fbpx

This is digital planet.

AppleQualcommTech News

Qualcomm နဲ့ လက်မတွဲခင်မှာ Intel က အရေးပါတဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ယူခန့်ထားခဲ့တဲ့ Apple

Apple ဟာတော့ နောက်ထပ် ထွက်ရှိမယ့် iPhone အသစ်တွေမှာ အသုံးပြုမယ့် 5G နည်းပညာအတွက် partner တွေ ရှာဖွေခဲ့ပါတယ်။ ပြောရရင်တော့ Intel နဲ့ Apple ရဲ့ ကြားထဲမှာ ကနဦး ညှိနှိုင်းမှုတွေလည်း ရှိခဲ့ပြီးပါပြီ။ 5G modem ထုတ်လုပ်မှု အတွက် Qualcomm နဲ့ရော Intel နဲ့ပါ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ Qualcomm နဲ့ လက်တွဲခဲ့တာပဲဖြစ်ပါတယ်။

Apple နဲ့ Qualcomm တို့ရဲ့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဆက်ဆံရေးအဆင်မပြေမှုတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတင်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ညှိနှိုင်းမှုတွေ မပြီးဆုံးခင်မှာ Apple ဟာ နောက်နှစ်မှာ ထွက်ရှိမယ့် iPhone တွေအတွက် chipset တွေကို သူတို့ရဲ့ ကိုယ်ပိုင် ထုတ်လုပ်နိုင်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး လုပ်ငန်း တွင်ကျယ်စေဖို့အတွက် Intel company က 5G Modems developer ခေါင်းဆောင်ဖြစ်သူ Umashankar Thyagarajan ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ခေါ်ယူအလုပ်ခန့်ခဲ့ပါသေးတယ်။

Image result for Thyagarajan’ intel

Apple ဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိမယ့် iPhone တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ထားတဲ့ Chipset တွေကို အသုံးပြု မောင်းနှင်နိုင်ဖို့အတွက် ရည်ရွယ်လျက်ရှိနေပါတယ်။ တဖက်မှာလည်း Apple နဲ့ လက်တွဲလုပ်ဆောင်မယ့် 5G project ကို ရပ်တန့်လိုက်တဲ့နောက်မှာ Intel ဟာ 5G Modem လောကကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဌာနတွင်း Email များ အရတော့ Thyagarajan ရဲ့ နှုတ်ထွက်မှုကြောင့် Intel ရဲ့ 5G ရည်မှန်းချက်ကို ရှုပ်ထွေးသွားစေခဲ့ပြီး အဆုံးသတ်မှာတော့ 5G modem ထုတ်လုပ်မှုကိုပါ လက်လျှော့သွားစေခဲ့ပါတယ်။

Intel မှ တာဝန်ရှိသူ တစ်ချို့ရဲ့ ဌာနတွင်း Email များအရတော့ Mr.Thyagarajan ဟာ ပြီးခဲ့တဲ့ နှစ်တွေက iPhone တွေရဲ့ chipset တွေ ဖန်တီးရာမှာ အရေးပါတဲ့ နေရာ က ဆောင်ရွက်ခဲ့ရတဲ့ Project Engineer တစ်ယောက် ဖြစ်တယ်လို့ သိခဲ့ရပါတယ်။

Ref: GizmoChina