပါတယ်။ Evan Blass ဆိုတာက Leak နဲ့ပတ်သတ်ရင်စိတ်ချရတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ Leak လိုက်တဲ့ပုံတွေက အများအားဖြင့် မှန်ကန်လေ့ရှိတဲ့ Leaker တစ်ယောက်ပါ။ သူ့ရဲ့ Twitter မှာ တင်ထားတဲ့ပုံအရ Nova 5i Pro က အရင်ထွက်ရှိပြီးဖြစ်တဲ့ Nova 5i လိုပဲ Punch Hole Display ကို သုံးထားပါတယ်။

ကင်မရာက လေးလုံးထိပါရှိပြီး အလယ်ခေါင်မှာ Huawei Mate 20 Pro တုံးကလိုမျိုးကို ကင်မရာလေးလုံးနဲ့ လေးထောင့်ပုံလေး စီထားပါတယ်။ သူ့ဘေးမှာက Flashlight လေးတွေ့ရမှာဖြစ်ပြီး ကင်မရာလေးထောင့်ကွက်လေးရဲ့အောက်မှာမှ Fingerprint ကိုထားရှိထားပါတယ်။ Nova 5i တုံးကလိုမဟုတ်ပဲ ဒီတစ်ခါတော့ Huawei Mate 20 Pro လိုပုံစံမျိုးလေး အလယ်မှာထားတာက ပိုပြီးအမြင်ဆန်းစေပါတယ်။

Schematic shared by Evan Blass

Evan Blass ရဲ့ပုံကြမ်းမှာဆိုရင်လည်း Headphone jack ပါနေတာကို တွေ့ရမှာပါ။ Midrange ဖုန်းတွေတော်တော်များများမှာ နောက်ပိုင်း Headphone jack တွေဖြုတ်ပစ်နေတဲ့အချိန်မှာ သူတို့က ဆက်ထည့်ပေးထားပါသေးတယ်။ Power ခလုတ်နဲ့ Volume ခလုတ်ကိုတော့ ညာဘက်ဘေးမှာ ထားထားပါတယ်။ ခုဆိုရင် Chinese retailer’s Website က ဓာတ်ပုံက Leak တစ်ခု၊ Evan Blass ရဲ့ Leak က တစ်ခု တခြားစီဖြစ်နေပါတယ်။ တစ်ကယ်ထွက်လာတဲ့အခါ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်။