fbpx

This is digital planet.

realmeTech News

Realme 5 နဲ့ 5 Pro ရဲ့ Design နဲ့ Specifications များထွက်ပေါ်လာ

Ultrawide angle ၊ Super macro နဲ့ Portrait modules တွေပါဝင်ထားတဲ့ Quad camera setup ကိုအသုံးပြုထားတဲ့ Realme 5 နဲ့ 5 Pro ကို နောက်အပတ် August 20 မှာ ထွက်ရှိလာပါတော့မယ်။ Realme 5 Pro မှာ 48MP Sony IMX586 ကို Main Sensor အနေနဲ့အသုံးပြုလာမယ်လို့ Company က Confirmed ပေးလိုက်ပြီး တစ်ခြား Specs တွေပါထွက်ရှိလာခဲ့ပါတယ်။

India ရဲ့ အကြီးမားဆုံး Online ဈေးကွက်ဖြစ်တဲ့ Flipkart မှာ Realme 5 နဲ့ 5 Pro ရဲ့ Design ကို ရိပ်ခနဲမြင်ရအောင် ပြပေးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ အရင်လတုန်းကထွက်ရှိခဲ့တဲ့ Realme 3i လို Diamond-cut design ကိုပဲသုံးပေးထားပါတယ်။

Realme ရဲ့ Twitter မှာ Shared ထားတဲ့ Video အရဆို Realme 5 Pro မှာ Waterdrop notch display ကိုသုံးပေးထားပြီး အပေါ်ဘက်နဲ့ဘေးမှာ ပါးတဲ့ Bezel နဲ့ Chin ကတော့အနည်းငယ်ထူလာမှာပါ။

Vanilla အရောင် Realme 5 ရဲ့ Primary Camera မှာ f/1.8 lens ပါဝင်လာမယ်လို့ Flipkart မှာဖော်ပြထားပါတယ်။ Geekbench listing အရ Snapdragon 665 Chipset ကိုအသုံးပြုလာမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာတော့ Realme Smartphones တွေမှာ အများဆုံးဖြစ်လာမယ့် 5,000 mAh battery ကိုအသုံးပြုလာမှာပါ။

Realme 5 Pro မှာလည်း Snapdragon Chipset ကိုအသုံးပြုလာဖို့ရှိနေပြီး 55% of Battery ကို နာရီဝက်အတွင်း သွင်းပေးနိုင်တဲ့ VOOC Flash Charge 3.0 Support ပေးလာမှာပါ။ VOOC Flash Charge 3.0 ဟာ Realme 5 Pro မှာပဲ ပါဝင်လာမှာပါ။

နောက်အပတ် ထွက်ရှိလာတော့မယ့်ရက် အဂါၤနေ့မတိုင်ခင်မှာ တစ်ခြား Details တွေထွက်ရှိလာနိုင်ပါတယ်။

Ref: GSMARENA