fbpx

This is digital planet.

realmeTech News

Realme Buds Air နဲ့ပတ်သက်ပြီး ဒါတွေသိပြီးပီလား

ဒီ True Wireless Earphone ကို စမိတ်ဆက်တော့ လူတွေအမြင်မှာ Realme Buds Air ဟာ Apple ရဲ့ Airpods နဲ့ ချွတ်စွပ်နီးနီးတူတဲ့ နားကြပ်၊ Copycat ဘာညာဆိုတာထက် မပိုခဲ့ဘူး။ ဒါကလည်း သူ့ရဲ့ Detail Feature တွေကို မသိရသေးတဲ့သူတွေအတွက် အပြစ်မြင်မယ်ဆိုလည်း မြင်ချင်စရာကိုး။ ဒါပေမယ့် “Don’t judge a book with its cover” ဆိုတဲ့အတိုင်း သူ့မှာပါတဲ့ Feature တစ်ချို့ကို လေ့လာမိချိန်မှာတော့ ဒီနားကြပ်ပေါ် နဂိုကဖြစ်နေတဲ့အထင်သေးစိတ်လုံးဝပျောက်ကွယ်ခဲ့ရတယ်။ ဆိုတော့ အောက်မှာပြောပြမယ့်အချက်တွေက Realme Buds Air အပေါ် ခင်များတို့အမြင်တွေကို ပြောင်းလဲပေးနိုင်မလားဆိုတာ နဲနဲလေ့လာကြည့်ကြတာပေါ့။

(စာကြွင်း − ဒါက စပွန်ဆာ Content လုံးဝမဟုတ်ပါ)

Image result for realme buds air

Colors

ဒီနားကြပ်က အဖြူ၊ အနက်၊ အဝါ ဆိုပြီး အရောင်၃မျိုးနဲ့လာမယ်။ ဒီတော့ Airpods လို့အထင်မခံချင်တဲ့သူတွေ အဖြူကလွဲပြီး တခြားအရောင်ရွေးလို့ရတာပေါ့။ ကိုယ်တွေအမြင် Black က Sexy ကျပြီး Yellow ကတော့ Unique ဖြစ်တယ်။ Realme ရဲ့ကိုယ်စားပြုအရောင်လည်းဖြစ်တယ်ဆိုတော့ မဆိုးဘူးပေါ့။

Related image

Connectivity

ဒီနေရာမှာ တခြားနားကြပ်တွေနဲ့မတူတဲ့ Realme ရဲ့ Aftersale Service တစ်ခုကို Highlight လုပ်ပြချင်တယ်။ သာမန်အားဖြင့် နားကြပ်တစ်ဖက်ပျောက်သွားခဲ့ရင် နားကြပ်တစ်စုံအသစ်ဝယ်ရုံကလွဲပြီး ရွေးစရာလမ်းမရှိပေမယ့် Realme ကတော့ ပျောက်သွား၊ ပျက်သွားတဲ့ တစ်ဖက်ထဲအတွက် သီးသန့်ခွဲပြီးရောင်းချပေးသွားမှာပါတဲ့။ ဒီ Service က နားကြပ်ပျောက်တတ်လွန်းတဲ့ ကိုကို၊ မမတွေအတွက် တကယ်အသက်ရှူချောင်စရာပါ။ နောက်ပြီး Buds Air ဝယ်ထားတဲ့ဘော်ဒါအချင်းချင်း နားကြပ်တစ်ဖက်စီကို အရောင်တစ်မျိုးစီ လဲသုံးလို့လည်း ရသေးသဗျာ။ ဥပမာ သူကအဝါ၊ ကိုယ်က အနက်ဝယ်ထားတယ်ဆိုပါစို့။ သူ့ဘယ်ဘက်နားကြပ်ကို ကိုယ့်ဗူးထဲထည့်၊ ဗူးပေါ်က ခလုတ်လေး ဆယ်စက္ကန့်လောက်နှိပ်ပြီးရင် ပုံမှန်အတိုင်းသုံးလို့ရပြီ။ ဆိုတော့ ဘယ်တစ်ရောင်၊ ညာတစ်ရောင် နဲ့ အထာကျလို့ရတာပေါ့။

Related image

Connectivity အနေနဲ့သူ့မှာ Bluetooth 5.0 ပါပြီး ဖုန်းနဲ့ 10 meter အကွာထိ ခွာသုံးနိုင်မယ်ဆိုထားတယ်။ ဖုန်းနဲ့ Connect လုပ်တဲ့အခါမှာလည်း ပထမတစ်ကြိမ် နားကြပ်ဗူးဖွင့်၊ ခလုတ်လေးခဏဖွင့်ပြီး ဖုန်းနဲ့ Bluetooth ချိတ်လိုက်ရင် နောက်ထပ် နားကြပ်သုံးချင်တဲ့အချိန်တွေမှာ ဗူးအဖုံးလေးဖွင့်ရုံနဲ့ Auto Connect ဖြစ်အောင် သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ R1 Chip လည်းပါဝင်ပါတယ်။ နောက်ပြီး Google ရဲ့ Fast Pair Feature ကိုလည်း Support ပေးပါလိမ့်မယ်။

Image result for realme buds air

Control

Realme Buds Air မှာ Touch Control ပါတာမို့ သီချင်းကျော်၊ ဖုန်းခေါ်တာတွေကို နားကြပ်ကိုထိပြီးလုပ်ဆောင်နိုင်ပါလိမ့်မယ်။ Gesture တွေအနေနဲ့ နှစ်ချက်ထိရင် သီချင်း Pause & Play, သုံးချက်ထိရင် Next Song (not previous song), ထိပြီးဖိထားရင် Voice Assistance, ဒါမှမဟုတ် ဖုန်းခေါ်နေတုန်းမှာဆို ဖုန်းချတာ၊ ဖုန်းလာလို့မကိုင်ချင်ရင် ဖုန်းချတာလုပ်နိုင်မယ်။ ဒါ့အပြင် နားကြပ်ကိုဖြုတ်လိုက်ရင် သီချင်းကိုအလိုလိုရပ်ပေးပြီး ပြန်တပ်လိုက်ရင် သီချင်းပြန်ဖွင့်ပေးတာ၊ ကိုယ်က နားကြပ်တစ်ဖက်ပဲသုံးချင်တော့ရင် တစ်ဖက်ကိုဖြုတ်ပြီး နောက်တစ်ဖက်ကို နှစ်ချက်ထိ၊ သီချင်း ဆက်လာအောင်လုပ်တာ စတာတွေအတော်လေးစုံပြီး Smart ဖြစ်တယ်ပြောလို့ရတယ်။ Gamer တွေအကြိုက်တွေ့မယ့် Touch Control တစ်ခုလည်း ပါပါသေးတယ်။ အဲဒါကတော့ နားကြပ်နှစ်ဖက်စလုံးကို ပြိုင်တူ Touch & Hold လုပ်ထားရင် Gaming Mode ကို on ပေးတာပါ။

Image result for realme buds air

Latency, Quality & Battery

TWS Bluetooth Earphone တွေရဲ့ အဓိကအားနည်းချက်တစ်ခုက Latency ပါ။ Latency ကိုအလွယ်ရှင်းပြရရင် ဖုန်းပေါ်ကရုပ်၊ လှုပ်ရှားမှုနဲ့ နားကြပ်ပေါ်ကအသံကြားရချိန်ကြား ကွာခြားချက်လို့ မှတ်ထားနိုင်ပါတယ်။ Bluetooth နားကြပ်အတော်များများဟာ Latency များတတ်တာကြောင့် ဂိမ်းဆော့တဲ့အခါမျိုးမှာ အသံတွေနောက်ကျနေတတ်တာမျိုးကြုံကြရတယ်။ အထူးသဖြင့် PUBG, COD Player တွေအတွက် ဒါက Annoy ဖြစ်စရာပါ။ Realme ကတော့ သူတို့ Buds Air မှာ Gaming Mode on ထားရင် Latency ကို 120 milliseconds ထိ လျှော့ချပေးနိုင်မယ်ဆိုထားပါတယ်။ ဒီ Gaming Mode on ရင် Connection Range ကျသလို နားကြပ်ရဲ့ Battery လည်း နဲနဲအကုန်ပိုမြန်နိုင်ပေမယ့် ဂိမ်းအဆော့များတဲ့သူတွေအတွက်တော့ အဆင်ပြေမယ့် Feature လို့ ပြောရမှာပေါ့။

Image result for realme buds air

Sound Quality ပိုင်းမှာ ACC Codec ကို သုံးထားပြီး Dynamic Bass Boost ပါတာကြောင့် Bass အပိုင်းပိုကောင်းမွန်မယ်ဆိုထားတယ်။ Noise Cancellation ပါတယ်ဆိုပေမယ့် ဖုန်းပြောချိန်မှာပဲ အသုံးပြုဖို့ ရည်ရွယ်ထားပုံရတယ်။ Battery Life အနေနဲ့ နားကြပ်တစ်ဖက်စီမှာ 3hr listening time ရှိပြီး ဗူးထဲမှာအားပြန်သွင်း၊ ပြန်သုံးဆိုရင်တော့ Total 17hr အထိ အားခံပါလိမ့်မယ်။ ဒါ့အပြင် အားသွင်းဖို့အတွက် Type C သုံးပေးထားတဲ့အပြင် Wireless Charging Support ပါပေးထားတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။

Related image

Price

Realme Buds Air ရဲ့ India ရောင်းဈေးဟာ 3,999 Rupees (မြန်မာငွေ ၈သောင်းခွဲဝန်းကျင်) ရှိပါတယ်။ ဒီဈေးမှာ အပေါ်ကပြောတဲ့ Feature တွေနဲ့ချိန်ဆကြည့်မယ်ဆိုရင် သူ့ရဲ့ Design ဟာ အပြစ်ပြောစရာတစ်ခုလို့ ကိုယ်တွေမမြင်မိတော့တာအမှန်ပါ။ ဆိုတော့ ဒီနားကြပ်က မြန်မာပြည်ကိုရော ဝင်နိုင်မလား? ဒါကတော့ Realme Myanmar ရဲ့ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါလိမ့်မယ်။ တကယ်လို့ ဒီမှာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ ၁ သိန်းမပြည့်တဲ့ဈေးမှာ True Wireless Bluetooth Earphone ကောင်း ရှာနေသူတွေအတွက် အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။