fbpx

This is digital planet.

SamsungTech News

Q1 ပိုင်းမှာ မနှစ်က အမြတ်ငွေထက် လျော့ကျလာခဲ့တဲ့ Samsung

Samsung မှ ၂၀၁၉ ခုနစ် ပထမအပတ်အတွက် ရရှိခဲ့တဲ့ အမြတ်အစွန်းစာရင်း(Q1)ကို ထုတ်ပြန်ခဲ့ပါတယ်။ Samsung အနေနဲ့ ယခုနှစ် ပထမအပတ်အတွက် ဝင်ငွေ ဒေါ်လာ ၅.၅ ဘီလျံ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဒေါ်လာ ၁၄.၄ ဘီလျံ ဆိုတဲ့ ပမာဏထက် များစွာ လျော့နည်းနေပါတယ်။

Samsung အနေနဲ့ Memory Chips တွေဈေးနှုန်း ကျဆင်းလာသလို့ Apple iPhone အတွက် OLED Display များဝယ်လိုအားကျဆင်းနေတာကြောင့် Samsung အနေနဲ့အခုလို့တွေကြုံတွေ့နေခဲ့တာရဖြစ်ပါတယ်။

Image result for s10 5g

Samsung S10 Plus 5G

မျှော်လင့်နိုင်တာကတော့ Samsung အနေနဲ့ Galaxy S10 series ကနေပြီးဝင်ငွေပိုင်းတိုးတက်လာဖို့ ရှိနိုင်ပါတယ်။ Samsung ရဲ့ Overall ဝင်ငွေအနေနဲ့ ၁၄ ရာခိုင်နှုန်းလောက်ပဲ လျော့ကျခဲ့တာပါ။ ပထမသုံးလပတ်မှာ Overall ဝင်ငွေ ဝမ် ၅၂ ထီလျံ ဝင်မယ်လို့ ခန့်မှန်းထားပါတယ်။

Samsung အနေနဲ့နောက်ဆုံးအကြိမ် အခုလို့ ဝင်ငွေ လျော့ကျခဲ့စဉ်က Galaxy Note 4 နဲ့ 4K TVs တွေကတဆင့်အကျိူးအမြတ်များပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ Samsung အနေနဲ့ Galaxy Fold တို့လို့ High-priced Device တွေ စွဲမက်ဖွယ်ကောင်းတဲ့ Flexible display တွေကနေတဆင့်အကျိုးအမြတ်များကိုလည်း မျှော်လင့်လို့ရအုန်းမှာဖြစ်ပါတယ်။ အဲ့အပြင် Data Center တွေပြုလုပ်လာတာကြောင့် Memory Chip တွေရောင်းချရခြင်းကလည်း အမြတ်ငွေရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Image result for samsung memory chips

Samsung Memory Chips

Ref: Engadget

Photos: Internet