fbpx

This is digital planet.

RealmeTech News

Realme မှ Realme 3 Pro နဲ့ Realme C2 တို့ကို မိတ်ဆက်ပေးခဲ့

Realme 3 Pro

လက်ရှိ ဈေးကွက်အတွင်းမှာ မြန်မာငွေ ၂၅၉၀၀၀ နဲ့ စတင်ရောင်းချနေတဲ့ Realme 3 ရဲ့ Pro version ကတော့ ဒီနေ့မှာပဲထွက်ရှိလာခဲ့ပါပြီး ထူးခြားချက်အနေနဲ့ ဒီဖုန်းမှာတော့ နာမည်ကျော်ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ကိုထောက်ပံ့ပေးမယ်လို့သိရပြီး ဈေးနှုန်းအနေနဲ့ ၃ သိန်းဝန်းကျင်လောက်နဲ့ စတင်မယ်လို့သိရပါတယ်။ သူမှာပါတဲ့ Spec တွေအရတော့ တန်တယ်လို့ဆိုရမှာပါ။ ကဲ့ သူမှာပါတဲ့ Spec တွေ တချက်လောက် ကြည့်ရအောင်။

Image result for realme 3 pro

Realme 3 Pro မှာတော့ 6.3-inch Full HD+ display ပါဝင်ပြီး Snapdragon 710 chipset ကိုသုံးပေးထားတာဖြစ်ပါတယ်။ ဈေးနှုန်း ၃ သိန်းကျော်ကျော်လောက်နဲ့ Snapdragon 710 ကိုသုံးရမှာဆိုတော့ မဆိုးဘူးလို့ပြောရမှာပါ။ Storage ပိုင်းကိုတော့ 4GB/6GB RAM ပါဝင်ပြီး internal storage ကိုတော့ 128GB အထိထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ 16MP + 5MP ကိုသုံးပေးထားပြီး primary sensor ကိုတော့ OnePlus 6T မှာသုံးပေးထားတဲ့ Sony IMX519 sensor ကိုထည့်သွင်းပေးထားတယ်လို့သိရပါတယ်။ ရှေ့ဘက် Selfie ကင်မရာကိုတော့ f/2.0 lens 25MP sensor ကိုအသုံးပြုပေးထားပါတယ်။

ဒါအပြင် Realme အနေနဲ့ Photography ပိုင်း feature အသစ်တွေအဖြစ် 64-megapixel Ultra HD mode ၊ Night scene mode ၊ 480 fps slow-motion video shooting အပြင် Burst mode နဲ့ ပိုမိုကောင်းမွန်တဲ့ color reproduction အတွက် Chroma Boost mode တွေကိုပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

OS ပိုင်းကိုတော့ Andriod 9 Pie အခြေပြု Color OS 6 ကိုထည့်သွင်းပေးထားမှာဖြစ်ပြီး ဘက်ထရီ 4045 mAh ပါဝင်ကာ OPPO ရဲ့နာမည်ကျော် VOOC 3.0 အားသွင်းစနစ်နဲ့ထောက်ပံ့ပေးထားမှာဖြစ်ကာ 20W charger ကိုလည်း Retail Box အတွင်းမှာပါဝင်မှာလည်းဖြစ်ပါတယ်။ Realme 3 Pro ရဲ့ ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးအချက်က micro USB port ကိုပဲသုံးထားတာဖြစ်ပါတယ်။ အခုနောက်ပိုင်း middle-range တော်တော်များများမှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Type-C port ကိုသုံးလာကြပေးမဲ့ Realme အနေနဲ့ ဝိတ်လျော့တဲ့သဘောမျိူးနဲ့ ရိုးရိုး USB port ကိုပဲ သုံးလာတဲ့ ပုံပါပဲ။

Realme 3 Pro ကိုတော့ Carbon Gray ၊ Nitro Blue ၊ Lightning Purple ဆိုပြီး အရောင် ၃ မျိုးနဲ့ရရှိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ 4GB/64GB ကို ရူပီး ၁၃၉၉၉ ( ဒေါ်လာ ၂၀၀ / မြန်မာငွေ ၃ သိန်းဝန်းကျင် ) နဲ့ 6GB/128GB ကို ရူပီး ၁၆၉၉၉ ( ဒေါ်လာ ၂၄၅ / မြန်မာငွေ ၃ သိန်း ၇ သောင်း ဝန်းကျင် ) ခန့်ရှိတယ်လို့သိရပါတယ်။

Realme C2

Realme 3 Pro နဲ့အတူ နောက်ထပ်ထွက်ရှိလာတဲ့ဖုန်းကတော့ Entry-level စမတ်ဖုန်းဖြစ်တဲ့ Realme C2 ပါ။ ဒီဖုန်းကတော့ ပြီးခဲ့တဲ့နှစ် က ထွက်ရှိခဲ့တဲ့ Realme C1 နဲ့ Realme C1 ( 2019 ) တို့ရဲ့မျိုးဆက်သစ်လည်းဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာတော့ လှပတဲ့ diamond-cut design နဲ့ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။

Image result for realme c2

Realme C2 မှာတော့ 6.1-inch Dewdrop notch ပါဝင်တဲ့ IPS LCD display ပါရှိပြီး HD+ resolution နဲ့ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ 19.5:9 aspect ratio ရှိကာ screen-to-body ratio အနေနဲ့ အနီးစပ်ဆုံး 90% အထိရှိပါတယ်။ processor ပိုင်းကတော့ Realme ဖုန်းတွေမှာ အသုံးများတဲ့ MediaTek ကိုပဲသုံးထားပြီး Helio P22 Chipset ပဲဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ ဘက်ထရီ အနေနဲ့ 4000 mAh ရှိပြီး Andriod 9 Pie OS အခြေပြု ColorOS 6.0 နဲ့ပဲမောင်းနှင်ပေးထားပါတယ်။ RAM အနေနဲ့ 3GB ပါဝင်ပြီး native storage ကိုတော့ 32GB အထိထည့်ပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ကျောဘက်မှာ 13MP + 2MP ပါဝင်ပြီး ရှေ့ဘက်မှာတော့ AI ပါဝင်တဲ့ 5MP front-facing camera ကိုသုံးထားပါတယ်။ fingerprint scanner ကိုတော့ ထည့်သွင်းပေးမထားပေးမဲ့ Al facial Face unlock ကိုတော့ထောက်ပံ့ပေးထားပါသေးတယ်။

Image result for realme c2

Realme C2 ကိုတော့ Diamond Blue နဲ့ Diamond Black ဆိုပြီး အရောင် ၂ မျိုးနဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ကတော့ 2GB RAM + 16GB storage ကိုတော့ ရူပီး ၅၉၉၉ ( ဒေါ်လာ ၈၆ / မြန်မာငွေ ၁ သိန်း ၃ သောင်း ဝန်ကျင် ) နဲ့ 3GB RAM + 32GB storage ကိုတော့ ရူပီး ၇၉၉၉ ( ဒေါ်လာ ၁၁၅ / မြန်မာငွေ ၁ သိန်း ၈ သောင်းခန့် ) နဲ့ရောင်းချပေးမယ်လို့သိရပါတယ်။ ဒီဖုန်းကိုတော့ မေလ ၁၅ ရက်နေ့မှာ အိန္ဒိယ မှာစတင်ရောင်းချသွားမယ်လို့သိရပါတယ်။

Ref: GSMArena and Gizmochina