fbpx

This is digital planet.

RedmiTech News

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

Redmi 8 ဟာ Chinese certification agency TENAA ကိုကျော်ဖြတ်ပြီး Specifications တွေကိုဖော်ပြပြီးနောက် Live images တွေထွက်လာပါတယ်။ ပုံမှာ ဖုန်းရဲ့ Design ကိုတွေ့ရပြီး Qualcomm Snapdragon 439 chipset ကိုအသုံးပြုလာမှာပါ။ MIUI 9.7.11 နဲ့ Android 9 ကို Run ပေးလာမှာပါ။

ရှေ့ဘက်မှာ 6.21-inch HD+ LCD display ကိုသုံးထားပြီး 8MP Selfie Camera ပါဝင်တဲ့ waterdrop notch ကိုထည့်ပေးထားပါတယ်။ အောက်ဘက် Chin မှာ “Redmi” ဆိုပြီး Brand နာမည်ကိုထည့်ထားပါတယ်။ Back မှာတော့ ထောင့်မှတ်ပုံစံ 12 MP + 8 MP dual camera Set Up ကိုသုံးပေးထားပြီး Fingerprint scanner ကိုထည့်ပေးထားပါတယ်။ Case က polycarbonate နဲ့လုပ်ထားတယ်လို့ထင်ရပြီး အနီရောင် ရောင်ပြန်တဲ့ပုံစံ ပါဝင်ထားပါတယ်။

နောက်ထပ် Specs တွေအနေနဲ့ 4GB RAM and 64GB of expandable storage နဲ့ 5,000 mAh battery ကိုသုံးပေးထားပါတယ်။ Redmi 8 ကိုတော့ September မှာကျင်းပမယ့် Company ရဲ့ Event မှာ မိတ်ဆက်ဖို့ရှိနေပါတယ်။

သတင်းအပိုအနေနဲ့ Redmi မှာ ပထမဆုံး 64MP sensor ကိုအသုံးပြုလာမယ့် Redmi Note 8 ကို Redmi ရဲ့ Vice President ဖြစ်တဲ့ Lu က စမ်းသပ်အသုံးပြုနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲ့ဖုန်းမှာ ပိုကြာပြီး ပိုခံမယ့် Battery နဲ့ လက်ရှိ Predecessors တွေထက် screen to body ratio ပိုများမယ်လို့ Lu Weibing က သူ့ရဲ့ Weibo Page မှာတင်ခဲ့ပါတယ်။

Ref: GSMARENA