This is digital planet.

QualcommTech News

Qualcomm announced Snapdragon 690 5G Mobile platform for budget smartphones

Qualcomm ရဲ့ 6-series Lineup မှာ ပထမဆုံး 5G အသုံးပြုထားတဲ့ Chipset အဖြစ် Snapdragon 690 ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ SoC မှာ sub-6GHz ကွန်ရက်စနစ်ကို ထောက်ပံ့ထားမှာဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ mmWave ကိုတော့ သုံးစွဲလို့ရမှာ မဟုတ်ပါဘူး။

သို့အတွက်ကြောင့် 690 ဟာ Budget နဲ့ Mid-range ဖုန်းတွေအတွက် Target ထားသလို စွမ်းဆောင်ရည်ပိုင်း ပြောင်းလဲမှုတွေ ဖော်ပြရရင် CPU အပိုင်းမှာ 20% နဲ့ GPU အပိုင်းမှာ 60% အသီးသီး Snapdragon 675 ထက် မြန်တယ်လို့ သိရပါတယ်။

Snapdragon 690

အထူးသဖြင့် 5G Support ရရှိလာဖို့ တပ်ဆင်ထားတဲ့ X51 Modem အသစ်ဟာ 6-series Chip သစ်ကို ကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲသွားစေသလို Budget ဖုန်းတွေရဲ့ စျေးကွက် အခြေနေ တမျိုးတဖုံ ပြောင်းလဲလာနိုင်ပါတယ်။

Snapdragon 690

Image: AnandTech

Snapdragon 632 နဲ့ 665 Chipset အသုံးပြုထားတဲ့ ဖုန်းတချို့ တန်ကြေးဟာ $149 နဲ့ $199 အကြားရှိနေသလို 5G-enabled ဖုန်းတလုံးအတွက် 7-series (သို့) 8-series Chip သုံးစွဲရမယ်၊ ဒိအတွက် ရောင်းစျေးကလည်း ကွာသလို Premium နဲ့ High-end Level ကွာခြားမှု ရှိနေဦးမှာပါ။

အခုလို 6-series 5G Chip သစ်ကြောင့် Manufacturer တွေအနေနဲ့ တန်ဖိုးနည်း Budget ဖုန်းတွေကို $200 အောက် စျေးနဲ့ ထုတ်လုပ်စေနိုင်မယ်၊ ဒါကြောင့် 5G ဖုန်းတလုံးကို စျေးကြီးပေးကိုင်စရာ မလိုတော့သလို စျေးကွက်ကျုံ့လိုက်တဲ့ သဘောအနေနဲ့ 5G Support အပြင် စိတ်ဝင်စားစရာ အားသာချက်တချို့လည်း ပါဝင်ပါသေးတယ်။

120Hz Support

အဲ့ဒါက Snapdragon 690 SoC မှာ 120Hz Refresh Rate Support ၊ 4K HDR Video Capture နဲ့ Mid-range Device တွေမှာ 192 MP Camera ကိုင်တွယ်ပေးနိုင်တဲ့အထိ အားဖြည့်ထားပါတယ်။

ဒါကြောင့် 2020 ဒုတိယနှစ်ဝက် ကာလအတွင်းမှာ Snapdragon 690 အသုံးပြုထားမယ့် Budget နဲ့ Mid-range ဖုန်းတွေကို HMD ၊ LG ၊ Motorola ၊ Sharp နဲ့ TCL တို့ကနေ မြင်တွေ့ရဖို့ ရှိပါတယ်။

Snapdragon 768G

Image: The Verge

သုံးစွဲသူတွေ အနေနဲ့ ဝိဝေသ ကွဲစရာမလိုတာ 5G Chip တွေဖြစ်တဲ့ 765 ၊ 768G တို့ဟာ Mid-range Level မှာ Premium ဖက်သွားတဲ့ SoC တွေပါ။ Qualcomm အနေနဲ့ ခုလို Entry Level သစ် မိတ်ဆက်လိုက်တာ ပြိုင်ဆိုင်မှု အားကောင်းနေတာလည်း ပါဝင်ပါတယ်။

ဒုတိယအချက်က 5G အသွင် ကူးပြောင်းနေတဲ့ 2020 လို ကာလမျိုးမှာ 4G ထက် ပိုပြီးတော့ ဦးစားပေးလာကြတယ်၊ ကျွန်တော်တို့ ဆီမှာတော့ ကံအားလျော်စွာ မြင်တွေ့ သုံးစွဲခွင့် မရသေးသလို 690 ဖုန်းတွေလာရင် စိတ်ဝင်စားမယ့် အချက်တော့ ရှိမယ်ထင်ပါတယ်။

$200 အောက် 120Hz Refresh Rate ပါဝင်ပြီး ဂိမ်းမင်းအသားပေး အသုံးပြုလို့ရတဲ့ စမတ်ဖုန်းအဖြစ်ပါ၊ ဒိအတွက် ထုတ်လုပ်သူတွေ ဘယ်လိုဖန်တီးလာမလဲ စောင့်ကြည့်ရဦးမှာပါ။

Source: The Verge