fbpx

This is digital planet.

Tech News

လက်ဗွေရာ ၂ ခုကို Scan ဖတ်နိုင်တဲ့ Qualcomm ရဲ့ In-display Fingerprint Sensor

Qualcomm နည်းပညာ ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့ Galaxy S10 Family မှာ အသုံးပြုခဲ့တဲ့ Ultrasonic Chip တွေနဲ့ အတူတူပဲလို့ ယေဘူယျ သုံးသပ်နိုင်ပါတယ်။ Qualcomm မှာတော့ တဆင့်မြင့်ထားတဲ့ 3D Sonic Max Sensor ကို အသုံးပြုထားတာဖြစ်ပြီး ပုံမှန် Sensor တွေထက် ၁၇% ပိုကြီးလာပါတယ်။

Sonic Max Fingerprint Sensor

Image Credit: Engadget

ဒီလို Unlock Area ပိုကြီးသွားတဲ့အတွက် လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်ပြီး Extra Authentication အတွက် အသုံးဝင်မယ်လို့ သိရပါတယ်။ ဒီနေရာမှာ သိစေချင်တာက Ultrasonic Sensor တွေ လက်ရေစိုနေလည်း Scan ဖတ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ Optical Sensor နဲ့ Approach (Light Vs. Sound) လုပ်ပုံခြင်း မတူတဲ့အတွက် ပိုပြီးတော့ Reliable ဖြစ်ပါတယ်။ ဒါပေမယ့် Surface Texture ကို Sound Wave နဲ့ Detect လုပ်တာဖြစ်တဲ့အတွက် S10 မှာတုန်းကလို ပါးလွာတဲ့ Layer တစ်ခုကွယ်နေရင်တောင် မှားယွင်းနိုင်တဲ့ အားနည်းချက် ရှိနေပြန်ပါတယ်။

3D Sonic Max Sensor

Image Credit: The Verge

နောက်တစ်ချက်က Optical Sensor တွေထက် Scan (Unlock) Speed ပိုနှေးပါတယ်။ အခု 3D Sonic Max Sensor မှာလည်း ဒီလိုအပ်ချက်ကို ပြင်ဆင်ထားခြင်း မရှိဘဲ ပိုကြီးတဲ့ Sensor Size နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Scan ဖတ်နိုင်တဲ့ Area ပိုများလာတဲ့ အားသာချက်ဟာ Security ပိုင်းတွက် အဓိက သော့ချက်ဖြစ်စေသလို လက်မတစ်နေရာစာတောင် မရှိတဲ့ Sensor တွေထက်တော့ ပိုပြီးတော့ စိတ်ချလို့ ရစေမှာဖြစ်ပါတယ်။

ဒါကို Product Managementအပိုင်းရဲ့ စီနီယာ ဒါရိုက်တာဖြစ်သူ Gordon Thomas က ဘယ်လို ပြောလဲဆိုရင်

အခု ခင်ဗျားတို့ သုံးနေတဲ့ Optical ၊ Ultra-Sonic Sensor တွေရဲ့ အရွယ်စားက 4mm x 9mm ပဲ ရှိတာပါ။ ဒီ Size က ခင်ဗျားတို့ရဲ့ လက်ဗွေရာ တစ်စိတ်တဒေသကိုပဲ Scan ဖတ်ပေးနိုင်တာပါ

Ultra-sonic Fingerprint Sensor on Galaxy S10

အခု 3D Sonic Max Sensor ကိုကျ ဘယ်လိုပြောလဲဆိုရင်

ဆိုကြပါစို့၊ မင်းအခု Pizza တစ်ခြမ်းကို မြင်လိုက်တယ်၊ ဘာသားနဲ့ လုပ်တာလဲ၊ သတ်သတ်လွတ်လား ဘာလား မခွဲနိုင်ဘူးလေ။ အခု လက်ဗွေရာ ၂ ခု ပါဝင်တယ်ဆိုတာက Full Fingerprint Authentication အတွက် လိုအပ်လို့ပဲဆိုပြီး ပြောသွားခဲ့ပါတယ်

တကယ်လည်း ဟုတ်ပါတယ်။ 20mm x 30mm အရွယ်စားရှိတဲ့အတွက် စုစုပေါင်း 600 mm² ရှိတဲ့အတွက် System ကိုလည်း အရူးသွားလုပ်လို့မရတော့ဘူးဆိုပါတယ်။

Thomas ကတော့ Apple FaceID ရဲ့ Accuracy Rate နဲ့ ထပ်တူကျတယ်လို့ ပြောထားတဲ့အတွက် ကောလာဟလတွေအရ ဆိုရင် Qualcomm ရဲ့ Fingerprint Sensor တွေကို 2020 iPhone တွေမှာ သုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source: TheVergeEngadget