This is digital planet.

GoogleTech News

Punch Hole Camera အသုံးပြုထားသော ပုံတွေထွက်ပေါ်လာတဲ့ Google Pixel 4a

Google Pixel 3a တုန်းက Camera ကောင်းသော Budget ဖုန်းအဖြစ် US နိုင်ငံတွေမှာ လူကြိုက်များခဲ့ပါတယ်။ Google အနေနဲ့ Pixel 4 ရဲ့ Budget ဖုန်းကို ၂၀၂၀ မှာ ထုတ်လာမှာဖြစ်ပြီး အခု OnLeaks နဲ့ 91Mobiles က Pixel 4a လို့ယူဆလို့ရတဲ့ Rendering ပုံတွေကို ချပြခဲ့ပါတယ်။

Image result for google pixel 4a

Pixel 4a မှာ 5.7 inch or 5.8 inch Display ပါဝင်နိုင်ပြီး ပုံပါအရ Punch Hole Selfie Camera ပါဝင်လာတာတွေ့ရပါတယ်။ Rendering ပုံအရ Low-Cost Handset တစ်ခုအနေနဲ့ ကြည့်ကောင်းတဲ့ Display ပုံစံမျိုးရှိပြီး Pixel 4 ထက်ပိုပါးသော Bezel ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ကျောဘက်ခြမ်းကို ကြည့်မယ်ဆိုရင် Pixel 4 နဲ့ဆင်တူတဲ့ Camera Bump ကိုတွေ့ရမှာဖြစ်ပြီး Single Sensor နဲ့ LED Flash တို့ကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Image result for google pixel 4a

Punch Hole Display ကို အသုံးပြုထားတဲ့အတွက် Pixel 4 လို Secure Face Unlock နည်းပညာမျိုးပါဝင်မှာမဟုတ်ပဲ ကျောဘက်ခြမ်းမှာ Fingerprint Sensor ထည့်သွင်းထားတာကို တွေ့ရပါတယ်။ Power Key နဲ့ Volume Keys တွေကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာတွေ့ရပြီး SIM Tray ပေါက်ကိုတော့ Render ချထားတဲ့ ပုံမှာမတွေ့ရပါဘူး။ ဖုန်းရဲ့အောက်ခြေမှာတော့ USB−C, Speaker နဲ့ Mic ပေါက်တို့ကို တွေ့ရပြီး အပေါက်ဘက်ခြမ်းမှာတော့ Headphone Jack ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Image result for google pixel 4a

Pixel 3a တုန်းက Dimension အနေနဲ့ 151.3 x 70.1mm x 8.2mm အထိရှိပြီး Pixel 4a မှာ Bezel တွေပိုပါးသွားတဲ့အတွက် Pixel 3a ထက်ပိုသေးနိုင်ပြီး Dimension အနေနဲ့ 144.2 x 69.5 x 8.2mm ထိရှိမယ်လို့ ခန့်မှန်းချက်များ ထွက်ပေါ်နေပါတယ်။

အခြားသော Specs တွေနဲ့ပက်သက်ပြီး အသေးစိပ်မသိရသေးပေမဲ့ Pixel 4a ကို လာမည့်နှစ် ၂၀၂၀ I/O Conference မှာ မိတ်ဆက်လာနိုင်ပါတယ်။

Source: Android Police, Engadget.