fbpx

This is digital planet.

Tech News

Windows XP အသုံးပြုနေဆဲဖြစ်တဲ့ ရုရှားသမ္မတ Vladimir Putin

ကျွန်တော်တို့တတွေဟာ ကွန်ပျူတာ Virus ကိုက်ခံရမှာကိုပဲ သည်းသည်းလုပ် ဖြစ်နေပေမယ့် ရုရှားသမ္မတကြီးကတော့ မှုဟန်မတူပါဘူး။ ကျွမ်းကျင် ပညာရှင်ကြီးတွေကိုယ်တိုင်က ပိုပြီးလုံခြုံမှုရှိတဲ့ Operating System သုံးဖို့ တိုက်တွန်းနေပေမယ့် အေးဆေးနေနေတာကတော့ သမ္မပူတင်ပဲ ဖြစ်ပါတယ်။

The Guardian သတင်းဌာန ဖော်ပြချက်အရ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ WorldSkills Union ပွဲအခမ်းနား ဗီဒီယိုကို သမ္မတကြီးဟာ သူ့စားပွဲမှာ ထိုင်နေရင်း ကြည့်နေပုံဖြစ်ပါတယ်။

သေချာကြည့်ရင်တော့ ဖွင့်လျက်သား မော်နီတာကို ကြည့်နေတာထက် ကြည့်ရင်း တစ်စုံတစ်ခု တွေးတော်နေဟန်နဲ့ ပိုတူပါတယ်။

Russian President looking at Obsolete Windows XP Desktop

Russian President looking at Obsolete Windows XP Desktop (Photo: TheMoscowTimes)

ဒါပေမယ့် မော်နီတာဖန်သားပြင် ထင်ဟန်နေတဲ့ ပုံရိပ်ဟာ ခေတ်အမြင်နဲ့ ပြောရင် End-date ဖြစ်နေပြီး အပြာရောင် (Taskbar) ဘားတန်းရှည်၊ Recycle Bin နဲ့ My Computers လို Icon ကြီးတွေက Desktop Background ပေါ်မှာ ပါနေပါတယ်။

ရုရှားသတင်း Website ပြောဆိုချက်အရဆိုရင်လည်း ပူတင်အသုံးပြုနေတဲ့ ကွန်ပျူတာ ဟာ Windows XP PC ဖြစ်တယ်လို့ အတည်ပြုခဲ့လို့ ဘယ်လိုပဲ စစ်နည်းဗျူဟာ ပြည့်စုံနေပါစေ ဘိုးတော်ဘုရားလက်ထက်က ကွန်ပျူတာနဲ့ အလုပ်ဖြစ်နေတယ် ဆိုရပါမယ်။

Microsoft Windows XP Desktop

Microsoft Windows XP (Source: Wikimedia)

Hardware ပိုင်းနဲ့တွေးလို့ရတာက Core i Series မှာ ဆိုရင် Lynnfield (45nm) မျိုးနွယ်ကို 3-Digit Processor တွေဖြစ်တဲ့ (i7-870 ၊ i5-650) က ဂိတ်ဆုံးဖြစ်နိုင်ပါတယ်။ ဒါကို မမက်ဘူးဆိုရင်တော့ LGA 775 မျိုးဆက်တွေဖြစ်တဲ့ Core 2 Duo ၊ Pentium ဒါမှမဟုတ် Celeron Processor တွေသုံးနိုင်ပါတယ်။

အဲ့ခေတ်က ကွန်ပျူတာဆိုရင် 1GB RAM နဲ့ 160GB HDD တင် အလုပ်ဖြစ်တာဆိုတော့ ခေတ်မီ Software မသုံးသလို Desktop မှာ Run နေတဲ့ Process တွေက Windows 10 နဲ့ ယှဥ်ရင် ၁၀ ဆ (183 Process vs 19 Process) လောက် ကွာသွားပြီလို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။

Windows 10 Task Manager Info

Windows 10 Task Manager Info

အဲ့ဒါကြောင့် Cyber-crime နဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေပေမယ့် Upgrade လုပ်ဖို့ စိတ်ကူးမရှိတာကို နောက်ဆုံးထွက် Windows 10 (1909) နိုဝင်ဘာ Update နဲ့ ပြောရင် လျစ်လျူရှုထားသလား အောက်မေ့ရပါတယ်။ (တင်မယ့်တင် ပူတင်ကြီး MacOS ပြောင်းသုံးမလားမသိဘူး)

၁၈ နှစ် သက်တမ်းရှိသွားပြီဖြစ်တဲ့ Windows XP ဟာ Apple ပထမဆုံး မိတ်ဆက်ခဲ့တဲ့ MacOS နဲ့ ယှဥ်လိုက်ရင် ပြတ်ကျန်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၅၀ မှာ Widnows XP ကို အသုံးပြုနေဆဲဖြစ်ပြီး ရာခိုင်နှုန်းအရ ပြောရရင် 7.04% ၊ Windows 7 မှာ 48.5% ၊ Windows 10 မှာ 45% သုံးနေကြပြီ ဖြစ်ပါတယ်။

အခုလို Windows XP သုံးနေလို့ သမ္မတပူတင်ကို ခေတ်မီလက်နက်ကြီးတွေနဲ့ နည်းပညာပိုင်ဆိုင်ထားပေမယ့် IT အတွေးခေါ်နည်းတယ် သုံးသပ်တာထက်စာရင် ကိုယ့် Password ကို 01234 လို့ ကမ္ဘာ့အဆိုးရွားဆုံး Password စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ကန်သမ္မတကြီး Donald Trump ထက်တော့ သာသေးတယ် ပြောရမယ် ထင်ပါတယ်။

Source: PCMag