fbpx

This is digital planet.

realmeTech News

realme XT စမတ်ဖုန်းသစ်နှင့် realme Buds Wireless ကြိုးမဲ့နားကြပ်တို့ကို တရားဝင်မိတ်ဆက်ကြေညာ

realmeXT က ၄၅၉,၉ဝဝ ကျပ်နှင့် realme Buds Wireless က ၄ဝ,ဝဝဝ ကျပ်အသီးသီးကျသင့်မည်

realme Myanmar က realme XT စမတ်ဖုန်းသစ်နှင့် realme Buds Wireless ကြိုးမဲ့နားကြပ်တို့ကို နိုဝင်ဘာလ (၂၇)ရက်၊ ရန်ကုန်မြို့ Lotte Hotel တွင် တရားဝင်မိတ်ဆက်ကြေညာပေးလိုက်ပြီဖြစ်သည်။ realme XT မှာ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက်တရားဝင်မိတ်ဆက်ပေးလိုက်သည့် realme Myanmar ၏ ပထမဆုံး 64MP Quad Camera Xpert စမတ်ဖုန်းဖြစ်ပြီး ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများကိုပိုမိုတိုးမြင့်ရရှိစေမည့် Hardware နှင့် Software များပေါင်းစပ်ပေးထားခြင်းဖြစ်သည်။

realme XT အတွက် 8GB RAM+128GB ROM version တစ်မျိုးတည်းကို ဈေးနှုန်း ၄၅၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး Pearl White နှင့် Pearl Blue အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ 6.4-inch မျက်နှာပြင်တွင် သာလွန်ကောင်းမွန်သည့် Super AMOLED Dewdrop Full Screen ကို အသုံးပြုပေးထားပြီး ဖုန်းမျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစားမှာ 91.9% အထိရှိသည့်အတွက် ပိုမိုကြီးမားကျယ်ပြန့်သည့် မြင်ကွင်းအတွေ့အကြုံကို အပြည့်အဝရရှိစေမည်ဖြစ်သည်။

realme XT ၏ unlocking စနစ်အတွက် လက်ရှိဈေးကွက်တွင်အမြန်ဆုံး in-display fingerprint နည်းပညာတစ်ခုဖြစ်သည့် Goodix G3.0 ကိုအသုံးပြုပေးထားသည့်တွက် တစ်စက္ကန့်၏ ၃ပုံတစ်ပုံဝန်းကျင်တွင် ဖုန်းကို unlock လုပ်ဖွင့်ပေးနိုင်စေမည်ဖြစ်သလို လုံခြုံရေးအတွက်လည်း ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ realme XT တွင် 64MP ပင်မကင်မရာနှင့်အတူ ၁၁၉ဒီဂရီအထိမြင်ကွင်းကျယ်ရိုက်ယူနိုင်စေမည့် 8MP Ultra Wide-angle Lens၊ အနုစိပ်ပုံများကို ၄စင်တီမီတာအကွာကရိုက်ယူနိုင်စေမည့် 2MP Macro Lens၊ Retro Style Portrait များကိုဖန်တီးနိုင်စေမည့် 2MP Depth-sensor Lens တို့ကိုပါတပ်ဆင်ပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာအတွက် Sony IMX 471 sensor ကိုတပ်ဆင်ပေးထားသည့် 16MP အရည်အသွေးဓာတ်ပုံကောင်းများကို စိတ်တိုင်းကျရိုက်ယူနိုင်စေမည်ဖြစ်သည်။ realme XT တွင် 4000mAh battery နှင့်အတူ အားသွင်းမြန်ဆန်သည့် 20W VOOC Flash Charge 3.0 စနစ်ကိုထောက်ပံ့ထားသည့်အတွက် နာရီဝက်အားသွင်းရုံဖြင့် battery 50% အထိအားဝင်စေသလို ဂိမ်းကစားနေစဉ်အတွင်းအားသွင်းပါ ကလည်း တစ်နာရီအတွင်း 43% အထိအားဝင်စေဦးမည်ဖြစ်သည်။ စွမ်ဆောင်ရည်ပိုင်းတွက် Snapdragon 712 AIE (Third Generation) processor ကိုအသုံးပြုပေးထားပြီး octa-core 2.3GHz နှုန်းအထိအလုပ်လုပ် ပေးနိုင်မည်ဖြစ်သည်။

realme XT နှင့်အတူ မြန်မာပြည်ဈေးကွက်အတွက် ပထမဆုံး accessory တစ်ခုဖြစ်သည့် realme Buds Wireless ကြိုးမဲ့နားကြပ်ကိုပါမိတ်ဆက်ပေးခဲ့ပြီး လွယ်ကူရိုးရှင်းစွာဖြင့်အသုံးပြုနိုင်မည့် design နှင့်အတူ အသံအရည်အသွေးပြည့်ဝမှုကိုပါ ခံစားရစေမည်ဖြစ်သည်။ Magnetic Control စနစ်ဖြစ်သည့်အတွက် device တစ်ခုခုနှင့်ချိတ်ဆက်ထားချိန်တွင် Buds ၏ခေါင်း၂ခုကို အလိုက်သင့်ပူးကပ်လိုက်ပါက Bluetooth ချိတ်ဆက်မှုကို အလိုအလျောက် Disconnect လုပ်ဆောင်ပေးမည်ဖြစ်သည့်အတွက် Battery အားအသုံးပြုမှုကို သက်သာစေသည့်အပြင် ပြန်လည် ခွာလိုက်ပါက မူလချိတ်ဆက်ထားသည့် device နှင့် အလိုအလျောက်ပြန်လည်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။

Image result for realme buds wireless

DJ Music ပညာရှင် Alan Walker နှင့် လက်တွဲပူးပေါင်းထားသည့် realme Buds Wirless ၏ battery life မှာ ၁ဝမိနစ် အားသွင်းရုံဖြင့် မိနစ် ၁ဝဝ အထိနားထောင်နိုင်စေပြီး ၇၂မိနစ်ကြာ အားအပြည့်သွင်းထားပါက ၁၂နာရီအထိဆက်တိုက်နားထောင်နိုင်စေမည်ဖြစ်သည်။ အားကစားသမားများအသုံးပြုပါကလည်း ချွေးစိုမှုဒဏ်ကိုခံနိုင်စေမည့် IPX4 (Splash Resistance) စနစ်ပါဝင်ပြီး အဆင့်မြင့် Bluetooth 5.0 စနစ်ကိုထည့်သွင်းပေးထားခြင်းဖြစ်ကာ ရိုးရှင်းလွယ်ကူသည့် ခလုပ် ၃ခုနှင့် ထိန်းချုပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အရောင်အနေဖြင့် Yellow, Green, Orange ၃မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်း ၄ဝ,ဝဝဝ ကျပ်ဖြင့် လာမည့် ဒီဇင်ဘာလ အစောပိုင်းတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ realme Buds Wireless အတွက် တစ်နှစ်အာမခံပေးထားပြီး User Fault မဟုတ်သည့် Factory Fault အတွက် တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဟုလည်း သိရှိရသည်။

Press release by realme.