fbpx

This is digital planet.

RedmiTech NewsXiaomi

Redmi K20 Pro Avengers Limited Edition ပုံများထွက်ပေါ်

Xiaomi ရဲ့ Sub brand ဖြစ်တဲ့ Redmi ကတော့ Brand သပ်သပ် ခွဲထုတ်လိုက်ကတည်း အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ယူနေခဲ့တာပါ။ Redmi Note 7 ထုတ်ပြီး mid-range smartphone လောကကို ကိုင်လှုပ်ခဲ့သလို သူ့ရဲ့အဓိက Main selling point ကလည်း ဈေးနှုန်းပါ။ တလောက Redmi ကို ဈေးနှုန်းသက်သက်သာသာနဲ့ mid-range လောကထဲတင်မဟုတ်ပဲ flagship လောကထဲပါ ဝင်တိုးခဲ့ပါတယ်။ တခြားဖုန်းတွေက Mid-range ဖုန်း ကို Full view ဆိုရင် ၅ သိန်းဝန်းကျင် အထိရှိနေကြတဲ့အခါမှာ သူက Flagship specification အစုံပါတဲ့ဖုန်းကို ထုတ်ပြီးတခြား Brand Upper mid-range smartphone တွေဝယ်မဲ့အစား သူ့ရဲ့ Redmi Flagship K20 Pro ကို ဝယ်အောင် Price to performance ကိုအလေးပေးတဲ့သူတချို့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ခုအခါမှာတော့ အောင်မြင်မှုအပေါ် ထပ်ဆောင်းအနေနဲ့ Avengers Limited Edition ထုတ်ဦးမဲ့သဘောမှာရှိပါတယ်။ အရင် ကတည်းက ခုလိုသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဒီတစ်ခါကတော့ ဗူးပုံစံတွေ ဖုန်းပုံစံတွေပါ ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီတစ်ခါထွက်လာတဲ့ပုံတွေအရ Redmi K20 Pro Avengers Limited Edition ကတော့ Avengers ဖန်တွေရဲ့အကြိုက်ဖြစ်လာဦးမဲ့အနေအထားမှာလည်းရှိပါတယ်။ ပုံထဲမှာဆိုရင် သူ့ရဲ့ ပုံစံနဲ့ Colour ဟာ Classic ဆန်တဲ့ဘက်ကို သွားထားတာတွေ့ရမှာပါ ။

Redmi အနေနဲ့ထုတ်ရှိပြီးဖြစ်တဲ့ Glacier Blue နဲ့ Flame Red color တွေကို Avengers Limited Edition အဖြစ်ထွက်လာမှာမဟုတ်ပါဘူး။ ဒီအစား နောက်ဘက်က အနက်ရောင် နဲ့ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဗူးထဲမှာဆိုရင်လည်း Avengers-themed ကာဗာ အပြာရောင်လေးပါဝင်လာဦးမှာပါ ။ ပုံထဲမှာမြင်ရတာနဲ့တင်ကို Redmi ရဲ့ K20 Pro Avengers Limited Edition က တော်တော်လေးလိုချင်စရာကောင်းအောင်လှပါတယ် ။

အခုထွက်ပေါ်လာတဲ့ Avengers Limited Edition ကို တရုတ်နိုင်ငံမှာ အရင်စတင်ရရှိမှာ ဖြစ်ပြီး ဈေးနှုန်းအတိအကျကိုတော့ မသိရသေးပါဘူး။ RAM ဘယ်လောက်နဲ့လာမလဲဆိုတာရယ် ရရှိနိုင်မဲ့ရက်ကိုရယ် Xiaomi ကထုတ်ပြန်ကြေငြာခြင်းမရှိသေးတဲ့အတွက် သူတို့ထုတ်ပြန်တဲ့အချိန်ကို စောင့်ကြည့်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း Avengers ဖန်တွေများစွာရှိတဲ့အတွက် သူတို့အတွက် Xiaomi ရဲ့ MIUI ကို ကြိုက်နှစ်သက်တယ်ဆိုရင် သေချာပေါက်ရွေးချယ်စရာကောင်းတဲ့ဖုန်း တစ်လုံးဖြစ်လာဦးမှာဖြစ်ပါတယ်။

Ref: GSMARENA