fbpx

This is digital planet.

RedmiTech News

Redmi 7 ထွက်ပါပြီ

မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်ပဲရှိတဲ့ Redmi 7 ကိုဒီနေ့ပဲမိတ်ဆက်ပေးလိုက်ပါပြီ။ Design ပိုင်းမှာဆိုရင် Redmi Note 7 နဲ့ဆင်တူပြီး အနည်းငယ် သေးတဲ့အထဲမှာပါပါတယ်။ Chin မှာတော့ RMN7 ထက် သေးငယ်လှပါတယ်။ အရင် Redmi 6 တို့ Redmi 6 Pro နဲ့ ယှဉ်ရင် Color လေးတွေ Design လေးတွေက ပိုလှလာပါတယ်။
6.26 inch အကျယ်ရှိတဲ့ LCD panel ကို HD+ Resolution နဲ့ တပ်ဆင်ပေးထားပါတယ်။ ပြီးတော့ Mi 5x မှာသုံးထားတဲ့ Snapdragon 625 ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 632 လည်းပါဝင်ပါတယ်။ RAM နဲ့ Storage ပိုင်းမှာဆိုရင် RAM 2GB/16GB, 3GB/32GB နဲ့ 4GB/64GB ဆိုပြီး အသီးသီး ထုတ်လုပ်ထားပါတယ်။
Camera ပိုင်းမှာဆိုရင် 12MP + 2MP ပါဝင်တယ်။ 2017 ထုတ် Mi 6 နဲ့ Sensor Size တူညီတဲ့ 1/2.9″ Sensor size ကို သုံးပေးထားတယ်။ Selfie က တော့ 8MP ပဲရှိပါသေးတယ်။ ဒီဖုန်းမှာ အကြမ်းဆုံးတစ်ခုက Battery ကို 4000 mAh ထိတိုးသုံးပေးထားတဲ့အပြင် Standard 10W charging လည်းပါဝင်ဦးမှာပါ။

ဈေးနှုန်းအနေနဲ့ကတော့

RAM 2GB ကို $105 (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်)
RAM 3GB ကို $120 (မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်)
RAM 4GB ကို $150 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်ကျင်) တို့ပဲဖြစ်ပါတယ်။

Ref: GSMArena