fbpx

This is digital planet.

RedmiTech NewsXiaomi

Redmi ရဲ့ 64MP Camera အသုံးပြုလာမယ့် ဖုန်းဟာ Q4 မှာစတင်မိတ်ဆက်လာနိုင်ပြီး Mi Mix 4 မှာ 108MP Sensor ပါရှိလာနိုင်

Realme ဟာ Samsung နဲ့ပူးပေါင်းပြီး 64MP ISOCELL ှensor အသုံးပြုလာမယ့်ဖုန်းကို Q4 မှာ စတင်ရောင်းချမယ်လို့ တရာဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် Redmi ကသာ 64MP အသုံးပြုလာမယ့် ပထမဆုံးဖုန်းလို့ Xiaomi ကပြောကြားခဲ့ပါတယ်။ India မှာ စတင်ထွက်ရှိဖို့ရှိနေပြီး Redmi Note 8 အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။

Samsung ပြုလုပ်ထားတဲ့ 1/1.7 လက်မရှိတဲ့ Sensor အကြီးမှာ 1.6μm-sized pixels ပါဝင်ထားပါတယ်။ Color Reproduction နဲ့ အခုလက်ရှိ Sensors တွေထက် Dynamic Range ပိုကောင်းတဲ့ Hybrid 3D HDR မှာ ပိုမိုပြီးတိုးတက်လာမှာပါ။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့သတင်းကတော့ Xiaomi ဟာ 27MP pixel-binned images တွေကို လက်ခံပေးတဲ့ Samsung ရဲ့ 108MP ISOCELL Sensor ကို ပထမဆုံးအသုံးပြုလာမှာပဲဖြစ်ပါတယ်။

အဲ့ 108MP Sensor ကို Xiaomi Mi Mix 4 မှာ စတင်အသုံးပြုလာမယ်လို့ နာမည်ကြီး Leakster ဖြစ်တဲ့ @Iceuniverse ကပြောလိုက်ပါတယ်။ Xiaomi အနေနဲ့လည်း Mi Mix 4 မှာ 64 MP ထက်ကောင်းတဲ့ Sensor ကိုသုံးလာနိုင်ခြေရှိပါတယ်။

Ref: GSMArena