fbpx

This is digital planet.

OPPOTech News

Quad Camera၊ 8 GB RAM နှင့်အတူ 5,000 mAh ဘက်ထရီ တို့ပါဝင်သော OPPO A9 2020 နှင့် A5 2020 ကို ပြည်တွင်းတွင် တရားဝင် မိတ်ဆက်

မြန်မာပြည်တွင်းရှိ စမတ်ဖုန်း သုံးစွဲသူများ အတွက် ဈေးနှုန်းသင့်တင့်ကာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လှပသေသပ်တဲ့ ဒီဇိုင်းတွေနဲ့ စမတ်ဖုန်းတွေကို အစဉ်အမြဲ မိတ်ဆက်ပေးတတ်တဲ့ OPPO မှ “Unstoppable Fun” ခေါင်းစဉ် နဲ့အတူ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးမယ့် စမတ်ဖုန်းတွေဖြစ်တဲ့ OPPO A9 2020 နဲ့ A5 2020 တို့ကို ရန်ကုန်မြို့ရှိ HOG Esports Centre တွင် စက်တင်ဘာလ (၁၉) ရက်နေ့က တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပွဲ အခမ်းအနားကို သရုပ်ဆောင် ပိုင်အုပ်စိုးအောင်၊ အဆိုတော် လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ Streamer Pancy၊ Team 7၊ Team Sama၊ OPPO Myanmar မှ တာဝန်ရှိသူတို့နဲ့အတူ OPPO ကနေ အသစ်ထွက်ရှိလာတဲ့ စမတ်ဖုန်းများဖြစ်တဲ့ ကင်မရာ (၄)လုံး၊ 8 GB RAM နဲ့အတူ 5,000 mAh ဘက်ထရီ ပါဝင်လာတဲ့ OPPO A9 2020 နဲ့ A5 2020 တို့ကို PUBG Game Theme နဲ့အတူ ထူးခြားဆန်းပြားစွာ မိတ်ဆက်ပေးခဲ့ပါတယ်။

ယခုမိတ်ဆက်ပေးလိုက်တဲ့ OPPO A9 2020 စမတ်ဖုန်းကို သမုဒ္ဒရာထဲမှာရှိတဲ့ လှိုင်းတွေ ရွေ့လျားတဲ့အခါမှာ အလင်းပြန်သလို စိုပြေဆန်းပြားလှတဲ့ Marine Green အရောင် နဲ့အတူ အပြာရောင် နဲ့ ခရမ်းရောင်တို့ကို ရောစပ်ထားတဲ့ အရောင်ပြေးတွေနဲ့ စိတ်ကူးယဉ်ဆန်စွာ စီချယ်ထားတဲ့ Space Purple အရောင်တို့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာငွေ(၃၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း၊ A5 2020 စမတ်ဖုန်းကို ကြွေထည်လို တောက်ပနေတဲ့ Mirror Black နဲ့ ရွန်းစိုတောက်ပတဲ့ အဖြူရောင် Dazzling White အရောင်တို့ရရှိနိုင်မှာဖြစ်ပြီး မြန်မာငွေ (၂၉၉,၉၀၀) ကျပ် လည်းကောင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းနှစ်မျိုးစလုံးကို စက်တင်ဘာလ (၂၀)ရက်နေ့မှ (၂၇)ရက်နေ့ အတွင်း ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာလ (၂၉) ရက်နေ့ကစတင်ကာ ပြည်တွင်းတွင် စတင်ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူများအတွက် မေတ္တာလက်ဆောင်အဖြစ် Power bank၊ Photo frame တို့နဲ့အတူ PUBG နဲ့ပတ်သက်တဲ့ ဆုလက်ဆောင်တွေအပြင် 100% Cash back ကံထူးနိုင်မယ့် ခဲခြစ်ကံစမ်းမဲတွေ ကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

OPPO ကနေ အသစ်မိတ်ဆက်ပေးလိုက်တဲ့ OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းနှစ်မျိုးစလုံးမှာ ဘယ် angle က ရိုက်ရိုက် သဘာဝကျတဲ့ ရိုက်ချက်တွေကို ရိုက်ကူးပေးနိုင်မယ့် Quad Camera ပါဝင်လာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Snapdragon 665 processor နဲ့အတူ ဂိမ်းကစားရာမှာ စွမ်းဆောင်ရည်ထပ်မံ့မြှင့်တင်ပေးမယ့် Game Boost 2.0 လည်းပါဝင်လာပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပေါ့ပါးစွာ လုပ်ဆောင်နိုင်မယ့် 5,000 mAh လည်းပါဝင်လာပြီး ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်တို့ကို Dolby Atmos® sound effect များနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာ အသံတွေကို ဘက်ပေါင်းစုံကနေ ခံစားနိုင်မယ့် Dual Stereo Speakers ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဂိမ်းကစားသူတွေအကြိုက်တွေ့စေမယ့် OPPO A9 2020

OPPO ကနေ မိတ်ဆက်ပေးလိုက်တဲ့ OPPO A9 2020 စမတ်ဖုန်းဟာ ကျယ်ပြန်တဲ့ 119°Ultra Wide Angle ပုံတွေကို သဘာဝကျကျ ရိုက်ကူးပေးနိုင်မယ့်အပြင် Quad Camera set up ဖြစ်တဲ့ 48MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ့ 2MP Portrait lens တို့ကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Processor ပိုင်းတွင် 4GB Ram /128 Rom နဲ့ Snapdragon 665 chipset ကိုအသုံးပြုပေးထားတဲ့အပြင် software ပိုင်းမှာလည်း ဂိမ်းကစားရာမှာ မြန်ဆန်သွက်လက်စွာ ကစားနိုင်အောင် အဆင့်မြှင့်တင်ပေးမယ့် Game Boost 2.0 ကို ပေါင်းစပ်ပေးထားတဲ့ အတွက် ဂိမ်းကစားသူတွေအကြိုက်တွေ့စေမယ့် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

Ultra Wide lens နဲ့အတူ ကင်မရာ (၄)လုံး ပါဝင်လာတဲ့ OPPO A5 2020

OPPO A9 2020 နဲ့အတူ မိတ်ဆက်ပေးလိုက်တဲ့ A5 2020 စမတ်ဖုန်းမှာ 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ့ 2MP Portrait lens တို့ဖြင့် ကင်မရာ (၄)လုံးပါဝင်လာပြီး 119° Ultra Wide ဓာတ်ပုံများကို ရိုက်ကူးနိုင်မယ့်အပြင် Ultra Night Mode 2.0 ပါဝင်လာတဲ့အတွက် ညအချိန်ဓာတ်ပုံတွေရိုက်ကူးရာမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိမှာ ဖြစ်ပါတယ်။ OPPO A5 2020 စမတ်ဖုန်းကို 4GB Ram /128 Rom ဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး စမတ်ဖုန်းနှစ်မျိုးစလုံးကို စက်တင်ဘာလ (၂၉) ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Press release by OPPO.