fbpx

This is digital planet.

NewsRedmi

Redmi K20 Pro နဲ့ Redmi K20 တို့ကို Mi 9T Pro နဲ့ Mi 9T အဖြစ် ရုရှားဈေးကွက်မှာ မိတ်ဆက်ပေးမည်

မနေ့က မိတ်ဆက်ပေးသွားခဲ့တဲ့ Redmi K20 နဲ့ Redmi K20 Pro တို့ကို လက်ရှိအချိန်မှာ တရုတ်ဈေးကွက်မှာပဲ အလွန်သက်သာတဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချမှာဖြစ်ပြီး ပြင်ပဈေးကွက်တွေမှာတော့ Mi 9T နဲ့ Mi 9T Pro ဆိုပြီး နာမည်နဲ့ မိတ်ဆက်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒီသတင်းဟာ အစကတော့ ကောလဟာလအဆင့်မှာပဲ ရှိနေပေးမဲ့ အခုအချိန်မှာတော့ တကယ်ဖြစ်လာပါပြီး Xiaomi အနေနဲ့ Flagship Redmi K20 Pro နဲ့ Mid-range Redmi K20 တို့ကို ပထမဆုံး Xiaomi 9T နဲ့ Xiaomi 9T Pro တို့နာမည် နဲ့ မိတ်ဆက်ပေးမဲ့ ဈေးကွက်ကတော့ အနီးစပ်ဈေးကွက်ဖြစ်တဲ့ ရုရှားဈေးကွက် ကို ဦးစွာတင်ပို့ပေးမှာဖြစ်ပြီး နောက်ရက်အတွင်းမှာပဲ ပိုလန် ကိုရောက်ရှိလာမှာဖြစ်ပါတယ်။

ခန့်မှန်းရသလောက်က Xiaomi အနေနဲ့ Redmi ဆိုတဲ့ Brand ကို Low-end နဲ့ Mid-range အောက်မှာပဲ ဥရောပဈေးကွက်မှာ ထား လိုနေပြီး ဒီနာမည်ပြောင်းထားတဲ့ Mi 9T နဲ့ Mi 9T Pro တို့ကို လာမဲ့ ဂျွန်လ လောက်မှာ မိတ်ဆက်ပေးဖို့ ရှိနေပါတယ်။

ဈေးနှုန်းပိုင်းအနေနဲ့ Mi 9T Pro ဟာ ရုရှားဈေးကွက်မှာ ဒေါ်လာ ၅၄၀ ( ယူရို ၄၈၃ ၊ မြန်မာငွေ ၈ သိန်း ၂ သောင်း ) ၀န်ကျင်းခန့် ကျသင့်မယ်လို့ သိရပြီး Mi 9T အနေနဲ့ ဒေါ်လာ ၃၈၆ ( ယူရို ၃၄၆ ၊ မြန်မာငွေ ၆ သိန်း နီးပါး ) လောက်ကျသင့်မယ်လို့သိရပါတယ်။ EU ဈေးကွက်မှာတော့ ဈေးနှုန်းအနေနဲ့ အဲ့လောက်ရှိမှာမဟုတ်ပါဘူး ၊ ရုရှားဈေးကွက်ကတော့ အနည်းငယ် ပိုဈေးကြီးလေ့ရှိပါတယ်။

Ref: GSMarena
Photo: INTERNET

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်