fbpx

This is digital planet.

HuaweiTech News

Punch-hole display ပါတဲ့ Flagship Tablet MatePad Pro ကိုမိတ်ဆက်လိုက်တဲ့ Huawei

Punch hole displays တွေကို ကျွန်တော်တို့အနေနဲ့ ဖုန်းတွေမှာသာတွေ့ခဲ့ရပြီး အခု‌မှာတော့ Huawei က ၎င်းတို့ရဲ့ Tablet အသစ်ဖြစ်တဲ့ MatePad Pro Tablet မှာ စတင်တွေ့လာရပါပြီ ဖြစ်ပါတယ်။ တန်ဖိုးကြီး Tablet ဖြစ်တာမလို့ iPad Pro နဲ့ Samsung Galaxy Tab S6 တို့နဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ သေချာပါတယ်။

Huawei announces the MatePad Pro, the first tablet with a punch-hole display

Tablet မှာ Display အတွက် 2560×1600 pixel resolution နဲ့ 16:10 aspect ratio ရှိတဲ့ 10.8-inch LCD panel ကိုသုံးပေးထားပါတယ်။ ဒီ Tablet ရဲ့အလှတရားက iPad Pro လိုပဲ Bezels တွေ ညီတူမျှတူ ပါးထားပြီး အထူဟာ 4.9mm ပဲရှိတဲ့အတွက် Screen to body ratio 90% ရှိတယ်လို့ Huawei ကဆိုထားပါတယ်။ Punch Hole ထဲမှာ 8MP selfie cam ပါ၀င်ထားပါတယ်။ Audtio အတွက် Quad-speaker setup လည်းပါ၀င်ထားပါသေးတယ်။

Huawei announces the MatePad Pro, the first tablet with a punch-hole display

MatePad Pro ကို Kirin 990 SoC နဲ့အားဖြည့်ပေးထားပြီး 6/8GB RAM နဲ့ 128/256GB storage ဆိုပြီး ၀ယ်ယူနိုင်မှာပါ။ Tablet မှာ Wi-Fi Only နဲ့ LTE versions တို့ဆိုပြီး ၂ မျိုးခွဲထုတ်ထားပါတယ်။ အလေးချိန် 460 grams ရှိပြိး အတိုင်းအတာ 159 x 245 x 7.2mm ရှိပါတယ်။ နောက်ဘက်မှာ 13MP main shooter ပါ၀င်ထားပါတယ်။

Huawei announces the MatePad Pro, the first tablet with a punch-hole display

Software ပိုင်းမှာတော့ Android 10 ကို EMUI 10 နဲ့အုပ်ပေးထားပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိထွက်ထားတဲ့ Huawei ဖုန်းတွေလိုပဲ Google Mobile Services ပါ၀င်လာခြင်းမရှိပါဘူး။ သင့်ရဲ့ Huawei ဖုန်းကို Tablet ရဲ့ Screen မှာ ကူးယူဖော်ပြနိုင်မယ့် Multi-screen collaboration mode ကို Tablet မှာထည့်ပေးထားပါတယ်။ အဲ့ Feature ကတော့ Mate 30 Pro မှာ ရပြီးသားပါ အတော်လေးလဲ အသုံး၀င်သလို သုံးရတာလဲမိုက်ပါတယ်။ MatePad Pro မှာ PC ပုံစံနဲ့ Multi-window functionality ကိုယူဆောင်ပေးမယ့် Laptop mode လည်းပါ၀င်ပါသေးတယ်။

Huawei announces the MatePad Pro, the first tablet with a punch-hole display

Battery capacity မှာတော့ 7,250mAh ရှိပြီး 40W Huawei SuperCharge ၊ 15W wireless charging နဲ့ 7.5W Reverse wireless charging တို့ ထောက်ပံ့ပေးထားပါတယ်။ ပိုမို ရှင်းလင်းတိကျတဲ့တုန့်ပြန်မှုနဲ့ ပုံဆွဲဖို့အတွက် M-Pen stylus လည်း ပါ၀င်ပါတယ်။ MatePad Pro မှာ အဖြူ ၊ အမဲ ၊ အစိမ်း နဲ့ လိမ္မော်အရောင်တို့ရရှိလာမှာပါ။

ဈေးအနေနဲ့ 6/128GB Wi-Fi trim ဟာ CNY 3,299($470) မြန်မာငွေ ၇ သိန်း၂သောင်း၀န်းကျင်ရှိပြီး LTE versions တွေကတော့ 6/128GB version အတွက် CNY 3,799 ($540) မြန်မာ‌ငွေ ၈သိန်း ၂သောင်းကျော် ၊ 8/256GB version ကတော့ CNY 4,499 ($640) မြန်မာငွေ ၁၀ သိန်း၀န်းကျင်မှာရှိပါတယ်။ ဒီနေ့မှာ Pre-order စတင်လို့ရနေပြီး December 12 မှာ တရား၀င်ရောင်းချဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာဈေးကွက်အတွက် ရရှိလာဖို့ကတော့ မသိရသေးပါဘူး။

Ref: GSMArena