fbpx

This is digital planet.

NewsRedmi

Redmi မှာ Helio G90T Chipset ကို အသုံးပြုမယ့် ဖုန်းထွက်ရှိမယ်လို့ Redmi ရဲ့ စီမံခန့်ခွဲသူပြောကြား

မနေ့ကတုန်းက Mediatek သူတို့ရဲ့ Gaming Chipset အသစ် Helio G90 and Helio G90T ကိုစတင်မိတ်က်ေခဲ့ပါတယ်။ အဲ့မိတ်ဆက်ပွဲမှာ Redmi ရဲ့ Brand Director ဖြစ်တဲ့ Lu Weibing တက်ရောက်ခဲ့ပါတယ်။ နောက်ပြီး သူ Weibo မှာ တင်ထားတဲ့ပုံအရ Redmi မှာ Helio G90T ကိုသုံးထားတဲ့ ဖုန်းဟာ မကြာခင်မှာထွက်ရှိလာနိုင်တယ်လို့ တင်ခဲ့ပါတယ်။

Lu Weibing, Redmi Brand Manager

Lu Weibing, Redmi Brand Manager

အဲ့ဒီ Device ရဲ့ အချက်အလက်တွေကိုသေချာမသိရသေးပေမယ့် Chipset ကနေ တစ်ချို့အချက်တွေကို သိနိုင်ပါတယ်။ CPU Performance မှာ two Cortex-A76 units နဲ့ six Cortex-A55 cores ကိုသုံးပေးထားပြီး Mali-G76 GPU ကိုသုံးထားပါတယ်။ SoC System တစ်ခုလုံးကို 12nm FinFET process နဲ့တည်ဆောက်ထားပါတယ်။ Overall Clocking speed အနေနဲ့ 2.05 GHz အထိရှိနိုင်ပြီး G9OT Chipset က Ram 10 GB ထိ Support ပေးပါတယ်။

Redmi executive confirms a phone with Helio G90T

MediaTek အနေနဲ့ Gaming Platform အတွက် Chip ထုတ်လိုက်တဲ့အတွက် Redmi အနေနဲ့ ပိုမိုသက်သာသော Gaming Phone တွေထုတ်လာနိုင်သလို nubia, Black Shark နဲ့ iQOO စတဲ့ Gaming Smartphones တွေလို Brand အခွဲလည်းထွက်လာနိုင်ပါတယ်။ ဒါပေမယ့် Chipset ရဲ့ Specifications တွေကြည့်ခြင်းအားဖြင့် ဈေးသက်သက်သာသာရှိဖို့ များနေတဲ့အတွက် ROG Phone II နဲ့ nubia Red Magic 3 လိုတော့ Redmi အနေနဲ့ စီစဉ်ဖို့မရှိလောက်ပါဘူး။

Ref: GSMArena

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ