fbpx

This is digital planet.

realmeTech News

၂ သိန်းအောက် Budget King စမတ်ဖုန်း မိတ်ဆက်ဦးမယ့် realme

realme ကတော့ Triple Camera ၊ Game Monser ဆောင်ပုဒ်နဲ့ စျေးကွက်ဝင်လာဖို့ ကြွေးကြော်နေပါပြီ။ စွမ်းဆောင်ရည်နဲ့ တန်ဖိုးကို အချိုးတကျ ပေါင်းစပ်ပြီး Budget King ဖြစ်လာဖို့ ရည်ရွယ်သလို Entry Level အဆင့်မှာတောင် Powerful ဖြစ်လာမယ့် စမတ်ဖုန်းကို မြင်ရဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားဝင်ကြေညာသွားတော့မှာဖြစ်ပြီး ထူးခြားချက်တချို့ တစ်စောင့်တစောင်း ပြောရမယ်ဆိုရင် ၂ သိန်းတန်းမှာ စွမ်းဆောင်ရည်ကောင်းဖုန်းတစ်လုံးအဖြစ် မြင်ရနိုင်ပါတယ်။

Image result for realme c3

A Game Changer?

အသုံးပြုလာမယ့် SoC က ဂိမ်းကစားဖို့အတွက် System Level Performance အဆင့်မြင့်ထားတဲ့ Chipset ဖြစ်သလို Triple Camera Setup နဲ့ ထွက်ရှိလာမှာပါ။ နည်းနည်းလေး အကျယ်ချဲ့ပြောရမယ်ဆိုရင်တော့ AnTuTu Benchmark မှာ ရမှတ်ပေါင်း ၁၉၃၀၀၀ ကျော်ရရှိထားပါတယ်။

with Triple Camera

ဒါကြောင့် Price to Performance အရကြည့်ရင် ကျေနပ်စရာကောင်းတယ်လို့ ပြောနိုင်သလို ထည့်သွင်းလာမယ့် ကင်မရာကလည်း

12MP (Main) with f/1.8
2MP (Depth Sensor) with f/2.4 နဲ့
2MP (Macro Lens) တို့ပဲ ဖြစ်ပါတယ်။

realme C3

Selfie အတွက်ကိုတော့ 5MP with f/2.4 Sensor အသုံးပြုထားပြီး ၂ သိန်းတန်းမှာ 6.5″ IPS LCD Display နဲ့ ထွက်ရှိလာမှာပါ။ DewDrop Notch နဲ့တဖန် ပွဲထွက်ဦးမယ့် realme စမတ်ဖုန်းသစ်မှာ 720 x 1600 (HD+ Resolution) သုံးထားပြီး 3GB RAM/ 32GB Storage ၊ 4GB RAM/ 64GB Storage ဆိုပြီး ရွေးချယ်နိုင်မယ်။

Image result for realme c3

The first Device with realme UI

ဒီတခါမှာတော့ Colos ကနေခွဲထွက်လာပြီး ကိုယ်ပိုင် UI ဒီဇိုင်းနဲ့ မြင်ရတော့မှာဖြစ်ပါတယ်။ Android 10 ကို အသုံးပြုထားပြီး ပါဝင်လာမယ့် UI ကရော ဘယ်လိုရှိနေမလဲ စိတ်ဝင်စားမယ် ထင်ပါတယ်။

Bigger Battery

ဂိမ်းကစားဖို့ ရည်ရွယ်ထားတာနဲ့အညီ 5,000 mAh Battery ပါဝင်လာမှာဖြစ်ပြီး Reverse Charging စနစ်နဲ့ တခြား Device တွေကို အားသွင်းနိုင်မယ်။

Image result for realme c3

Blazing Red နဲ့ Frozen Red ၂ ရောင် ရွေးချယ်နိုင်မယ့် စမတ်ဖုန်းသစ်က တန်ဖိုးသင့် Gaming ဖုန်းအနေနဲ့ ဝယ်လိုအားမြင့်တက်လာနိုင်ပြီး စာဖတ်သူတွေလည်း စိတ်ဝင်စားနေရင် ၅ ရက်လောက် စောင့်ဆိုင်းလိုက်ပါဦး။ စမတ်ဖုန်းသစ်ကို တခမ်းတနား မိတ်ဆက်ပွဲနဲ့ ကြေညာသွားမှာဖြစ်ပြီး Live Streaming အစီစဥ်လဲပါဝင်တဲ့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို မမေ့ပါနဲ့ဦး။

Image: realme Myanmar ၊ realme Press Release ကို ဖော်ပြခြင်းဖြစ်ပါတယ်။