fbpx

This is digital planet.

realmeReviews

Realme 5 Pro Review

Review မစခင် နည်းနည်းလေး သိစေချင်တာလေးရှိတယ်။ ကျွန်တော်တို့ PX ကို run နေတဲ့ကာလတစ်ခုမှာ Press release လေးတွေ ဖုန်း Company ဘက်က တင်ခိုင်းတာတွေရှိပါတယ်။ ကျွန်တော်တို့တင်ပေးလိုက်တဲ့ Press release တွေက ကျွန်တော်တို့ရေးသားတာလည်းမဟုတ်ပဲ Company တွေဘက်က ရေးသားထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဘာလို့တင်ပေးသလိုဆိုရင် ကျွန်တော်တို့ Review လုပ်ဖို့ Company တွေဘက်က Unit တွေ Support လုပ်သလို ပွဲတွေမှာ စမ်းသပ်သုံးကြည့်ဖို့ဖိတ်ခေါ်တာတွေရှိပါတယ် အဲ့အတွက်ကြောင့် Public Relation တစ်ခုတည်ဆောက်တဲ့အနေနဲ့ တင်ပေးတာပါ။ ဒီလိုတင်ပေးတဲ့ Press release တွေက Advertising လုံး၀မပါတဲ့ Pure Public Relation တစ်ခုပဲဖြစ်ပါတယ်။ ကဲ ဖုန်းကိုပြန်ဆက်လိုက်ရအောင်…

တရုတ် BKK Company ကြီးရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ OPPO နဲ့ Vivo တို့ဟာ ကမ္ဘာ့ Smartphone Market ထဲကို တဖြည်းဖြည်းတိုး၀င်လာခဲ့သလို Brand အခွဲ ကိုယ်စီနဲ့ နေရာတစ်ခုကို အပြိုင်ယူနေကြပါတယ်။ OPPO က အစောပိုင်းမှာ OnePlus ဆိုတဲ့ Brand ကိုခွဲထုတ်ပြီး Europe မှာ Market တစ်ခုယူထားပါတယ် အဲ့အပြင် တစ်ဖက် Competitor ဖြစ်တဲ့ Redmi နဲ့ P2P Level တစ်ခုမှာ ယှဥ်ပြိုင်ဖို့ Realme ဆိုတဲ့ Brand တစ်ခုထပ်ထုတ်သလို Vivo အနေနဲ့လည်း iQOO Brand ကိုခွဲထုတ်ထားပါတယ်။

စာရေးသူ သတိထားမိတာက BKK ရဲ့ရိုးရာယုံကြည်မှုတစ်ခုလားမသိဘူး 4 ဂဏန်းနဲ့ ဖုန်း Model တွေကို OPPO၊ OnePlus နဲ့ Realme မှာ Skip လုပ်ထားတာကိုတွေ့ရပါတယ်။ OnePlus ဆိုရင် 3/3T Model ပြီးရင် 5 ကိုတန်းသွားပါတယ်။ အခုလည်း Realme မှာ Realme 3 ပြီးရင် Realme 5 Series ကိုပြောင်းသွားပါတယ်။ တရုတ်အယူအဆအရ ၄ ဂဏန်းက Unlucky Number ဖြစ်လို့ မသုံးကြဘူးဆိုပေမဲ့ တရုတ်တိုင်းမဟုတ်ဘူးထင်ပါတယ် ဥပမာ Huawei တို့ Xiaomi တို့မှာ ၄ ဂဏန်းကို အသုံးပြုထားတာကို တွေ့ရပါတယ်။

Realme ကို ကျွန်တော် Personal အမြင်အရဘယ်လို သုံးသပ်ချင်သလဲဆိုရင် OPPO အခွဲဖြစ်တာထက် OnePlus အခွဲမျိုးဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချက် ၂ ချက်ရှိတယ်။ ပထမတစ်ချက်က OnePlus စထွက်တုန်းက Flagship ဖုန်းတွေကြားမှာ Killer တစ်ခုအနေနဲ့ လူသိလာသလို Realme ကလည်း P2P လောကထဲမှာ နေရာတစ်ခုကို ယူဖို့ကြိုးစားနေတာဖြစ်ပါတယ် ပြောချင်တာက ဖောက်နေတဲ့ Strategy ဆင်နေသလိုခံစားရလို့ပါ။ နောက်တစ်ချက်ကတော့ Model နာမည်ပေးပုံချင်းက OPPO နဲ့ကွဲထွက်နေပြီး OnePlus လိုပဲ နံပါတ်စဥ်နဲ့ ရှင်းနေလို့ပါ။

သို့သော်လည်း မျှော်လင့်ထားသလိုမဟုတ်ပဲ OPPO ရဲ့လွှမ်းမိုးမှုတွေက Realme အပေါ်မှာရှိနေပါတယ်။ အထူးသဖြင့် OS ပိုင်းမှာ အသစ်မလုပ်နိုင်သေးပဲ OPPO ရဲ့ Color OS ကို သုံးနေရသေးတယ်။ ပြောချင်တာက လွှမ်းမိုးတွေ အောက်ကနေ သီးခြားရပ်တည်စေချင်တာပါ။ ဒါမဲ့ သိပ်မျှော်လင့်လို့ အများကြီးမရသေးပေမဲ့ Realme က နောက်ပိုင်း သူ့ဖုန်းတွေအတွက် ကိုယ်တိုင် Customize လုပ်ထားတဲ့ OS တစ်ခုနဲ့လာမယ်လို့ကြားပါတယ်။ သတင်းတွေအရ Stoke Android နဲ့ဆင်မယ်လို့ ကြားရပါတယ်(မသေချာသေးပါ)။ ဘာပဲပြောပြော လာမယ်ဆိုရင်တော့ ၀မ်းသာကြမည့်သူတွေများမယ်ထင်ပါတယ်။

၂၀၁၈ ကနေ စခွဲထွက်ပြီး ၁ နှစ်အကြာမှာ အမာခံ ဖန်တွေနဲ့အတူ နေရာတစ်ခု ခြေကုတ်ယူပြီးတဲ့အခါ Realme 4 ကိုကျော်ပြီး 5 Series ထွက်လာပါတယ်။ တစ်ကယ်လည်းပြောရမယ်ဆိုရင် Realme 5 Series တွေက Budget နဲ့ Mid Range (or Lower Mid Range) Level မှာ စဥ်းစားသင့်တဲ့ အလုံးတွေပါ… ဘာ့ကြောင့်လဲဆိုတာ Review လုပ်ပေးထားပါတယ်… ကျွန်တော် Review လုပ်ထားတဲ့ ဖုန်းက မြန်မာငွေ 339900 ကျပ်တန် RAM 4GB + 128GB option ပါ။ Realme 5 Pro ထဲမှာ 399900 ကျပ်တန် RAM 8GB + 128GB option လည်းရှိပါသေးတယ်။

Design နဲ့ Build Quality

Design ပိုင်းနဲ့ပက်သက်လို့ ၂၀၁၉ မှာထုတ်သမျှဖုန်းတွေအများစုကို တကယ်အားမရဘူး ဘယ်ဖုန်းကြည့်ကြည့် အုတ်ရောရော ကျောက်ရောရော ပုံစံတွေကြီးပဲ Realme 5 Pro ကော ဒီထဲက မတူညီတဲ့ ဆင်တူဒီဇိုင်းလေးပါ။ ကြည့်လိုက်ရင် Realme 3 Series ရဲ့ အစ်ကို (သို့) ညီလို့ပြောလို့ရတဲ့ အသွင်အပြင်ရှိပါတယ်။ ကျောက်ဘက်ခြမ်းမှာ Holographic Color စိန်တွေ သွေးထားတဲ့ Cutting Texture Design မျိုးနဲ့ ပုံဖော်ထားပါတယ်။ ကျွန်တော် Review လုပ်ဖို့ရထားတဲ့ အရောင်ကတော့ Sparking Blue ပဲဖြစ်ပါတယ်။ ခရမ်းဆီဘက်အရောင်နဲ့ စိမ်းပြာရောင် ဆန်တဲ့ အရောင် ၂ ခုကို Gradient ဆန်ဆန် ကျောဘက်ခြမ်းမှာ ပုံဖော်ပေးထားတာဖြစ်ပါတယ်။ Cutting Texture တွေနဲ့အတူ Color Visual effect တွေပါလို့ လှုပ်ရမ်းကိုင်ကြည့်တဲ့အခါ သက်တန့်ရောင်စဥ်ဘာညာတွေက ကျောဘက်မှာပေါ်ထွက်နေပါတယ်။

realme ကတော့ 3D body design လို့နာမည်ပေးထားပါတယ်။ အရောင်အပိုင်းမှာ တောက်ပမှုတွေနဲ့ Fancy အရမ်းဖြစ်လွန်းနေတဲ့အတွက် တည်ငြိမ်တာ ကြိုက်သူတွေအတွက်တော့ အဆင်ပြေမယ်မထင်ပါဘူး။ ကျွန်တော် မျက်လုံးထဲ Sparking Blue ထက်စာရင် Crystal Green က ပိုတည်ငြိမ်အမြင်အေးတယ်လို့ ခံစားရတယ်။

ကျောဘက် အပေါ်ဘက်ခြမ်းမှာ Quad Camera Bump နဲ့အတူ LED flash နဲ့ Fingerprint Scanner တို့ကိုတွေ့ရမှာပါ။ ကျောဘက် Camera bump က ဒီဖုန်းရဲ့ piece of art လို့ပြောရမလားပဲ သေသေသပ်သပ်နဲ့ Lens တွေကို စီရီထားပြီး LED flash ကို bump အပြင်ဘက်မှာထုတ်ပေးထားပါတယ်။ Camera bump ထဲက main lens ကိုတော့ ring နဲ့ပြုလုပ်ပေးထားပါတယ်။ အောက်ဘက်ခြမ်းမှာတော့ realme logo ငွေရောင်လေးနဲ့အတူ Vertical လိုက်ရေးထိုးထားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာတော့ တွေ့မြင်နေကြ Design ပဲ ဖြစ်ပါတယ်။ အောက် chin နည်းနည်း ထူမယ် အပေါ်ဘက် မှာ Water Drop notch ပါတဲ့ Design ဖြစ်ပါတယ်။ Power Button က ဖုန်း ညာဘက်ခြမ်းမှာ တည်ရှိပြီး ဘယ်ဘက်ခြမ်းမှာတော့ Volume Rocker၊ အပေါ်ဘက်ခြမ်းမှာ Noise cancelling mic နဲ့ အောက်ဘက်ခြမ်းမှာတော့ တွေ့မြင်နေကြ အတိုင်း Headphone jack, Mic, Type-C နဲ့ Speaker ပေါက်တို့ပဲဖြစ်ပါတယ်။

ဒီဖုန်း အခြားဖုန်းတော်တော်များများနဲ့ ယှဥ်ရင် ထူးခြားချက်တစ်ခုရှိပါတယ် အဲ့ဒါ အထစ်တွေ အရမ်းများတာပါ။ ဖုန်းတော်တော်များများက Aluminum Sandwich Design ကို အသုံးပြုကြတယ် realme 5 Pro မှာ Aluminum frame ကို Plastic frame plastic ရှေ့နောက်နဲ့ ညက်ထားတာဖြစ်ပါတယ်။ အလယ် Frame က Plastic frame ဆိုပေမဲ့ matte finish အုပ်ထားတော့ Plastic နဲ့မတူပဲ Aluminum frame ကဲ့သို့ မာနေတာကိုခံစားရမှာပါ။ ရှေ့ဘက်ခြမ်းမှာ Gorilla Glass 3 နဲ့ နောက်ဘက်ခြမ်းမှာ Polycarbonate plastic ကိုပေါင်းညက်ထားတာပါ။

ဖုန်းက ရှေ့နဲ့နောက်က Match မဖြစ်ဘူးလို့ပြောလို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ နောက်ဘက်ခြမ်းမှာ ချောမွတ်စွာ ပုံဖော်ထားပြီး ကျောဘက်ခြမ်းကို လက်ပေါ်တင်ကိုင်ကြည့်တဲ့အခါ ချောမွတ်တဲ့ Feeling ကိုရမှာ ဖြစ်ပါတယ် ဒါမဲ့ အဲ့ Feeling က ရှေ့ဘက်ခြမ်းကို လက်ပေါ်တင်ကိုင်လိုက်ရင် ဖုန်းတစ်ခုလုံးရဲ့ ထောင့်စွန်းတွေမှာ အထစ်တွေရဲ့ Feeling ကိုခံစားရမှာပါ။ ဥပမာပြောရင် Hands-on feeling အတွက် မြို့အ၀င် ဆိုင်းပုဒ်တစ်ခုလို ဖြစ်နေတာ တစ်ဖက် ကြိုဆိုပြီး နောက်တစ်ဖက် နှုတ်ဆက်နေတာမျိုးပါ။ ဒီလို အထစ်တွေပါတာက တစ်ခုတော့ကောင်းတာပေါ့ လက်ထဲမြဲတာပေါ့။ ကျောဘက် Fingerprint ကလည်း လက်လှန်းမှီတဲ့အနေအထားရှိတဲ့အတွက် အဆင်ပြေတဲ့ အထားအသိုလို့ပြောလို့ရပါတယ်။ အလေးချိန်အနေနဲ့ 184g ဖြစ်လို့ မလေးမပေါ့တဲ့ အနေအထား ရှိပါတယ်။

Display

Display အတွက် 6.3 inch IPS LCD ကိုသုံးပေးထားတယ် Resolution က 2340 x 1080 409ppi ရှိပြိး Screen Protector ကို Gorilla Glass 3+ နဲ့အုပ်ပေးထားပါတယ်။ Brightness တွေကောင်းတယ် View Angle တွေကောင်းတယ် Deep Black ကလည်း နက်သင့်သလောက်နက်တာထက်ပိုတယ်လိုပြောလို့ရတယ်။ နေရောင်အောက်မှာတော့ Auto Brightness Boosting လုပ်ပေးတာတော့မပါဘူး။ Brightness ကလည်း နေရောင်အောက်မှာ ကြည့်ရတာအဆင်ပြေပါတယ်။ အရိုးသားဆုံးပြောရင် Mid-range ထဲက Display ကောင်းတယ်လို့ပြောလို့ရတဲ့ ဖုန်းတစ်ခုပါ။ Color Accuracy  တွေ၊ Brightness တွေ၊ Viewing Angle တွေ ကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ AMOLED တွေလို Super accurate color မျိုး မဖြစ်ပေမဲ့ color production မှာတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။

Notch ပါတဲ့ Display ဖြစ်လို့ တော်တော်များများလဲ Notch နဲ့ နေသားကြနေပြီထင်ပါတယ်။ ဖုန်းရဲ့ Notch က facebook instant article တွေဖတ်တဲ့အခါ ကွယ်နေမျိုးရှိတတ်ပါတယ်။ Pop up notification တွေ တတ်လာတဲ့အခါ Notch နဲ့ ကွယ်နေတာမျိုးမရှိပါဘူး။ Display က notch ပါသလို Chin လည်းပါနေတဲ့အတွက်ကြောင့် YouTube video တွေ ကြည့်တဲ့အခါ အချိုးမညီပဲ အောက်ခြမ်းက နည်းနည်းလေးထူနေတာကိုတွေပါတယ်။

Audio

Speaker အတွက် တအားကြီး မမျှော်လင့်ထားတာ ကောင်းပါတယ်။ သီချင်းတွေအသံကျယ်ကျယ် ဖွင့်တဲ့အခါ အက်သံ နည်းနည်းလေးပါပြီး Bass အသံတွေလဲ ပျောက်နေပါတယ်။ နားကြပ်တတ်နားထောင်မယ်ဆိုရင်တော့ မဆိုးတဲ့ အနေအထားကိုရရှိမှာဖြစ်ပါတယ်။ Low နဲ့ High frequency တွေကို Balance အနေအထားနဲ့ ကောင်းကောင်းမွန်မွန်ကြားရပါတယ်။

Performance

Mid-Range ဖုန်းဖြစ်လို့ Snapdragon 712 ကိုသုံးပေးထားတယ်။ Mi 9 SE မှာ သုံးထားတာနဲ့အတူတူပဲ သုံးရတာဘယ်လိုနေလဲဆိုရင် Daily Usage မှာ ထစ်ငေါ့ခြင်းမရှိပဲ သုံးလို့ရပါတယ်။ Social App scrolling တွေ၊ Web page scrolling တွေ၊ App တွေဖွင့်ခြင်းမှာတွေမှာ Delay မဖြစ်ပဲ အေးဆေးသုံးလို့ရပါတယ်။ PUBG ဆော့သူတွေအတွက် HD ကို High Setting မှာထားဆော့ရင်တောင် ကောင်းကောင်းမွန်ဆော့လို့ရပါတယ်။ အခုတလော ခေတ်စားနေတဲ့ AOV ဂိမ်းကိုလဲ ကောင်းကောင်းမွန်မွန်ဆော့လို့ရပါတယ်။ Realme 5 Pro က Performance တင်မဟုတ်ပဲ Heat management ပိုင်းမှာလဲ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Game ကြာကြာဆော့တာတောင် နွေးရုံလေးပဲဆိုတော ဂိမ်းဆော့တဲ့သူတွေအတွက် အတော်လေး အဆင်ပြေတာပေါ့။ RAM အနေနဲ့ 4GB နဲ့ ပါ၀င်ပါတယ် Storage ကတော့ 128GB ထိပါ၀င်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာတစ်ခုရှိတယ် RAM 4GB Mid-Range ဖုန်းတစ်လုံးအတွက် Recommend ပေးသလားဆိုရင်မပေးချင်ပါဘူး။ Performance အတွက် Hardware အပေါ်ပဲ သီးသန့်မူတည်နေတာမဟုတ်သလို 4GB ကလည်း လောက်ငှတဲ့အနေအထားပါ။ ဒါမဲ့ စဥ်စားကြည့်ရင် ၃ သိန်းကျော် ပေး၀ယ်ထားတဲ့ လူတစ်ယောက်အတွက် အနည်းဆုံး ၂ နှစ်လောက်တော့ အေးဆေးသုံးချင်မှာပဲ။ အာ့ကြောင့် RAM 4GB ၀ယ်မည့်အစား Future Proof လည်းပိုဖြစ်တဲ့ ၄ သိန်းတန် RAM 8GB Realme 5 Pro ကို ၀ယ်တာ ပိုကောင်းပါတယ်။

Battery

Battery ပိုင်းမှာတော့ 4045mAh ပါ၀င်ပါတယ်။ Battery ပိုင်းလည်း ခံတယ်လို့ပြောလို့ရမှာပါ။ Game တွေဆော့ YouTube Video တွေကြည့်တာတောင် မြန်မြန်ဆန်ဆန် Drain တာမျိုးမခံစားရပါဘူး။ OPPO ရဲ့ VOOC 3.0 (20W) ပါတဲ့အတွက် အားသွင်းမြန်ပါတယ်။ အမြန်ဆုံးအနေအထားမဟုတ်ပေမဲ့ မီးနစ် ၃၀ နဲ့ 50% ထိပြည့်ပါတယ်။ Battery အကုန်ပြည့်ဖို့ဆိုရင်တော့ 90 min လောက်ကြာပါတယ်။

Securtiy

Security function အတွက် realme 5 Pro မှာ Physical အနေနဲ့ fingerprint scanner ပါ၀င်လာပါတယ်။ အဲ့ အပြင် Face Unlock စနစ်လဲပါ၀င်လာပါတယ်။ မြန်ဆန်မှုရှိတယ် တိကျတယ်။ အဲ့အပြင် သိပ်ပြောစရာမရှိပါဘူး။ Face Unlock မှာက မျက်စိမှတ်ထားရင် ပွင်အောင် လုပ်လို့ရသလိ မပွင်အောင်လည်း လုပ်လို့ရပါတယ်။ ဘာလို့အဲ့လိုလုပ်ထားသလဲဆိုတော့ နေကာမျက်မှန်တတ်ထားတဲ့သူတွေအတွက် မျက်မှန်တတ်ထားချိန် Face Unlock နဲ့ဖွင့်လို့ရအောင်လို့ Manual mode လုပ်ပေးထားတာပါ။

Camera

Camera ပိုင်းမှာတော့ mid-range ဖုန်းတစ်လုံးအတွက်မဆိုးဘူးလို့ပြောလို့ရတာထက်ကို ပိုပါတယ်။ ဒါမဲ့ App တွေက မကောင်းဘူး UI က ရှုပ်တယ် Mode ပြောင်းရတာ မလွယ်ကူဘူး အထားအသိုတွေက လွယ်ကူတဲ့အနေအထားမရှိဘူး။ Mode တစ်ခုနဲ့ တစ်ခုပြောင်းရာမှာလဲ Delay တွေရှိနေတာက သိပ်အဆင်မပြေဘူး။ ပုံအရည်အသွေးနဲ့ ပက်သက်လို့ အားကျကျေနပ်ဖွယ်တော့ရှိပါတယ်။ Mid-range ဖုန်းတစ်ခုအတွက် Detail တွေ Sharpness တွေကောင်းတယ်။ ပြောချင်တာက Default Setting တစ်ခုရိုက်တာအကောင်းဆုံးပါ။ သူမှာပါတဲ့ Effect တွေသုံးလိုက်ရင် မူရင်းအလှကိုတောင် ပိုပျက်သွားစေပါတယ်။ ဥပမာ Color Boost လို Feature မျိုးပေါ့… Color တွေကို စိုလာအောင် လုပ်တယ်ဆိုပေမဲ့ စိုတာနဲ့မတူပဲ Securation တွေ များကြီး ပူးပြဲလာတာ က အလှအပ ပျက်သွားစေသိုဖြစ်သွားစေတယ်။ အပွင့်လင်းဆုံးပြောရင် ကျွန်တော်မကြိုက်ပါဘူး။

Ultrawide လို mode မျိုးက အဓိက Camera function တွေကြားမှာမရှိပဲ အပေါ်ဘောင်ပေါ်တင်ထားတာက အသုံးနည်းဖို့ ဖြစ်လာသလိုဖြစ်နေတယ်။ Zooming button ပါပေမဲ့ Zoom ကိုချုံတဲ့အခါ Ultra mode ပြောင်းသွားစေတဲ့အရာ မျိုးပါမလာပါဘူး။ Main mode သုံးခုဖြစ်တဲ့ Video, Photo နဲ့ Portrait ကိုပဲ ဦးစားပေး UI မှာထည့်ထားပါတယ်။ အခြားသော Nightscape တို့ Expect တို့ Pano တို့ကို Hide လုပ်ထားပါတယ်။ အဲ့ Hide ထားတဲ့ Function ထဲမှာလဲ Ultra mode က မပါပါဘူး။ Ultra mode ကို အပေါ်ဘောင်က Color Boost တွေနဲ့အတူရောထားတော့ သတိမထားမိတဲ့သူ အခြားဖုန်းတစ်လုံးမှ ပြောင်းလာတဲ့သူအတွက် ခက်ခဲပါတယ်။ ပြောချင်တာက Camera UI က ရှုပ်ထွေးလွန်းနေတာပါ။ Ultra-wide ဘယ်လိုနေလဲဆိုရင် မဆိုးဘူးကောင်းတယ်လို့ပြောလို့ရပါတယ်။ Distortion နည်းနည်းရှိတယ်။ Detail တွေမှာ ကျသွားတယ်။ Color rendering ကတော့ ကျေနပ်ဖွယ်ရှိပါတယ်။ Camera ပိုင်းမှာ နောက်ထက်သဘောကျတာက Auto focus ကို မြန်တာပါ။

Portrait Mode မှာတော့ အများကြီးတိုးတတ်လာပါတယ်။ Edge detection တွေကောင်းလာသလို rendering ပိုင်းမှာလည်း ပိုမြန်ဆန်လာပါတယ်။ Nightscape နဲ့ပက်သက်ပြီးလည်း ပိုကောင်းလာပါတယ် Noise နည်းနည်းရှိတာလေးကလွဲရင် Detail တွေထိန်းနိုင်တာလေးက မဆိုးဘူးလို့ပြောလို့ရမှာပါ။

Selfie အတွက် 16MP ကိုတပ်ဆင်ပေးထားပါတယ်။ ထုံးစံအတိုင်း အလှအပကို ဦးစားပေးတဲ့အရည်အသွေးပါ Beauty Level ကိုလျော့လိုက်တာတောင် လှနေတုန်းပါပဲ :D

Video အတွက် EIS ပါတယ်ဆိုပေမဲ့ 4K အတွက်အလုပ်မလုပ်ပါဘူး။ Stability ကလည်း ပါတယ်ဆိုပေမဲ့ သိပ်အားမရဘူး ငြိမ်တယ်ဆိုပေမဲ့ Hand Shaking လုပ်မိရင် သိသိသာသာလေး လှုပ်ရှားတတ်ပါတယ်။ Camera movement လှုပ်တဲ့အခါ frame တွေခုန်ပြီး နည်းနည်းလေး ထစ်တာမျိုးတွေရှိပါတယ်။ Mid Range ဖုန်းဖြစ်တဲ့အတွက် အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ ဒါမဲ့ ကောင်းကောင်းမွန်ရိုက်ကူးနိုင်ပါတယ်။

Conclusion

အချုပ်အားဖြင့်ပြောရရင် realme 5 Pro သူ့ဈေးအနေအထား သင့်တော်ပြီး ကောင်းမွန်တဲ့ ဖုန်းတစ်လုံးပါ။ သို့သော်လည်း အကြီးမားဆုံး ရန်သူတွေလည်း သူ့မှာရှိနေတဲ့အခါ ပြည့်စုံအောင်လုနီးပါပြုလုပ်ပေး‌ထားပေမဲ့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ အထူးသဖြင့်ကိုင်ရတဲ့ Feeling တွေမှာ တစ်ခုခုလိုနေသလိုခံစားနေရတယ်။ ဈေးနှုန်းအချိုးချ တွက်ကြည့်မယ်ဆိုရင်လည်း Mid-range ဖုန်းအဖြစ်ပီသနေတဲ့အတွက် UI, UX တို့နဲ့ပက်သက်ပြီး တည်ငြိမ်ချင်သူတွေ၊ Cemera အနေအထားတစ်ခုနဲ့ Battery ပိုခံတာ ကြိုက်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဖုန်းတစ်ပါ။