fbpx

This is digital planet.

RedmiTech News

Redmi က 10000mAh Power bank နဲ့ 20000mAh Power bank ကိုစတင်မိတ်ဆက်

Redmi အနေနဲ့ သူတို့ရဲ့ ပထမဆုံး Power bank ကိုမိတ်ဆက်လိုက်ပါပြီ။ 10000mAh ရှိတဲ့ Powerbank နဲ့ 20000mAh ရှိတဲ့ Power bank ဆိုပြီးနှစ်မျိုးထွက်ရှိလာပါမယ်။ Power bank နှစ်ခုစလုံးမှာ အရောင်အနေဲ့ အဖြူရောင်ပဲရပါမယ်။ Output ports (USB-A) နှစ်ခု၊ Input ports (MicroUSB and USB Type-C) နှစ်ခုနဲ့ lithium-ion polymer batteries ကိုအသုံးပြုပေးထားပါတယ်။

Redmi Power Bank 10000mAh က Redmi Note 7 ကို 1.75 ကြိမ်၊ Mi 9 ကို 2.4 ကြိမ်၊ Redmi K20 1.75 ကြိမ် နဲ့ iPhone XS 2.3 ကြိမ်ထိအားသွင်းပေးနိုင်ပါတယ်။ Input အတွက် အများဆုံး Power Rating က 5V 2.1A ဖြစ်ပြီး Output မှာတော့ Rating 5.1V 2.4A ရှိပါတယ်။ Input နဲ့ Output နှစ်ခုလုံးမှာ 18 W Fast Charging Support လာခြင်းမရှိပါဘူး။ Over-charge protection ၊ short-circuit protection ၊ over-temperature or over-heat protection ၊ over-current protection or over-voltage protection စတဲ့ Protection Features တွေလဲပါဝင်လာပါတယ်။ Low Devices တွေဖြစ်တဲ့ Mi Band ၊ Portal fan နဲ့ LED lamp လိုမျိုးအရာတွေကို အားသွင်းပေးနိုင်ပါတယ်။ ဈေးအနေနဲ့ 9$ (15000 mmk) ဝန်းကျင်ရှိနိုင်ပါတယ်။

Redmi Power Bank 20000mAh က Capacity ပိုးများတဲ့အတွက် 10000mAh ထက်နှစ်ဆထူပါတယ်။ Input Charging မှာ 5V 2A ၊ 9V 2.1A နဲ့ 12V 1.5A ထိ Support ပေးနိုင်ပြီး Output Charging မှာတော့ 5.1V 2.4A ၊ 9V 2A နဲ့ 12V 1.5A ထိ Support တဲ့အတွက် 18W Fast Charging Support တယ်လို့ပြောရမှာပါ။ Redmi Note 7 ကို 3.5 ကြိမ် ၊ Mi 9 ကို 5.3 ကြိမ် ၊ Redmi K20 ကို 3.5 ကြိမ် နဲ့ iPhone XS 4.8 ကြိမ်ထိအားဖြည့်ပေးနိုင်မှာပါ။ Lithium-polymer battery ကိုအသုံးပြုပေးထားပြီး အပေါ်က 10000mAh လို Protection Features တွေလဲပါဝင်လာမှာပါ။ ဈေးအနေနဲ့ 15$ (23000 mmk) ဝန်းကျင်ရှိနိုင်ပါတယ်။ July 23 ရက်နေ့ကနေစပြီး Mi.com မှာဝယ်လို့ရနိုင်ပါတယ်။ တရုတ်အပြင်ကနိုင်ငံတွေရဲ့ ဈေးကွက်မှာ မကြာခင် ရောက်ရှိလာဖို့ကို မျှော်လင့်လို့ရပါတယ် ။

Ref: GIZMOCHINA