fbpx

This is digital planet.

Tech News

အသေးငယ်ဆုံး Modular Gaming PC ကို မိတ်ဆက်လိုက်တဲ့ Razer နဲ့ Intel

Modular PC ဆိုတာ Intel ဖန်တီးထားတဲ့ နည်းပညာတစ်ခုပါ။ Full Size ATX Desktop ကြီးကနေ Mini စီးရီးအထိ အသုံးပြုနေတဲ့ Hardware Component တွေကို တစ်ခုချင်းစီ ဖြုတ်၊ တပ် လဲလှယ်နိုင်အောင် စီမံထားတဲ့အပြင် ဘယ်လောက် အနုစိပ်သွားထားလဲဆိုရင် Recycle ပြန်လုပ်နိုင်တဲ့ ပစ္စည်းတွေ အသုံးချထားလို့ Modular PC လို့ အမည်တွင်တာ ဖြစ်ပါတယ်။

မြင်သာအောင် ထပ်ပြောရင်တော့ Modular PC ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ Desktop ကွန်ပျူတာတွေမှာ CPU နဲ့ Graphics Card တွေ ဖြုတ်လဲသလိုမျိုး Component တစ်ခုချင်းစီ အကုန်ဖြုတ်၊ လှဲနိုင်တာ ဖြစ်ပါတယ်။

Razer Tomahawk N1

Razer Tomahawk (Photo: TheVerge)

ဒီလိုတစ်ခုချင်းခွာရင် Modular မှာ အားသာချက်ရှိတာက Electrostatic Discharge (ESD) လို့ခေါ်တဲ့ Circuit Board တွေဖွင့်စရာမလိုဘဲ လှဲလယ်နိုင်အောင် စီမံထားပါတယ်။

Modular ခေါင်းစဥ်အောက်မှာ အဓိက ဦးဆောင်နေတာကတော့ Intel ဖြစ်ပြီး Collaboration အနေနဲ့ Razer ၊ Cooler Master တို့ ပါဝင်ထားပါတယ်။ ဒီကနှစ် Las Vegas မြို့မှာကျင်းပနေတဲ့ CES 2020 ပွဲကြီးမှာတော့ ကမ္ဘာ့ပထမဆုံး Modular PC ကို Razer ပထမဆုံး မိတ်ဆက်ပေးလိုက်ပြီး အသေးငယ်ဆုံး အရွယ်စားနဲ့ ရရှိနိုင်မယ့် Tomahawk Modular PC ဖြစ်တယ်လို့ သိရပါတယ်။

Razer Tomahawk

Photo: Razer Zone

Tomahawk မှာ 45W သုံးစွဲမယ့် Intel Core i9-9980HK (Mobile Processor) ပါဝင်ပြီး RTX 2080 Super ကို အမြင့်ဆုံး Graphics Card အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပုံစံက Razer Core နဲ့ ဆင်တူပေမယ့် Tomahawk မှာ ထပ်တိုးနိုင်တဲ့ RAM Slot နဲ့ Storage Slot တွေ ပါဝင်ပါတယ်။

ရောင်းချမယ့် စျေးနှုန်းကို ဒေါ်လာ ၂,၀၀၀ သတ်မှတ်ထားပြီး Base မော်ဒယ်မှာ Intel Core i7-9750H ၊ 16GB RAM ၊ 512GB SSD နဲ့ RTX 2060 Graphics Card ပါဝင်မှာ ဖြစ်ပါတယ်။ အခုလို Razer မိတ်ဆက်လိုက်တဲ့ Tomahawk နဲ့ ဆက်စပ်လို့ Legend တစ်ခုကို ပြောရမယ်ဆိုရင် Tomahawk ထက် သေးငယ်တဲ့ Ghost Canyon (NUC Element) ကို Intel ကြေညာပြီးသား ဖြစ်ပါတယ်။

Razer Tomahawk

Photo: TheVerge

NUC ဆိုတာ (The Next Unit of Computing) လို့ အဓိပ္ပာယ်ရပါတယ်။ ကွန်ပျူတာလောကမှာ NUC ကို ၂၀၁၂ ခုနှစ်ကတည်းက Intel ဦးဆောင်နေတာဖြစ်ပေမယ့် Portability ကို ဦးစားပေးလာတဲ့ နောက်ပိုင်းမှာ အကောင်သေးသေးလေးနဲ့ အဆိပ်ပြင်းတဲ့ Modular PC ဖန်တီးဖို့ အားသန်လာကြပါတယ်။

Tomahawk ထက် ပိုသေးတဲ့ Modular PC ကို Ghost Canyon လို့ နာမည်ပေးထားပြီး ၂၀၁၇ – ၁၈ ခုနှစ်အတွင်းမှာ AMD နဲ့ Collaboration လုပ်ခဲ့တဲ့ Skull Canyon မျိုးဆက် ဖြစ်ပါတယ်။ Skull Canyon မှာ Intel Processor ကို Radeon Vega M Graphics ကို Chip တစ်ခုထဲ အသုံးပြုခဲ့ပြီး စွမ်းဆောင်ရည်အပိုင်းမှာ Intel Processor + Nvidia GPU (GTX 1070) တွဲ သုံးတာထက် ပိုသာနေခဲ့ပါတယ်။

Ghost Canyon

Ghost Canyon (Photo:TheVerge)

ဆိုလိုတဲ့သဘောက Modular PC ဖြစ်ပေမယ့် Performance အပိုင်းမှာ Reliable ဖြစ်တယ်လို့ ပြောနိုင်ပြီး ၂၀၁၉ မှာတော့ PlayStation 4 Pro ထက်သေးငယ်တဲ့ Ghost Canyon အဖြစ် Intel ချပြနိုင်ခဲ့ပါတယ်။

Ghost Canyon မှာလည်း 45W Intel Processor ကို ထောက်ပံ့ထားပြီး 64GB DDR4 RAM ၊ M.2 NVMe SSD 2 Slots နဲ့ Graphics Card ကို အမြင့်ဆုံး Mini RTX 2070 အထိ သုံးနိုင်အောင် ဖန်တီးထားပါတယ်။

Razer နဲ့ ကွာသွားတဲ့အချက်က Ghost Canyon မှာ ပါဝါ အထောက်ပံ့နည်းတဲ့အတွက် တဆင့်ကွာသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။ Intel အနေနဲ့ Ghost Canyon ကို အနိမ့်ဆုံး ဒေါ်လာ ၁,၀၀၀ ကနေ အများဆုံး ၁,၇၀၀ အထိ ရောင်းချသွားမှာဖြစ်ပြီး Core i5 Processor ကနေ i9-9980HK အထိ တခြား Component တွေကိုလည်း စိတ်ကြိုက် Customize လုပ်ပြီး ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Source: TheVerge 12Razer