fbpx

This is digital planet.

K News

“QUEENDOM” မှာပါ၀င်တဲ့ အခြားအဖွဲ့က member များနဲ့ ပျော်စရာကောင်းတဲ့ပုံရိပ်တွေကိုချပြလိုက်တဲ့ Park Bom

“Queendom” ဟာဆိုရင်တော့ ယခုလက်ရှိမှာ MNET ကနေကြာသပတေးနေ့တိုင်းထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ kpop အမျိုးသမီး idols တွေရဲ့ comeback battle show ပဲဖြစ်ပါတယ်။ လူချစ်များတဲ့ အရင်က2NE1 အဖွဲ့ဝင် Park Bom ဟာဆိုရင်လည်း ဒီအစီစဥ်မှာပြန်လည်ပါဝင်လာတာတွေ့ရတာကြောင့် ပရိတ်သတ်တွေကြား အတော်လေးအပြောများဆဲဖြစ်နေပါတယ်။

စက်တင်ဘာလ ၉ရက်နေ့မှာတော့ Park Bom က သူရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာ Queendom မှာပါဝင်ကြတဲ့အခြားသော မိန်းကလေး idols တွေဖြစ်တဲ့ Hwasa (MAMAMOO), HyeJeong(AOA), Minnie((G)-Idle), HyoJung(OhMyGirl) နဲ့ Kei (Lovelyz) တို့နဲ့အတူ ရေကန်နားမှာရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာပါ။

အဲ့ဒီပုံလေးကိုတော့ ” Hwasa ကတော့ရှက်နေတယ်။ Queens တွေရဲ့ work gathering ” ဆိုတဲ့ captionနဲ့ ချပြခဲ့တာဖြစ်ပါတယ်။ အားပေးကြတဲ့ ပရိတ်သတ်တွေကလည်း တခဲနက်အားပေးခဲ့ကြပြီး Park Bom တစ်ယောက် သူငယ်ချင်းအသစ်တွေရနေတာကို ပျော်နေကြတာပါ။ ကြည့်ရှုနှုန်းကောင်းအောင် Program တွေကို ပွဲဆူအောင် လုပ်လေ့ရှိတဲ့ MNET တောင် သူတို့ကြားမဝင်နိုင်ဘူး လို့လဲမှတ်ချက်ပေးခဲ့ကြပါသေးတယ်။ အရင်က 2NE1 အဖွဲ့၀င်ဖြစ်တဲ့ Dara လည်း comment မှာဝင်ပြီး support လုပ်ထားတာတွေ့ရပါတယ်။

Ref: Soompi