fbpx

This is digital planet.

RedmiTech News

Redmi 8 ရဲ့ Full Specifications TENNA မှာထွက်ပေါ်လာ

Redmi 8 ဖြစ်လာနိုင်တဲ့ Model number M1908C3IC ကိုသုံးထားတဲ့ အမည်မသိ Redmi Smartphone ရဲ့ ပုံနဲ့ Specifications တွေ TENNA မှာထွက်ပေါ်လာပါတယ်။

6.21″ display နဲ့ Resolution 1520×720 pixels ကိုသုံးပေးထားပါတယ်။ ပုံမှာ Screen ကိုပိတ်ထားတဲ့အတွက် အပေါ်နဲ့ဘေးဘက် Bezels တွေကို သေချာတော့မတွေ့ရပါဘူး။ ဒါပေမယ့် အောက်ဘက် Chin မှာ ”Redmi” logo ကိုထည့်ထားတဲ့အတွက် ထူတဲ့ Chin ကိုတွေ့နိုင်ပါတယ်။ 8MP Selfie ကို အပေါ်မှာထည့်လာမှာဖြစ်တဲ့အတွက် Display မှာ Notch ပါလာမှာပါ။

Back မှာတော့ မျဉ်းမတ်ပုံစံ Dual camera set up ကိုတွေရပြီး 12MP ကို Main sensor အနေနဲ့အသုံးပြုလာမှာပါ။ Camera ရဲ့အောက်မှာ Fingerprint Scanner ကိုတွေ့နိုင်ပြီး အဲ့အောက်မှာ “Designed by Xiaomi” ကိုရေးပေးထားပါတယ်။

အဲ့ Redmi smartphone မှာ 2.0GHz octa-core processor ကိုသုံးလားနိုင်ပြီး 2GB/16GB ၊ 3GB/32GB, နဲ့ 4GB/64GB ဆိုပြီး Ram နဲ့ Memory လေးမျိုးလာနိုင်ပါတယ်။512GB ထိစိုက်လို့ရမယ့်် microSD card slot ကောပါဝင်လာမှာပါ။

နောက်ထပ် Specifications တွေကတော့ Android Pie နဲ့ 5,000 mAh battery မှာ fast charging support ပေးလာမှာပါ။Charging Speed ကတော့မသိရသေးပါဘူး။

Ref: GSMARENA