fbpx

This is digital planet.

OnePlusTech News

Punch-hole display ပါ၀င်လာနိုင်တဲ့ OnePlus 8 ရဲ့ 3D renders များပေါ်ထွက်လာ

OnePlus 7T ထွက်ထားတာ မကြာသေးတဲ့အပြင် အခု OnePlus 8 ပေါက်ကြားခဲ့ပါတယ်။ OnePlus ရဲ့ နောက် Flagship ဖုန်းရဲ့ 3D renders များ ဖုန်းထွက်ရှိမယ့် ၆ လ ကျော်မတိုင်ခင် Web မှာပေါ်ထွက်လာပါတယ်။ Source ကတော့ တစ်ခြား 3D Renders တွေထုတ်ပေးတတ်တဲ့ OnLeaks ကပဲဖြစ်ပါတယ်။ အခုတစ်ခါတော့ CashKaro နဲ့ပေါင်းပြီး 3D Renders ကိုထုတ်ထားတာပဲဖြစ်ပါတယ်။ အခု renders တွေဟာ engineering drawings ပေါ်မှာပဲ အခြေခံထားတာဖြစ်ပါတယ်။

OnePlus 8 အတွက် OnePlus ဟာ OnePlus 7 နဲ့ OnePlus 7T တို့ရဲ့ waterdrop notch ကို စွန့်ပစ်လိုက်ပြီး Punch-hole ကို သုံးလာမှာပါ။ OnePlus 7 Pro လို Display ရဲ့ ဘေးဘက်တွေကို ခုံးပေးထားပါတယ်။ 6.5-inches ရှိတဲ့ Screen နဲ့အတူ AMOLED Display ကိုအသုံးပြုပေးထားပြီး in-display fingerprint scanner ပါ၀င်လာပါတယ်။ OnePlus ဟာ သူတို့ရဲ့ အနာဂတ်ဖုန်း‌တွေမှာ 90Hz Fluid Displays ကိုသာ သုံးလာတော့မယ်လို့ ဆိုထားတဲ့အတွက် OnePlus 8 မှာ 90Hz refresh rate ရှိပါတယ်။

နောက်ဘက်ခြမ်းမှာ OnePlus 7 ကလို vertical camera setup ကိုဆက်သုံးထားပြီး အခုတစ်ခါမှာတော့ OnePlus 7T အသစ်ကလို Camera သုံးလုံးပါ၀င်ထားပါတယ်။ Camera ရဲ့အောက်ဘက်မှာတော့ OnePlus 8 ရဲ့ Power Button နဲ့ alert slider ကတော့ ဖုန်းရဲ့ညာဘက်မှာရှိပြီး Volume ခလုတ်တွေကတော့ ဘယ်ဘက်မှာပါရှိလာပါတယ်။ SIM tray ကတော့ ဖုန်းရဲ့အောက်ဘက်ကိုရောက်သွားပါတယ်။ အပေါ် ၊ ဘေး ၊ အောက်ဘက်တွေမှာ antenna lines တွေရှိပါတယ်။ ‌အောက်ဘက်မှာပါတဲ့ speaker ကတော့ grille (သံပန်းကွန်ရက် အ‌ပေါက်) ပုံစံမဟုတ်တော့ဘဲ slit (လှီးရာ) ပုံစံမျိုးဖြစ်သွားပါတယ်။

OnePlus 8 မှာ Wireless Charging Support ရလာမယ်လို့ သတင်းတွေပို့ထားပါတယ်။ Power rating ကိုတော့မသိရသေးပါဘူး။ OnePlus 8 မှာ Pro version ရှိလာမှာဖြစ်ပြီး Pro Version ရဲ့ ပုံစံကိုတော့ မသိရသေးပါဘူး။ ဖုန်းမှာ Pop-up camera design နဲ့ နောက် Cameras လေးလုံးပါ၀င်လာဖို့ ယူဆရပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Qualcomm ရဲ့ Snapdragon 865 processor ကိုအသုံးပြုလာနိုင်ပါတယ်။

Ref: Gizmochina