fbpx

This is digital planet.

realmeTech News

Realme မှာ 90Hz display ပါ၀င်လာမယ့်ဖုန်းကို မကြာခင်မှာ မိတ်ဆက်တော့မယ်

သင့်အနေနဲ့ Smartphone ဈေးကွက်မှာ 90Hz display ပါတဲ့ ဖုန်းကိုရှာနေတယ်ဆိုရင် OnePlus 7 Pro ၊ nubia Red Magic 3 နဲ့ Red Magic 3S ကိုရွေးချယ်၀ယ်ယူလို့ရမှာပါ။ အဲ့ List ထဲမှာ Google ရဲ့ Pixel 4 & 4XL ၊ OnePlus 7T/7T စတဲ့ ဖုန်းတွေလည်း တိုးလာနိုင်ပါတယ်။ အဲ့အပြင် OPPO မှာ 90Hz screen ပါမယ့် ဖုန်းကို မိတ်ဆက်လာမယ်လို့ အတည်ပြုထား‌ပါတယ်။ အခု Realme ပါ အဲ့ List ထဲမှာ ပါ၀င်လာတော့မှာပါ။

Realme ရဲ့ Product Manager ဖြစ်တဲ့ Wang Derek က Company ရဲ့  90Hz display smartphone ထွက်ဖို့ သိပ်မကြာတော့ဘူးလို့ Weibo မှာတင်ခဲ့ပါတယ်။ Derek ကတော့ အဲ့ Device ရဲ့ Specifications တွေကို မ‌ဖော်ပြထားပါဘူး။ ဒါပေမယ့် ဈေးက OnePlus 7 ထက် သက်သာမယ်လို့ ဆိုထားပါတယ်။

အဲ့ Smartphone အသစ်ဟာ Realme XT Pro ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပြီး 6.4″ FHD+ AMOLED notched display ကိုသုံးလာမယ်လို့ သိရပါတယ်။ အဲ့အပြင် XT Pro မှာ Snapdragon 730G SoC နဲ့ 8GB RAM ၊ 128GB storage ပါ၀င်လာနိုင်ပါတယ်။

Camera ပိုင်းမှာဆိုရင်လည်း 32MP Selfie shooter နဲ့ ကျောဘက်မှာ 64MP main camera ကို 8MP Ultra-wide ၊ 2MP macro နဲ့  2MP depth sensor ကိုတွဲပေးထားပါတယ်။ နောက် ကောလဟာလ Specifications တွေအနေနဲ့ NFC ၊ Under Display fingerprint reader အသစ် နဲ့ 4,000 mAh battery မှာ 30W fast charging ကို support လာနိုင်မယ့် အချက်တွေပါ၀င်လာနိုင်ပါတယ်။

Ref : GSMArena