fbpx

This is digital planet.

RedmiTech News

Redmi က 64MP Sensor ကို အသုံးပြုမည့် Brand ဖြစ်လာနိုင်ပါတယ်

မနေ့က Redmi ရဲ့ CEO Lu Weibing ရဲ့ Weibo မှာတင်ထားချက်အရ တနင်္လာနေ့မှာ Future Products တွေကို မိတ်ဆက်ပေးတော့မယ်လို့ ပြောထားပါတယ်။ Redmi အနေနဲ့လည်း 64MP camera smartphone ကို Tease လုပ်ထားပါတယ်။ Redmi အနေနဲ့ ကမ္ဘာ့ပထမဆုံး 64MP Camera သုံး Smartphone ဆိုတဲ့ နာမည်ကိုရဖို့ Realme နဲ့ Samsung စတဲ့ Brands တွေထက် စောထုတ်နိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် 64MP နဲ့ရိုက်ထားတဲ့ Camera Sample ကိုလည်း Weibo မှာတင်ခဲ့ပါတယ်။ Original Photo တော့မဟုတ်ပေမယ့် Teaser ထဲမှာ ကြောင်ပုံကိုရိုက်ပြထားပြီး မျက်လုံးတစ်ဝိုက်က Detail ကို Zoom ချဲ့ပြီးပြပေးထားပါတယ်။ Xiaomi ကနေ Sub-brand အနေနဲ့ ခွဲထွက်ပြီး 64MP Smartphone ကိုထုတ်တာက မြန်ဆန်တဲ့လှုပ်ရှားမှုလို့ပြောရမှာပါ။ Realme နဲ့ Samsung ကလည်း 64MP အသုံးပြုလာမယ့် ဖုန်းကို ဒီနှစ်ကုန်လောက်မှာ မိတ်ဆက်ဖို့ရှိနေပါတယ်။

Redmi မှာ 64 MP camera ကိုအသုံးပြုလာမယ်ဆိုတဲ့ သတင်းက June လတုန်းက ထွက်ရှိခဲ့ပါသေးတယ်။ ’64MP UltraPixel mode’ နဲ့ ’64MP dual cameras’ စတဲ့အသုံးအနှုန်းနဲ့ MIUI Camera app ထဲမှာပါဝင်လာနိုင်ပါတယ်။ XDA ရဲ့ ဖော်ပြချက်တုန်းကလဲ အဆိုပါ 64MP နဲ့ ပက်သက်တဲ့ Code တွေမှာ MIUI ရဲ့ Camera app ထဲမှာတွေ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ Redmi အနေနဲ့  Samsung ကနေ မိတ်ဆက်ထားတာမကြာသေးတဲ့ 64MP ISOCELL Bright GW1 sensor ကိုအသုံးပြုဖို့များပါတယ်။ Hardware Quality နဲ့ ဈေးနှုန်းအနေအထားမှာ နာမည်ရလေ့ရှိတဲ့ Redmi K20 Pro နဲ့ Redmi Note 7 တို့ဟာဆိုရင်လည်း တရုတ်မှာသာမက တစ်ခြားနိုင်ငံတွေအထိပါ ဈေးကွက်ရယူနိုင်ခဲ့ပါတယ်။ အခုလည်း Redmi ရဲ့ အသစ်ထွက်မဲ့ 64MP သုံး Smartphone အတွက် Redmi အနေနဲ့ ဘယ်လိုတွေ ကြိုးစားထားလည်းဆိုတာကို မြင်တွေ့ရမှာ သိပ်မကြာတော့ပါဘူး။

Image may contain: sky, skyscraper, twilight and outdoor

Ref: GSMARENA