Google ဟာ Android Smartphone တွေရဲ့ ပင်မသွေးကြောဆိုတာ လူတိုင်းသိထားကြမှာပါ။ Android Open Source Project (AOSP) အရ OS Version အသစ်ထွက်တိုင်းမှာ Google ကနေ Source Code တွေကိုချပေးပြီး Company တွေက အဲဒီ Source Code တွေကိုယူ၊ သူတို့ Hardware နဲ့သင့်တော်အောင်ဖန်တီး၊ စိတ်ကြိုက် UI အုပ်ပြီး User တွေလက်ထဲကို ထည့်ပေးကြတယ်။ Android OS မှာ Stock Android, Android One, Android GO စသည်ဖြင့် အမျိုးမျိုးကြားဖူးကြပါလိမ့်မယ်။ အဲဒီနာမည်တွေရဲ့နောက်ကွယ်က ကွာခြားချက်လေးတွေကို အကျဉ်းချုပ် ရှင်းပြသွားမှာပါ။
Stock Android
အဓိကအားဖြင့် Google ကနေတိုက်ရိုက်ထုတ်တဲ့ Nexus, Pixel ဖုန်းတွေမှာသုံးတဲ့ Android ကိုခေါ်ပါတယ်။ ဒီဖုန်းတွေမှာ OS Update, Apps, Feature အသစ် စတာတွေကို အဦးအဖျားသုံးရတတ်ပါတယ်။ Google ရဲ့ ကိုယ်ပိုင်ထုတ်လုပ်တဲ့ဖုန်းဖြစ်တဲ့ Pixel ဖုန်းတွေမှာဆိုရင် 3 yrs OS Support နဲ့ Unlimited Cloud Storage (Pixel 4 မပါ) စတဲ့ခံစားခွင့်မျိုးတွေလည်း ရနိုင်ပါလိမ့်မယ်။ Stock Android ရဲ့အားသာချက်ကတော့ UI အုပ်ထားတဲ့ Android OS တွေထက် Bloatware ကင်းပြီး ရိုးရှင်းတဲ့၊ သွက်လက်မြန်ဆန်တဲ့ Experience ကိုပေးစွမ်းနိုင်တာပါပဲ။ Google ကတော့ Pixel ဖုန်းတွေအတွက် Stock Android လို့အခေါ်အဝေါ်မသုံးပဲ Pixel Experience လို့ သုံးနှုန်းပါတယ်။ ပြီးတော့ Pixel Experience နဲ့ Stock ကမတူပါဘူး Pixel ဖုန်းတွေမှာ သုံးထားတဲ့ Pixel Experience ROM က ပိုကောင်းတဲ့ Features တွေနဲ့ Stock Android ကို ထပ်ဖြည့်ထားတာဖြစ်ပါတယ်။ Stock Android တနည်းအားဖြင့် Pure Android လိုမျိုး မဟုတ်ပါဘူး။ Pixel မှာပဲ ရတဲ့ Exclusive Features တွေနဲ့ ထည့်သွင်းထားတဲ့ ROM ပါ။
Android One
Google က သူတို့ရဲ့ Android Phone Usage နယ်ပယ်ကို ပိုပြီးကျယ်ပြန့်စေချင်တဲ့အတွက် လူဦးရေထူထပ်တဲ့၊ ဖွံ့ဖြိုးဆဲဖြစ်တဲ့နိုင်ငံတွေမှာ Mid-range Level Smartphone တွေကို Pure Android Experience နဲ့ပေးစွမ်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒီတော့ Android One Program အတွက် Hardware ထုတ်ပေးမယ့် Company တွေ (Nokia, Motorola, Xiaomi, Asus….) အတွက် Software ပိုင်းကို Google ကနေ တိုက်ရိုက်ထောက်ပံ့ပေးတယ်။ ဒါပေမယ့် Company ဘက်ကနေထည့်ပေးတဲ့ System App အချို့ (ဥပမာ Camera App) လည်းပါဝင်တတ်တယ်။ Android One ဖုန်းတွေမှာ 2yrs OS Support ပေးတတ်ပြီး Google ရဲ့ဖုန်းတွေထက်တော့ Update အရနောက်ကျပါလိမ့်မယ်။ နောက်ပြီး Google ဖုန်းတွေမှာပါရှိတဲ့ Function တစ်ချို့ကိုလည်း Android One မှာ Officially သုံးခွင့်ရမှာမဟုတ်ပါဘူး။
Android Go
Android Go က Pure Android ဆိုပေမယ့် Google ကနေ တိုက်ရိုက် Support ပေးတာမျိုးမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလို Source Code ယူပြီး Company တွေကနေ ပြန်လည်ထုတ်ပေးတာမျိုးပါ။ ဆိုတော့ကာ Update ပေး၊ မပေးက ဖုန်းထုတ်တဲ့ Company နဲ့ပဲသက်ဆိုင်ပါတယ်။ Android GO Version ဟာ Budget ဖုန်းတွေအတွက်အဓိကရည်ရွယ်ပြီး သူ့မှာပါတဲ့ App အတော်များများဟာလည်း အနိမ့်ပိုင်း Hardware တွေနဲ့တွဲသုံးနိုင်အောင် ပြု ပြင်ပေးထားတဲ့ Lite Version တွေများပါတယ်။ Nokia 2 ဟာ ဥပမာပြဖို့အကောင်းဆုံး Android Go Smartphone ဖြစ်ပါလိမ့်မယ်။
ဒါကတော့ Pure Android ခေါင်းစဉ်အောက်မှာပဲ မတူညီတဲ့ Android အမျိုးအစားတွေပါပဲ။ UI နဲ့ Android တွေထက်ပိုသွက်တာ၊ Android အရအသာအပြည့်အဝခံစားရတာ၊ Update မြန်မြန်ရတာ စတဲ့အားသာချက်တွေကြောင့် Pure Android ကိုမှသဘောကျကြတဲ့ Fan တွေလည်း တဖြည်းဖြည်းတိုးပွားလာတယ်။ ဒီတော့ ခင်များတို့အကြိုက်ကရော ဘာဖြစ်မလဲ?? Pure Android လား UI တွေလား??