fbpx

This is digital planet.

NewsRealme

Realme ရဲ့ကိုယ်ပိုင် OS ဟာ 2019 အကုန်လောက်မှာ ထွက်ဖို့ရှိနေ

Realme မှာ သူတို့ရဲ့ ကိုယ်ပိုင် OS ကိုပြုလုပ်နေတယ်လို့ CEO Madhav Sheth ကပြောခဲ့ပါတယ်။ အခုလက်ရှိ Realme အနေနဲ့ OPPO ရဲ့ Color OS ကိုပဲ သူတို့ရဲ့ဖုန်းတွေမှာအသုံးပြုနေရပါတယ်။ အဲ့လိုသုံးနေတာက Fans တွေလိုချင်တဲ့ Features တွေကိုပေးဖို့ တားဆီးနေသလိုဖြစ်နေပါတယ်။

Realme OS နဲ့ပတ်သတ်ပြီး အသေးစိတ်အချက်များကိုတော့ မသိရသေးပါဘူး။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်လောက်မှာထွက်ရှိလာနိုင်ခြေရှိပါတယ်။ လက်ရှိ Color OS ကိုအသုံးပြုနေတဲ့ Realme ဖုန်းတွေမှာ အဲ့ OS အသစ်ကို ဘယ်လို Update လုပ်မလဲဆိုတာကလည်း စဉ်းစားစရာတစ်မျိုးဖြစ်နေပါတယ်။ အဲ့ OS ဟာ Android Q ကိုအခြေခံပြီးထုတ်လာနိုင်ပါတယ်။ ဒါပေမယ့် CEO Madhav Sheth ကတော့ အတည်ပြုထားခြင်းမရှိပါဘူး။

Stock Android နဲ့ ဆင်တူနေတဲ့ OnePlus ရဲ့ Oxygen OS လိုလား?? ဒါမှမဟုတ် Skinned အများကြီးအုပ်ထားတဲ့ Color OS လား??

April လတုန်းက Interview တစ်ခုမှာ Realme CEO Sheth ပြောတာကတော့ Stock Android ဟာမှန်ကန်တဲ့ Experience မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောသွားခဲတဲ့အတွက် Company အနေနဲ့ Stock Android ကို အကြာကြီး Support ပေးနိုင်တဲ့ Performance မျိုးကိုပေးဖို့ရည်ရွယ်နေပါတယ်။ နောက်ထပ်အနေနဲ့  Value- features တွေပါကိုပါထည့်လာနိုင်ပါတယ်။

Diwali (October 27) မတိုင်ခင်မှာ 64MP Quad camera phone နဲ့ပတ်သတ်ပြီး တစ်ခုခုလာတော့မယ်လို့ Sheth က Hint ပေးသွားပါတယ်။ အဲ့မတိုင်ခင် August 20 မှာ Realme 5 Series ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် နောက်အပတ်အတွင်းမှာ OS အသစ်နဲ့ပတ်သတ်ပြီး သတင်းတွေထပ်ကြားလာရနိုင်ပါတယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်