fbpx

This is digital planet.

LenovoTech News

RAM 12GB ပါဝင္လာမဲ့ Lenovo Z5s Ferrari SuperFast Edition

Zawgyi





 

Unicode

RAM 12GB ပါဝင်လာမဲ့ Lenovo Z5s Ferrari SuperFast Edition

Lenovo ရဲ့ အသစ်ထွက်ပေါ်လာတဲ့ ကောလဟလ သတင်းတွေအရ Lenovo အနေနဲ့ ကားထုတ်လုပ်သူတွေ နဲ့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်တော့မှာဖြစ်တယ်လို့သိရပါတယ်။ Leak Photos တွေ အရတော့ အဆိုပါဖုန်းဟာ Lenovo ရဲ့ မကြာခင်ထွက်ရှိတော့မဲ့ Lenovo Z5s ရဲ့ Ferrari SuperFast Edition ဖြစ်တယ်လို့ ပုံမှာပါဝင်တဲ့ဖုန်းရဲ့ “About Phone” Setting ထဲမှာမြင်တွေ့ခဲ့ရကာ အဆိုပါဖုန်းရဲ့ Spec အချို့ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

Lenovo Z5s Ferrari SuperFast Edition ဟာ Lenovo Z5s ရဲ့ Special Edition Model တစ်ခုဖြစ်ပြီး Supercar Company ဖြစ်တဲ့ Ferrari နဲ့ပူပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပုံမှာတော့ အဆိုပါဖုန်းရဲ့ Model Number ဟာ L78071 ဖြစ်တယ်လို့သိရပြီး Snapdragon 845 processor နဲ့ 12GB RAM ပါဝင်မယ်လို့လည်းဖော်ပြထားကာ 128GB Storage နဲ့ ZUI 10 ကိုလည်းထည့်သွင်းထားမယ်လို့သိရပါတယ်။ ဒီ Lenovo Z5s Ferrari SuperFast Edition ဟာဆိုရင် Lenovo ရဲ့ RAM အများဆုံးပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။

Lenovo ရဲ့ပုံမှန် Z5s မှာတော့ Snapdragon 710 processor ပါဝင်လာဖွယ်ရှိတယ်လို့သိရပြီး အတည်ပြုချက်တော့မရှိသေးပါဘူး

ဒီနှစ်မှာတော့ တရုတ် စမတ်ဖုန်းထုတ်လုပ်တွေအနေနဲ့ ကားကုမ္ပဏီ တော်တော်များများနဲ့ပူးပေါင်း၍ စမတ်ဖုန်းတွေထုတါလုပ်လာကျပါတယ်။ OPPO အနေနဲ့ OPPO Find X မှာ OPPO Find X Automobili Lamborghini Edition ကိုထုတ်လုပ်ခဲ့ကာ ပြီးခဲ့တဲ့ အပတ်ကလည်း OnePlus အနေနဲ့ OnePlus 6T McLaren Edition ကို ဗြိတိန်ကားကုမ္ပဏီဖြစ်တဲ့ McLaren နဲ့ပူးပေါင်းပြီးထွက်ရှိခဲ့သလို Huawei အနေနဲ့လည်း Porsche နဲ့ပူးပေါင်းလျက်ရှိကာ Porsche Design Special Edition စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ရှိနေပါတယ်။

Source