fbpx

This is digital planet.

Redmi

Redmi Brand အောက်မှာ Flagship K20 Pro နဲ့ Mid-range K20 တို့ကိုမိတ်ဆက်ပေးလိုက်တဲ့ Xiaomi

Redmi အနေနဲ့နောက်ဆုံးမှာတော့ ပထမဆုံး Redmi K-series ကို မိတ်ဆက်ပေးလိုက်ပါပြီး K20 ဆိုတဲ့နာမည်ကြီးကတော့ နည်းနည်း အူကြောင်ကြောင်နိုင်တယ်ဗျာ။ ဘာပဲဖြစ်ဖြစ်ပါ၊ မိတ်ဆက်ပေးလိုက်ပါပြီး အောက်မှာတော့ Redmi K20 Pro နဲ့ K20 ရဲ့ Spec အပြည့်အစုံ နဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီပွဲမှာတော့ K20 နဲ့ K20 Pro အပြင် အခြား Redmi 7A နဲ့ Redmibook 14 တို့ကိုပါတပါတည်း မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

Redmi K20 Pro Specifications and Features

Redmi K20 နဲ့ K20 Pro မှာတော့ ချွတ်စွပ်တူတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ K20 Pro မှာတော့ ကျောဘက်မှာ 3D curved glass နဲ့ ရှေ့ဘက်မှာတော့ Pop-up display ကို သုံးထားပြီး ပါးလွှာတဲ့ Bezels တွေကို Screen ပတ်ပတ်လည်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။

K20 Pro မှာတော့ 6.39-inch AMOLED Display ပါဝင်င်္ပြး Aspect ratio အနေနဲ့ 19.5:9 ရှိကာ Full HD+ Resolution ဖြစ်တဲ့ 1080 x 2340 pixels နဲ့ ထောက်ပံ့ပေးထားပါတယ်။ In-display Fingerprint ကို နောက်ဆုံးထွက် 7th Generation ကိုသုံးထားပြီး Full DC Dimming နဲ့ Eye Protection mode တို့ကိုလည်းထည့်သွင်းပေးထားပါတယ်။

Flagship Chipset ဖြစ်တဲ့ Snapdragon 855 ကို RAM 8GB နဲ့သုံးပေးထားပြီး 4000mAh ဘက်ထရီ ကိုမှ 27W rapid Charging နဲ့ထောက်ပံ့ပေးထားပါတယ်။ Storage 256GB Inbuilt Storage ပါဝင်ပြီး MicroSD card တော့ မပါဝင်ပါဘူး။ MIUI 10 ကို Android 9 Pie OS ပေါ်အခြေခံပြီး မောင်းနှင်ပေးထားကာ ကောင်းမွန်တဲ့ Gaming Experience တွေရရှိဖို့အတွက် Game Turbo 2.0 ကိုလည်းထည့်သွင်းပေးထားမှာဖြစ်ကာ ဒီ စမတ်ဖုန်းအတွက် Custom Gamepad ကိုတော့ Redmi မှ ယွမ် ၁၇၉ ( မြန်မာငွေ ၄ သောင်း ) ဝန်းကျင်လောက် နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ရှေ့ဘက် Pop-up ကင်မရာထဲမှာတော့ f/2.0 20MP Selfie camera ကိုထည့်သွင်းပေးထားမှာဖြစ်ပြီး ကျောဘက်မှာတော့ F/1.8 Sony IMX586 48MP + 124.8-degree 13MP Superwide lens နဲ့ 2x Optical Zoom ပါဝင်တဲ့ 8MP telephoto lens ဆိုပြီး ကင်မရာ ၃ လုံးနဲ့ LED flash ကိုလည်း အတူတပ်ဆင်ထားမှာဖြစ်ပါတယ်။ Camera Features တွေအနေနဲ့ AI Science Recognition ၊ Night Scene mode ၊ Handheld Super Night Scene Mode နဲ့ 960 fps slow-motion video recording စတာတွေကိုလည်း ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားတဲ့သည်အပြင် Hi-Res audio ၊ dual-SIM Support ၊ 4G VoLTE ၊ WiFi 802.11 ac ၊ Bluetooth 5.0 ၊ NFC ၊ Dual-frequency GPS ၊ USB-C နဲ့ 3.5 mm Headphone Slot တို့လည်းပါဝင်လာခဲ့ပါတယ်။

Redmi K20 Specifications and Features

Redmi K20 မှာတော့ K20 Pro မှာပါဝင်တဲ့ In-display fingerprint sensor ၊ Notch-less AMOLED display ၊ 20MP Selfie ကင်မရာ ၊ 48MP triple camera setup နဲ့ 4000mAh တို့ပါဝင်ပြီး၊ ပြောင်းလဲသွားတဲ့ အချက်ကတော့ Redmi K20 Pro မှာပါဝင်တဲ့ Sony IMX586 အစား Redmi K20 မှာ Sony IMX582 48MP ကိုပြောင်းသုံးပေးထားတာဖြစ်ပါတယ်။

ဒါအပြင် Snapdragon 855 အစား 8nm Snapdragon 730 SoC အသစ်ကိုသုံးပေးထားပြီး 6GB RAM လည်းပါဝင်ပါတယ်။ 128GB Internal Storage ကတော့ အမြင့်ဆုံးပါပဲ။ Redmi K20 ရဲ့ ဘက်ထရီကို 18W rapid Charging နဲ့ထောက်ပံ့ပေးထားပါတယ်။

Redmi K20 and Redmi K20 Pro Variants and Pricing

Redmi K20 Pro

6 GB RAM + 64 GB storage – 2,499 Yuan ( $362 / မြန်မာငွေ ၅ သိန်း ၅ သောင်း )

6 GB RAM + 128 GB storage – 2,599 Yuan ( $376 / မြန်မာငွေ ၅ သိန်း ၇ သောင်း )

8 GB RAM + 128 GB storage – 2,799 Yuan ( $405 / မြန်မာငွေ ၆ သိန်း ၁ သောင်း )

8 GB RAM + 256 GB storage – 2,999 Yuan ( $435 / မြန်မာငွေ ၆ သိန်း ၆ သောင်း )

Redmi K20

6 GB RAM + 64 GB storage – 1,999 Yuan ( $289 / ၄ သိန်း ၄ သောင်း )

6 GB RAM + 128 GB storage – 2,099 Yuan ( $304 / ၄ သိန်း ၆ သောင်း )

တို့အသီးသီးကျသင့်မှာဖြစ်ပါတယ်။

Redmi K20 နဲ့ K20 Pro တို့မှာတော့ Red နဲ့ Glacier Blue အပြင် Carbon Fiber ( Black ) ဆိုပြီး Gradient Color variants ၃ မျိုးနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။

တရုတ်မှာတော့ မနက်ဖြန် ညနေ ၆ နာရီမှာ pre-sales ရောင်းချမှာဖြစ်ပြီး၊ Redmi K20 ကိုတော့ June 1 ရက်နေ့မှာ ဈေးကွက်ထဲ တင်ပို့မှာဖြစ်ကာ K20 Pro ကိုတော့ June 10 ရက်နေ့မှာ တင်ပို့မှာဖြစ်ပါတယ်။ တရုတ်ပြင်ပဈေးကွက်တွေအတွက် ဘယ်အချိန်ရရှိမလဲဆိုတာ မသိရသေးပေးမဲ့ ၊ ကောလာဟလတွေအရ ဒီ စမတ်ဖုန်း ၂ လုံးကို Xiaomi အနေနဲ့ Mi 9T နဲ့ Mi 9T Pro ဆိုပြီး မိတ်ဆက်ပေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ အခုဆိုရင်တော့ Xiaomi အနေနဲ့ Flagship series တွေအဖြစ် Mi series ၊ Mi MIX series ၊ POCOPHONE နဲ့ K-series ဆိုပြီး ၄ ခုတောင် ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Ref:Gizmochina

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsRedmi

Redmi 8 ရဲ့ Full Specifications TENNA မှာထွက်ပေါ်လာ

NewsRedmiXiaomi

MIUI 11 ရဖို့ သိပ်မလိုတော့ဘူးလို့ Xiaomi ရဲ့ Product Director အရိပ်အမြွက်ပေး

ArticlesRealmeRedmiSamsungXiaomi

Smartphone Camera တွေမှာ Megapixel တွေဘာလို့များများသုံးလာသလဲ?