fbpx

This is digital planet.

QualcommTech News

Realme X2 Pro မှာ ကမ္ဘာ့အမြန်ဆုံး 64W Charging Technology ပါ၀င်လာနိုင်

Realme Europe အနေနဲ့ မကြာခင်ထွက်ရှိလာမယ့် Realme X2 Pro flagship phone နဲ့ပတ်သတ်ပြီး Features တစ်ချို့ကို Tease လုပ်နေပါတယ်။ ဖုန်းဟာ ဒီလထဲမှာ တရား၀င်ထွက်လာဖို့ရှိနေပြီး Premium flagship device ဖြစ်လာမယ်လို့ Company က အတည်ပြုထားပါတယ်။ အဲ့အတွက် ဖုန်းဟာ‌ သက်သာတဲ့ဈေးနဲ့ ၀ယ်ယူလို့ရမှာ မဟုတ်ပါဘူး။ Snapdragon 855+ chipset နဲ့ 90Hz fresh rate display တို့နဲ့အတူ ဖုန်းမှာ ကမ္ဘာ့အမြန်ဆုံး 65W charging technology ပါ၀င်လာမှာပါ။

Image result for real me x2 pro

OPPO Reno Ace flagship ဖုန်းကို တရုတ်မှာ စတင်မိတ်ဆက်ဖို့ရှိနေပြီး အရင်လတုန်းက တရား၀င်မိတ်ဆက်ထားတဲ့ 65W SuperVOOC 2.0 charging technology ကို ပထမဆုံးသုံးလာတဲ့ ဖုန်းဖြစ်လာမှာပါ။ 65W charging နဲ့အတူ 4,000mAh battery ကို 30 minutes အတွင်း 100 % အားအပြည့်သွင်းပေးနိုင်ပါတယ်။ အဲ့ Fast Charging Technology ဟာ Realme X2 Pro မှာ ပါရှိလာမှာပါ။

ဖုန်းမှာ လက်ရှိ Smartphones တွေအတွက် Powerful အဖြစ်ဆုံး Snapdragon 855+ Chipset ကို အသုံးပြုလာမှာပါ။ 90Hz refresh rate display ဟာ apps ၊ images or webpages တွေကိုပြောင်းရွေ့နေတုန်း fluid viewing experience (ချောမွေ့တဲ့ viewing experience) ကိုပေးလာမှာပါ။ အဲ့အပြင် Gaming Experience မှာလည်း ချောမွေ့လာမှာပါ။ ဖုန်းမှာ 20:9 aspect ratio ပါလာဖို့ မျှော်လင့်ထားပြီး notch မပါတဲ့ Display ဒါမှမဟုတ် waterdrop notch Display ပါ၀င်လာနိုင်ပါတယ်။ In-display fingerprint reader လည်း ပါ၀င်လာဖို့ရှိနေပါတယ်။

Image result for real me x2 pro

Realme X2 Pro မှာ Realme X2 မှာသုံးထားတဲ့ quad cameras ထက်ပိုကောင်းတဲ့ 64-megpaixel quad cameras system ကိုအသုံးပြုလာမှာပါ။ Realme X2 Pro ရဲ့ Main 64-megapixel sensor ဟာ micro shots တွေကိုရိုက်နိုင်မယ့် 115-degree ultrawide lens ၊ telephoto lens နဲ့ depth sensor တို့နဲ့ တွဲလာမှာပါ။ X2 Pro မှာ 20x hybrid zoom ကို support လာမှာပါ။ Connectivity ပိုင်းမှာတော့ 4G support နဲ့ NFC ပါ၀င်လာမှာပါ။

Realme X2 Pro ဟာ သူ့ဈေးတန်းထဲမှာ SD855+ နဲ့ 90Hz display ပါ၀င်လာမယ့် ပထမဆုံးဖုန်းဖြစ်တယ်လို့ Company ကဆိုထားပါတယ်။ ဖုန်းမှာ 64-megapixel quad cameras နဲ့ 65W fast charging စတဲ့ Features တွေ ပါ၀င်ထားတဲ့အတွက် ဈေးကတော့ကြီးလာမှာပါ။ ဖုန်းဟာ Xiaomi Redmi K20 Pro ထက်ပိုကောင်းဖို့ရှိနေပြီး OnePlus 7T နဲ့ ပြိုင်းဘက်ပီသတဲ့ ဖုန်းဖြစ်လာနိုင်ပါတယ်။ Realme China ရဲ့ Product Director ဖြစ်တဲ့ Wang Wei Derek ကတော့ Realme X2 Pro ဟာ 4,000 Yuan (~$559) မြန်မာငွေ ၈ သိန်းခွဲကျော် ရှိမယ်လို့ အရိတ်အမြွတ်ပေးထားပါတယ်။

Ref: Gizmochina