This is digital planet.

realmeTech News

Realme X50 5G မှာ Snapdragon 765G processor ပါဝင်လာမယ်လို့ Realme အတည်ပြု

November လတုန်းက Realme အနေနဲ့ Realme X50 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ပထမ Teaser မှာ ဖုန်ဟာ front-facing cameras နှစ်လုံးထည့်ထားတဲ့ pill-shaped cutout ပါတဲ့ display ပါလာမယ်လို့ အတည်ပြုထားပါတယ်။

ဒီနေ့မှာတော့ Realme X50 5G ဟာ Snapdragon 765G mobile platform ကိုအသုံးပြုလာမယ်လို့ အတည်ပြုခဲ့ပါတယ်SD765G နဲ့အတူ Realme X50 5G ဟာ dual-mode 5G အသင့်ရလာမယ့် ဖုန်းဖြစ်လာမှာပါ။

5G ပါတဲ့ mid-range processor ကိုအသုံးပြုလာမှာဖြစ်တဲ့အတွက် တရုတ်မှာ ဆွဲဆောင်မှုရှိတဲ့ စျေးနဲ့ ရောက်လာဖို့ မျှော်မှန်းရပါတယ်။

OPPO Reno 3 Pro 5G နဲ့ Redmi K30 Pro 5G တို့ဟာလည်း တူညီတဲ့ SoC ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ Realme X50 5G ဟာ Redmi K30 Pro 5G ရဲ့ Display ကို ယှဉ်ပြိုင်လာဖို့ ရှိနေပါတယ်။

မကြာသေးခင်က သတင်းတွေအရ Realme X50 5G မှာ 90Hz refresh rate ပါတဲ့ 6.44-inch AMOLED display ကိုအသုံးပြုလာမှာပါ။ Cameras ပိုင်းမှာတော့ Sony IMX686 60-megapixel + 8-megapixel + 2-megapixel + 2-megapixel quad rear cameras နဲ့ 32-megapixel + 8-megapixel dual front cameras တို့ပါဝင်လာနိုင်ပါတယ်။ Battery မှာတော့ VOOC 4.0 Flash Charge technology ကိုထောက်ပံ့ပေးထားပါတယ်။ ဖုန်းဟာ 12 GB RAM ၊ 256 GB internal storage အထိရလာနိုင်ပါတယ်။


အဲ့အပြင် ကုမ္ပဏီဟာ Realme X50 နဲ့အတူ Realme X50 Youth Edition ကိုပါ ထုတ်လာဖို့ ရှိနေပါတယ်။ Realme X50 Youth Edition ကတော့ 6.55-inch IPS LCD 60Hz refresh rate display နဲ့ရောက်လာဖို့ရှိနေပါတယ်။ သူ့မှာတော့ MediaTek MT6885 5G SoC ကိုအသုံးပြုလာမှာပါ။ ဖုန်းရဲ့နောက်ဘက်မှာ 16-megapixel + 8-megapixel + 2-megapixel + 2-megapixel quad cameras နဲ့ 32-megapixel front camera တစ်လုံးပါဝင်မှာပါ။ VOOC 4.0 Flash Charge ထောက်ပံ့ပေးတဲ့ 5,000mAh battery ပါဝင်လာမှာဖြစ်ပြီး 6 GB RAM နဲ့ 128 GB internal storage အထိရလာမှာပါ။

Realme Smartphone brand ကို China မှာ မကြာခင်သေးခင်က မိတ်ဆက်ခဲ့ပြီး Home market မှာ လူကြိုက်တော်တော်များခဲ့ပါတယ်။ May လတုန်းက Realme အနေနဲ့ pop-up selfie camera နဲ့ notch-less display ပါတဲ့ Realme X ကိုထုတ်ခဲ့ပါတယ်။ အဲ့အပြင် rebranded version Realme 3 Pro နဲ့အတူ Realme X Lite ကိုပါမိတ်ဆက်ခဲ့ပါတယ်။ September တုန်းက Snapdragon 730G SOC သုံးထားတဲ့ Realme X2 နဲ့အတူ Realme 5 Pro rebadged version ကိုတရုတ်မှာ မိတ်ဆက်ခဲ့ပါတယ်။ October မှာ ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Flagship phone ဖြစ်တဲ့ Realme X2 Pro ကို မိတ်ဆက်ခဲ့ပါတယ်။ အခုမှာတော့ Snapdragon 765G သုံးထားတဲ့ Realme X50 5G ကို ဒီလကုန်လောက်မှာ ထုတ်ဖို့ စီစဉ်နေပါတယ်။

Ref: Gizmochina