fbpx

This is digital planet.

NewsRealme

Realme 3 ရဲ့ Pro version ထွက်လာဖွယ်ရှိ

လက်ရှိမြန်မာပြည်ဈေးကွက်မှာတော့ OPPO ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Realme က Realme 3 စမတ်ဖုန်း မြန်မာငွေ ၂၀၉၀၀၀ ကျပ်နဲ့စတင်ရောင်းချနေပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Realme အနေနဲ့ အဆိုပါ Realme 3 ရဲ့ Pro version ကို ဒီလအတွက်မှာပဲမိတ်ဆက်ပေးဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Image result for realme 3 pro version
ဒီ Pro version ထွက်ရှိမဲ့ဆိုတဲ့ သတင်းကတော့ Realme အဓိကထားတဲ့ဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိက နေထွက်ရှိလာတာပဲဖြစ်ပါတယ်။ Realme 3 Pro ကိုတော့ Mi 8 SE နဲ့ Nokia 8.1 တို့မှာ သုံးထားတဲ့ Snapdragon 710 SoC ကိုသုံးလာမယ်လို့သိရပြီး Storage ပိုင်းအနေနဲ့ 4GB RAM + 32GB ၊ 4GB RAM + 64GB နဲ့ 6GB RAM + 64GB ဆိုပြီး ၃ မျိုးထွက်ရှိမယ်လို့လည်းသိရပါတယ်။ ကလာအနေနဲ့လည်း ၃ မျိုးပါဝင်မယ်လို့သိရပေးမဲ့ ဘယ်ကလာတွေလဲဆိုတာတော့ မသိရသေးပါဘူး။

Related image

ကင်မရာပိုင်းမှာဆိုရင်တော့ Realme 3 Pro အနေနဲ့ Primary sensor မှာ Sony IMX586 Sensor ကိုသုံးမှာမဟုတ်ဘူးလို့သိရပြီး အဲအြစား OnePlus 6T မှာပါတဲ့ Sony IMX519 sensor ကိုသုံးလာမယ်လို့သိရပါတယ်။ ဘက်ထရီပိုင်းကိုတော့ မသိရသေးပေးမဲ့ VOOC 3.0 ကိုထောက်ပံ့ပေးမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

OPPO ရဲ့နောက်ထွက်မဲ့ Reno မှာလဲ အဆိုပါ VOOC 3.0 ပါဝင်လာမှာပါ။ OPPO အနေနဲ့ Flagship ဖုန်းတွေမှာ SuperVOOC fast-charging ကိုသုံးလေ့ရှိပြီး High-End တွေ Mid-range တွေမှာတော့ VOOC fast-charging ကိုသုံးလေ့ရှိပါတယ်။ SuperVOOC fast-charging စနစ်က VOOC ထက် ၂၃.၈% ပိုမို အားသွင်း မြန်ဆန်တယ်လို့သိရပါတယ်။

Realme 3 Pro teaser

Realme အနေနဲ့ Realme 3 Pro ကို ယခုလကုန်ပိုင်းလောက်မှာ မိတ်ဆက်ပေးဖွယ်ရှိနေတယ်လို့သိရပြီး April လ တတိယအပတ်လောက်မှာလဲ ဖြစ်နိုင်ချေရှိပါတယ်။ အကယ်၍ ဒီ သတင်းကမှန်ကန်တယ်ဆိုရင် Realme အနေနဲ့ မကြာခင်မှာ Release Date ကိုထုတ်ပြန်ပေးဖွယ်လည်းရှိနေပါတယ်။ အကယ်၍ သင်အနေနဲ့ Realme 3 ကိုဝယ်ယူဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ဒီလကုန်လောက်ထိ Pro version ကိုစောင့်တာပိုကောင်းပါလိမ့်မယ်။

Ref: Gizmochina

Photos: Realme & Trak.in

Related posts
NewsRedmi

Redmi Note 8 Series မှာ Helio G90T Chipset အသုံးပြုလာမယ်လို့ MediaTek ကအတည်ပြု

NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်